HDR ဆိုတာဘာလဲ....?

ဒီနေ့ရေးမယ့် အကြောင်းကတော့ ...။ ဒီဘက်ခေတ်မှာ တော်တော်ခေတ်စားလာတဲ့ Photography Technique တစ်ခုပါပဲ...။

HDR (High Dynamic Range) လို့ ခေါ်ပါတယ်...။

အကောင်းဆုံး HDR image တစ်ခုကို ဖန်တီးပေးနိုင်တာကတော့..။ ဘယ်ကင်မရာ... ဘယ် Lens မှ မဟုတ်ပါဘူး..။ မိတ်ဆွေရဲ့ မျက်လုံးပါပဲ...။

သဘာဝတရားက ဆန်းကြယ်စွာ ဖန်တီးပေးထားတဲ့ မျက်လုံးဟာ ...။ မြင့်မားလှပါတယ်ဆိုတဲ့ Technology တွေ... Technique တွေ လိုက်မမှီလောက်အောင်...။ Smart & Intelligence ဖြစ်ပါ တယ်...။

မှတ်မိမလားတော့ မသိဘူး မျက်လုံးဟာ Focus အမြန်ဆုံး Lens တစ်ခုလည်း ဖြစ်ပါတယ်...။

ကျွန်တော် ဒီနေ့ HDR အကြောင်းဆက်မပြောခင် နဲနဲလေးရှင်းပြချင်တာ ရှိပါတယ်....။

ကျွန်တော်အခုချိန်ထိ ရေးခဲ့တဲ့ Post တွေ အားလုံးဟာ...။ ကျွန်တော့်လိုပဲ Photography ကို ချစ်မြတ်နိုးတဲ့..။ အခြေခံကနေစပြီး လေ့လာချင်တဲ့သူတွေအတွက် ရည်ရွယ်ပါတယ်...။ ကျွန်တော် စလေ့လာတုန်းက ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ..။ သောကတွေကို မကြုံတွေ့စေချင်တဲ့ ရည်ရွယ်ချက်တစ်ခုပဲ ရှိပါတယ်..။

သိပြီးသား...။ တတ်ပြီးသား...။ နားလည်ပြီးသား...။ ကျွမ်းကျင်ပြီးသား...။ ထူးချွန်ပြီးသား...။ အောင်မြင်ပြီး သား သူများအတွက် မရည်ရွယ် ပါဘူး..။ အဲ့လို ပညာရှင်တွေကိုလည်း ကျွန်တော် မိကျောင်းမင်း ရေခင်း မပြရဲဘူးဆိုတာ သိစေချင်ပါတယ်...။ ဒါကြောင့် တစ်ချို့ ကျွန်တော်ရဲ့ Post တွေဟာ အခြေခံကျလွန်း တဲ့အတွက်...။ မျက်စိ ဆံပင်မွှေးဆူးနိုင်တဲ့ ပညာရှင်အချို့ကို ကျွန်တော် ဒီနေရာကပဲ တောင်းပန်ပါတယ်...။

ဒီ Post တွေဟာ မိတ်ဆွေအတွက် မဟုတ်ပါဘူး...။ မိတ်ဆွေအတွက် မလိုအပ်ပါဘူး..။ မိတ်ဆွေရဲ့ တတ်သိနားလည်ထားတဲ့ ပညာကို မမှီပါဘူး...။ မိတ်ဆွေရဲ့ များစွာသော အတွေ့ အကြုံတွေကို မမှီပါဘူး...။ ဒီလောက်ဆိုရင် ကျွန်တော် တောင်းပန်တာကို လက်ခံကျေနပ်လောက်မယ် ထင်ပါတယ်...။

ကဲ ထားပါတော့ဗျာ..။ ဒါက ဒီရက်ပိုင်းလေးအတွင်း နဲနဲ တိုက်ဆိုင်တာတွေ ရှိနေလို့ ပါ...။ ကျွန်တော်တို့ HDR အကြောင်းဆက်ရအောင်..။

