Google Translate ဝန်ဆောင်မှုတွင် မြန်မာဘာသာ စကားကို စတင်ထည့်သွင်း
ကမ္ဘာကျော် နည်းပညာ လုပ်ငန်းစု ကြီးဖြစ်သည့် Google က ၎င်းတို့၏ ဘာသာပြန် ဝန်ဆောင် မှုဖြစ်သည့် Google Translate တွင် မြန်မာဘာသာ ကို စတင်ထည့်သွင်း ထောက်ပံ့ပေး လိုက်ကြောင်း သတင်း ရရှိသည်။
Google Translateတွင် အထောက်အပံ့ ပေးနိုင် မည့် နောက်ထပ် ဘာသာစကား (၁၀)မျိုးကို ထပ်မံထည့် သွင်းပေး လိုက်ကြောင်း Google က ကြေညာပြီး ယင်းလုပ်ဆောင်မှုကြောင့် ကမ္ဘာ့လူဦးရေ သန်း(၂၀၀)ခန့် သည် မိမိတို့၏ မိခင်ဘာသာ စကားများကို အသုံးပြုပြီး ဘာသာပြန်ဆိုမှုများ လုပ်ဆောင် လာနိုင်မည်ဟု ဆိုသည်။
Google Translateတွင် မြန်မာဘာသာအပြင် ချီချီဝါ (မော်လဝီနှင့် ပတ်ဝန်းကျင် ဒေသများ)၊ မလာဂါစီ (မဒါဂါစကာ)၊ ဆီဆိုသို (လီဆိုသိုနှင့် တောင်အာဖရိက)၊ ကာဇက် (ကာဇက်စတန်)၊ တာဂျက်ခ် (တာဂျစ် ကစ္စတန်)၊ ဥဇဘက် (ဥဇဘက်ကစ္စတန်)၊ မာလာယာလမ် (အိန္ဒိယ)၊ ဆင်ဟာလာ (သီရိလင်္ကာ)နှင့် ဆူဒန်နီစီ (ဂျာဗားကျွန်းနှင့် အင်ဒိုနီးရှား)တို့ကိုပါ ဖြည့်စွက် ထည့်သွင်းပေးလိုက်သည်။
ယခုအခါ Google Translateတွင် ဘာသာစကားပေါင်း အမျိုးအစား (၉၀)ကျော် ရှိနေပြီဖြစ်ရာ မြန်မာ ဘာသာကို အခြားသော ဘာသာစကား (၉၀)ကျော်နှင့် ချိတ်ဆက် ပြန်ဆိုနိုင်မည် ဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုရန်အတွက် translate.google.com မှတစ်ဆင့် Unicode Fontဖြင့် ရေး သား ပြန်ဆိုနိုင်မည် ဖြစ်သည်။
ဒီဇင်ဘာ (၁၂)ရက်တွင် စတင်အသုံးပြုခွင့် ပေးခဲ့သည့် မြန်မာဘာသာ ပြန်ဆိုအသုံးပြုမှုတွင် အားနည်းချက် များ ရှိနေသေးပြီး Google အနေဖြင့် အဆင့်မြှင့်တင် မွမ်းမံမှုများ ပြုလုပ်ရန် လိုအပ်နေဆဲ ဖြစ်သည်။ ကနဦး အဆင့် စမ်းသပ် အသုံးပြုမှုများအရ ဘာသာပြန်ဆိုသည့် စကားလုံးအချို့ အထားအသို မှားယွင်းခြင်းနှင့် ရှည်လျားသော စကားလုံးများကို ပြန်ဆိုရာတွင် အနည်းငယ် လွဲချော်ခြင်းများ ရှိနေသေးသည်။
Google Translateကို PC ကွန်ပျူတာများသာ မကဘဲ Google Translate Appကို အသုံးပြုကာ Mobile ကိရိယာများတွင်ပါ အသုံးပြုနိုင်ကြောင်း သိရှိရသည်။
_Ref: Google
7Day Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ပူဒီနာ စားသင့္တဲ့အခ်က္ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' ခုနစ်လက်မ မျက်နှာပြင် တပ်ဆင်ထားသည့် Samsung Galaxy Mega 7.0 စမတ်ဖုန်း လာမည်
- (အနောကျသို့) ခေါင်းကိုက်ခြင်းနဲ့ သွေးတိုးရောဂါ ပျောက်ကင်းစေမယ့် ရိုးရှင်းတဲ့ သဘာဝဆေးနည်း စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' ခုနစ်လက်မ မျက်နှာပြင် တပ်ဆင်ထားသည့် Samsung Galaxy Mega 7.0 စမတ်ဖုန်း လာမည်