HDR အကြောင်းမပြောခင်...။ HDR ကို Photography တစ်ခုလို့ မသတ်မှတ်တဲ့သူများ ရှိသလို...။ HDR မှ HDR ဆိုတဲ့သူတွေလည်း ရှိပါတယ်...။ ကျွန်တော်ကတော့ သိထားသင့်တဲ့...။ နားလည်ထားသင့်တဲ့ ပညာရပ် တစ်ခုလို့ပဲ ဆိုချင်ပါတယ်..။ ပညာရပ်တစ်ခုကို လေ့လာရာမှာ...။ ကြိုက်တာတွေ..။ မကြိုက်တာတွေ က အဓိက မကျပါဘူး..။ တတ်ကျွမ်းနားလည်ဖို့က အဓိက ကျပါတယ်..။

ကျွန်တော်တို့ဘယ်လောက်ကောင်းတဲ့ Camera တွေ Lens တွေ သုံးပြီးရိုက်ရိုက်..။ ဘာကြောင့် မျက်လုံးက မြင်တဲ့အတိုင်း Camera ထဲမှာ ပုံမထွက်တာလဲ...? Camera မှာရှိတဲ့ Sensor တွေက မျက်လုံးလောက် အသိဥာဏ်မရှိလို့ ဖြစ်ပါတယ်..။

Camera က Two Dimension ပဲနားလည်ပါတယ်..။ ဒါကို Lighting တွေ...။ Composition တွေ...။ Photography Technique တွေနဲ့ ပေါင်းစပ်ပြီး ကျွန်တော်တို့က 3 Dimension ဖြစ်အောင် ကြိုးစားတင်ပြရပါတယ်...။

ဒီနေရာမှာ Photography ဆိုတဲ့ အဓိပါယ်မူရင်းလေးကို ကျွန်တော်ရှင်းပြချင်ပါတယ်..။ ဂရိဘာသာ စကားက ဆင်းသက်လာတာဖြစ်ပြီး..။ Photo ဆိုတာ အလင်းလို့ သတ်မှတ်နိုင်ပြီး..။ Graphy ဆိုတာ ပန်းချီလို့ သတ်မှတ်နိုင်ပါတယ်..။ တစ်နည်းအားဖြင့်တော့...။

အလင်းနဲ့ ရေးတဲ့ ပန်းချီ .... ပေါ့ဗျာ...။

အရာဝတုတွေဟာ အလင်းတစ်ခုထဲနဲ့ မပြည့်စုံဘူးဆိုတာကို မိတ်ဆွေ သတိထားမိဖူးပါသလား..?

ဟုတ်ကဲ့ အရာဝတုတွေရဲ့ Figure တွေ Structure တွေ ဖြစ်ပေါ်လာဖို့အတွက်..။ အလင်းရဲ့ အရေးပါမှုအတိုင်းနောက်ထပ် အရေးပါတာကတော့...။

Shadow ဆိုတဲ့ အမှောင်ပိုင်းပဲ ဖြစ်ပါတယ်...။

Shadow မမှာပါတဲ့ Lighting တစ်ခုဟာ ဘယ်လိုမှ ကြွတက်လာစရာ..။ 3 Dimension ဖြစ်စရာ အကြောင်းမရှိတော့ပါဘူး...။ ဒါတွေဟာ ဓာတ်ပုံပညာရဲ့ အခြေခံသဘောတရားတွေပဲ ဖြစ်ပါတယ်...။

Photography ဟာ Art တစ်ခုဖြစ်တဲ့အတွက်...။ အစစ် Reality မဟုတ်ပါဘူး..။ Imagination ပါ...။ illusion တစ်ခုပါ...။ ကျွန်တော်တို့က ကြည့်ရှုခံစားသူတွေရဲ့ စိတ်မှာ အစစ်လို့ထင်လာအောင်..။ တကယ်လို့ထင်လာအောင်..။ အနုပညာရဲ့ နည်းစနစ်တွေ..။ ခံစားချက်တွေကို အသုံးပြုပြီး အသုံးတော်ခံကြခြင်း..။ ဖန်တီးကြခြင်းပဲ ဖြစ်ပါတယ်...။

3D အကြောင်း Photography အကြောင်း ကျွန်တော်အပေါ်က ပြောပြခဲ့သလောက် သဘောပေါက် သွားရင်ပဲ ကျွန်တော်တို့ HDR အကြောင်းကို ဆက်ပြီးလေ့လာလို့ရပါပြီ...။

ဘာလို့ HDR ကို Photography လို့ တစ်ချို့က မသတ်မှတ်ကြလဲ... ?

HDR ပုံ တစ်ခုရဖို့အတွက် အနဲဆုံး ၃ ပုံ ရိုက်ရပါတယ်...။ Exposure ၃ မျိုးနဲ့ပါ..။ ပြီးရင် Photoshop သို့မဟုတ် Photomatix လို Software တွေထဲမှာ Blending ပြန်လုပ်ရပါတယ်...။ ဒါကြောင့် တစ်ချို့က ဒါဟာ ဓာတ်ပုံပညာမဟုတ်ဖူး..။ အတုအယောင်ဖြစ်တယ်..။ Photoshop ဖြစ်တယ်ဆိုပြီး Photography အဖြစ် မသတ်မှတ်ကြခြင်း ဖြစ်ပါတယ်...။

ဒါဆိုရင် ကျွန်တော်တစ်ခုမေးချင်ပါတယ်..။ Multi Exposure နည်းပညာနဲ့ ရိုက်ထားတဲ့ Photography တစ်ခုကရော Photography ဖြစ်တာ သေချာရဲ့လား...။ ပုံတစ်ပုံထဲမှာ အနဲဆုံး Lens ကို နှစ်ခါလဲပြီး..။ ပုံတစ်ပုံထဲမှာပေါ်စေတယ်..။ ဒါဆိုရင် ဒီ Multi Exposure Technique ကရော Reality ဖြစ်ရဲ့လား....?

Note - Multi Exposure Technique ကတော့ ကျွန်တော် နောက်မှ သီးသန့်ရေးပေးပါ့မယ်..။ ကျွန်တော် မရေးပေးရသေးပါဘူး..။

ဒီ့ထက် ထက်ပြီး တိတိကျကျပြောရရင် Photography လောကမှာ (ကျွန်တော်တော့ မမှီပါ..။ ဆရာပြောပြလို့ မှတ်သားရပါတယ်) Auto Focus တွေပေါ်လာတုန်းက အကြီးအကျယ် တိုက်ခိုက်ခံ ရပါတယ်..။ Auto Focus သုံးတဲ့သူတွေဟာ ဓာတ်ပုံသမား မပီသဘူး..။ အချောင်သမားတွေ..။ အရည်အချင်းမရှိတဲ့သူတွေလို့ သတ်မှတ်ခံရပါတယ်...။

ဒီအတိုင်းဆို Manual Focus သမားတွေကို အရင် Camera တွေပေါ်ကာကစက ကိုယ်တိုင် သစ်တာ (ကျွန်တော် ပက်ဆင့် ရိုက်လို့ မရလို့ပါ) ပုံးလောက်ရှိတဲ့ ကင်မရာကြီးကို ထမ်း..။ မှန်ပြားကြီးတွေပေါ် ကိုယ်တိုင်တင်ပြီး ပုံ ရိုက်/ကူး/ဆေး ခဲ့တဲ့သူတွေကလည်း အဲ့ဒီ့ Manual Focus သမားတွေကို ငပျင်းတွေ..။ အချောင်သမားတွေ...။ အရည်အချင်းမရှိတဲ့ကောင်တွေလို့ ပြောကြပါလိ့မ်မယ်...။

အခု World Wide ကို ကြည့်လိုက်ပါ..။ အားလုံး Auto Focus တွေချည်းပါပဲ..။ အဖြေက ရှင်းပါတယ်..။ ခေတ်က နောက်ဆုတ်မသွားပါဘူး..။ အရှေ့ကိုသွားနေပါတယ်...။ HDR လည်း တစ်နေ့မှာ Standard Photography တစ်ခု ဖြစ်မလာဖူးလို့ မည်သူ အတတ်ပြောနိုင်ပါသလဲ... ?

ဒီလောက် ကျွန်တော်ရှင်းနေတာ ကျွန်တော်က HDR ကို အားပေးတဲ့သူလည်း မဟုတ်သလို...။ HDR ကို Crazy ဖြစ်တဲ့သူလည်း မဟုတ်ပါဘူး.....။ ထို့အတူ ဆန့်လည်း မဆင့်ကျင်သလို..။ တိုက်လည်း မတိုက်ခိုက်ပါဘူး...။ ပညာကို ပညာလိုပဲ လေ့လာ သိရှိစေပြီး..။ အစွဲမလန်းမထားစေဖို့ကို ရည်ရွယ် ပါတယ်..။

ဒီ HDR နဲ့ ပါတ်သတ်လာရင် Photographer အချင်းချင်း မကြာခဏ စကားများတတ်..။ ပြသနာ တတ် လေ့ ရှိကြပါတယ်...။ ကျွန်တော် မှာလိုက်ပါရစေ..။ ဘယ်တော့မှ ပြသနာအတတ်မခံပါနဲ့...။ ကြားအညပ် မခံပါနဲ့...။ ကိုယ့်ခံစားချက်ဟာ ကိုယ့်အနုပညာပါပဲ..။ ဘယ်တော့မှ သူများရဲ့ ခံယူချက်နဲ့ သွားမယှဉ်ပါနဲ့...။ သူ့ခံစားချက်က သူ့အနုပညာပါပဲ..။ သူနဲ့ ကိုယ်နဲ့ တူစရာမလိုပါဘူး..။ သူကြိုက်တိုင်း ကိုယ်လိုက်ကြိုက်စရာ မလိုသလို..။ သူက ပက်ပက်စက်စက် ဝေဖန်တိုင်း..။ ကိုယ်က လိုက်မပေါက် ကွဲပါနဲ့....။

လွတ်လပ်စွာ သဘောထား ကွဲလွဲပါစေ...။

HDR တွေကို ပုံမှန်ပြိုင်ပွဲတွေက လက်မခံပါဘူး...။ အဲ့ဒီ့အတွက် HDR Technique နဲ့ ရိုက်ထားတဲ့သူတွေ ဝင်ပြိုင်ခွင့်မရှိပါဘူး...။ ဒါပေမယ့် HDR သီးသန့် ပြိုင်ပွဲတွေ ရှိပါတယ်...။ ဒါပေမယ့် ရှားပါတယ်...။

ကျွန်တော် တစ်ခုပြောချင်ပါတယ်...။ HDR ကို လက်မခံရရင် ဓာတ်ပုံမရိုက်ပါနဲ့...။ ကျွန်တော်ပြောတာ လက်မခံရင် ပြောတာပါ..။ ကြိုက်တာ မကြိုက်တာကိုပြောတာမဟုတ်ပါဘူး..။

အဆင့်မြှင့်ပြီးထုတ်လာတဲ့ Camera တွေ Lens တွေဟာ ဘာကို Target ထားပြီး ပိုပိုကောင်းအောင် လုပ်လာကြတာလဲ...? အဖြေက ရှင်းပါတယ်..။

မျက်လုံးကို Target ထားပြီး သူတို့ရဲ့ Camera တွေ Lens တွေကို အဆင့်မြင့်အောင် လုပ်လာကြ ပါတယ်...။

မျက်လုံးရဲ့ တကယ့် Scene က ဘာလဲ...။ HDR...!



ဒါဆိုရင် Camera တွေ Lens တွေရဲ့ နောက်ဆုံး ပန်းတိုင်က ....?

အခုနောက်ဆုံးထွက်လာတဲ့ Canon EOS 5D Mark III မှာဆိုရင် Built In HDR Function တောင် ပါလာပါတယ်...။ ဒါဟာ ဘာကို ပြသလဲ ဆိုတာ သိသာပါတယ်..။

ကျွန်တော်ရော...? ကျွန်တော် ကြိုက်တဲ့ HDR တွေ ရှိသလို..။ ကျွန်တော်နဲနဲမှ ခံစားလို့မရတဲ့ HDR တွေ လည်းရှိပါတယ်..။ ဘာလို့လဲဆိုတော့ ကျွန်တော်ခံစားတာက Photographer ရဲ့ Idea ... သူ့ရဲ့ Presentation ... သူ့ရဲ့ Art ကိုပါ...။ သူ့ရဲ့ Technique ကို မဟုတ်တဲ့အတွက် HDR တိုင်းကို ကျွန်တော် မကြိုက်သလို...။ သာမန်တစ်ပုံထဲ ရိုက်ထားတဲ့ ပုံတိုင်းကိုလည်း ကျွန်တော် မကြိုက်ပါဘူး...။

HDR ရိုက်သင့်တဲ့ နေရာမှာ HDR ရိုက်ထားတာကို ကြိုက်ပြီး..။ သာမန်အတိုင်းရိုက်သင့်တဲ့နေရာမှာ သာမန်အတိုင်းရိုက်ထားတာကို ကြိုက်ပါတယ်..။ ကျွန်တော် ဘယ်ဘက်မှ မပါ ပါဘူး..။ ဘာလို့လဲဆိုတာ ကျွန်တော် ရှင်းပြပြီးဖြစ်ပါတယ်...။ ကျွန်တော် Art ကိုပဲခံစားပါတယ်...။ လူကိုလည်း မကြည့်သလို.. Camera ကိုလည်း မကြည့်ပါဘူး...။

အခု ကျွန်တော်ပြောတဲ့ HDR က မနေ့က Silohoutte လိုပါပဲ ရိုက်နည်းက ဘာမှမခက်ပါဘူး..။ ဒါပေမယ့် သူ့မှာအရေးကြီးတာက ခံယူချက်တွေ... သဘောတရားတွေ ဖြစ်ပါတယ်..။

ဘာလို့ HDR ရိုက်ချင်သလဲ...။ ရိုက်ဖို့ တကယ်လိုအပ်လို့လား..။ ကိုယ်က ဘာကို Present လုပ်ချင်တာလဲ...။ ဒါတွေကို အများကြီးစဉ်းစားဖို့ လိုသလော..။ လက်ရှိ HDR အပေါ် ဓာတ်ပုံသမားတွေရဲ့ အမြင်တွေနဲ့ သဘောထားတွေကို ကိုယ်မရိုက်ခင် တီးမိ ခေါက်မိထားဖို့လိုပါလိမ့်မယ်...။

ဒါတွေကြောင့် ကျွန်တော် လက်ညောင်းခံပြီး ရှင်းပြခဲ့ခြင်း ဖြစ်ပါတယ်...။

ရိုက်နည်းကတော့ ရိုးပါတယ်..။ Exposure (အနဲဆုံး) သုံးမျိုးထားပြီး ၃ ပုံ ရိုက်ပါတယ်..။ ၅ ပုံရိုက်လည်း ရပါတယ်..။ ၁၀ ပုံရိုက်လည်း ရပါတယ်..။ လိုအပ်မယ် ထင်သလောက် ရိုက်နိုင်ပါတယ်...

HDR Technique ပေါ်ပေါက်လာရခြင်းရဲ့ အဓိက အခြေခံ အကြောင်းအရာ Reason ကတော့...။ ကျွန်တော် Exposure အကြောင်းမှာ ပြောခဲ့တုန်းကလိုပဲ...။ အောက်က မြက်ခင်းစိမ်းကို Exposure အမှန်ယူရင် ကောင်းကင်က ဖြူဖွေးပြီး Burn တယ်..။ ကောင်းကင်ကို Exposure အမှန်ယူရင် ကောင်း ကင်ကတော့ တိမ်တွေ အပြာရောင် ကောင်းကင်တွေနဲ့ လှပါရဲ့...။ အောက်က မြက်ခင်းက Under ကျပြီး မဲကုန်တယ်...

ဘာကြောင့်လဲ Exposure Different တအားများလို့ ဖြစ်ပါတယ်..။ ကျွန်တော့်ဆရာ ဆရာဖေမြင့်ဦးက ကျွန်တော့်ကိုပြောဖူးပါတယ်..။ အဲ့လို အခြေအနေတွေ မဖြစ်ချင်ရင်...။ ကောင်းကင်နဲ့ မြေကြီး Exposure 1 Stop ထက် ပိုမကွာတဲ့အချိန်ကိုရိုက်ပါတဲ့..။ ဒါဆိုရင် Post Processing လုပ်တဲ့အခါ ပြန်ညှိယူလို့ရတယ် လို့ မှာဖူးပါတယ်...။ ဒါဟာ မှတ်သားထားသင့်ပါတယ်...။

HDR အကြောင်း ပြန်ဆက်ရရင်..။ အဲ့လို အပေါ်ကဘန်းလိုက် အောက်က အန်ဒါလိုက်...။ ကိုးလို့ ကန့်လန့် အခြေအနေတွေကနေ ကျော်လွှားနိုင်ဖို့အတွက် HDR ဆိုတဲ့ Technique ပေါ်ပေါက် လာခဲ့ပါတယ်...။

HDR ရိုက်ဖို့အတွက် မဖြစ်မနေ လိုအပ်တာက Tripod ပါ...။ ပုံတွေကို ရိုက်ပြီးတဲ့အခါ Software တွေ ထဲမှာ ပြန်ထပ်ရမှာဖြစ်တဲ့ အတွက် Tripod မရှိပဲ ရိုက်လို့မရပါဘူး...။ ပုံတွေက တစ်ပုံနဲ့ တစ်ပုံ နဲနဲလွဲသွားတာနဲ့..။ Software က ထပ် မပေးတော့ပါဘူး...။

အပေါ်က တိမ်နဲ့ ကောင်းကင်ကို Exposure အမှန်ယူပြီး တစ်ခါရိုက်တယ်...။ တိမ်နဲ့ ကောင်းက ထိနေတဲ့...။ Horizontal Line ကို အမှန်ယူပြီး တစ်ခါရိုက်တယ်..။ နောက်ဆုံး မြက်ရဲ့ Exposure ကို အမှန်ယူပြီးတစ်ခါရိုက်တယ်...။ သုံးပုံရိုက်တယ်..။ Photoshop ဒါမှမဟုတ် Photomatix ထဲမှာ ပြန်ထပ် (Blend) လုပ်တယ်..။ လုံးဝ တိကျမှန်ကန်တဲ့ Exposure နဲ့ အပြန်မှာ မြင်နေရတဲ့ အတိုင်း ထွက်လာတယ်...။ ဒါပါပဲ...။

Photomatix လို Software မျိုးမှာ ပုံကို Exposure Blending လုပ်ပေးရုံသာမက Enhance ပါ လုပ်ပေးတဲ့အတွက် Detail တွေ သိသိသာသာပေါ်လာပြီး..။ ပုံက 3D ကဲ့သို့ သိသိသာသာကြီး ကြွပြီးတက်လာတာမျိုးကို မြင်ရပါလိမ့်မယ်....။

ဒါပေမယ့် သတိထားဖို့က Over Contrast, Over Saturated ဖြစ်သွားတဲ့ပုံ...။ Detail အရမ်းများပြီး Noise တွေလို ဖြစ်သွားတဲ့ ပုံတွေကတော့ အောင်မြင်တဲ့ HDR ပုံတစ်ပုံ ဖြစ်လာမှာမဟုတ်ပါဘူး..။ ကျွန်တော်လည်း အဲ့လိုပုံတွေဆိုမကြိုက်ပါဘူး..။. ကြည့်ရတာ အရမ်းပူလောင်တယ်လို့ ခံစားရပါတယ်...။

အပေါ်မှာရေးခဲ့တာတွေဟာ HDR ဆိုတာဘာလဲ..။ HDR အပေါ် Photographer တွေ ဘယ်လိုသဘော ထားသလဲ..။ HDR ရဲ့ ဇစ်မြစ်က ဘာလဲ..။ မျက်လုံးက ဘာလို့ HDR ဖြစ်တာလဲနဲ့..။ နောက်ဆုံး HDR ဘယ်လိုရိုက်မလဲဆိုတာပဲ ဖြစ်ပါတယ်..။

ဒီလောက်ဆိုရင် HDR ပုံတစ်ပုံကို ဘယ်လိုရိုက်မလဲဆိုတာ ရှင်းရှင်းလင်းလင်း သဘောပေါက်ကြလိမ့် မယ်လို့မျှော်လင့်ပါတယ်..။

များများလေ့လာပါ..။ လေ့လာရင်းရိုက်ပါ..။ ရိုက်ရင်းလေ့လာကြပါ...။ အစွဲအလန်းတွေမထားကြပါနဲ့...။ အစွန်းတွေ မရောက်ကြပါနဲ့...။ အားမငယ်ပါနဲ့..။ စိတ်ဓာတ်မကျပါနဲ့....။

လေးစားစွာဖြင့်

Black Dream
http://www.blackdream21.com

Love It...


Exactly My Taste...

Just, Like It... (love the shot, but the color

Not My Taste... (over saturated)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...