ဖုန်းငွေဖြည့်ကတ်များ ဖြည့်သွင်း သုံးစွဲသည့် အပေါ်တွင် အခွန်နှုန်း ကောက်ခံရန် စီစဉ်နေ
ရန်ကုန်၊ ဒီဇင်ဘာ ၁
ဖုန်းငွေဖြည့် ကတ်များ ဖြည့်သွင်း သုံးစွဲသည့် အပေါ်တွင် အခွန်နှုန်းကောက်ခံ ရန်စီစဉ်နေကြောင်း တယ်လီနော (မြန်မာ)မှ သိရသည်။
ယင်းကဲ့သို့ အခွန်ကောက်ခံ ခြင်းကို လတ်တလော တွင် စတင် ကောက်ခံ ဦးမည် မဟုတ်ဘဲ အခြားသော အော်ပရေတာများ ကောက်ခံ ပါက စတင် ကောက်ခံ သွားမည်ဖြစ် ကြောင်း အချိန်ကာလ အတိအကျကို မပြောနိုင်သေးကြောင်း တယ်လီနော (မြန်မာ) ၏ အမှုဆောင် အရာရှိချုပ် Mr.Petter Furberg က ပြောကြား ခဲ့သည်။
Mr.Petter Furberg က''စက် တင်ဘာလမှ ဒီ Tax ကို စကောက် ဖို့ အစိုးရက ပြောခဲ့ပါတယ်၊ ဒါပေမဲ့ တယ်လီနောသုံးစွဲနေတဲ့ Customer တွေကို စိတ်မညစ်စေချင်လို့ Tax ကိုတော့ လုပ်ခဲ့တယ်၊ ဒါပေမဲ့ Bonus အနေနဲ့ တယ်လီနောက ပြန်ပေးထား တာဖြစ်ပါတယ်၊ အခုကတော့ပေး စရာမလိုပါဘူး၊ ဒါပေမဲ့ အနာဂတ် မှာ ကုမ္ပဏီအကုန်လုံးက စည်းမျဉ်း တစ်ခုချပြီးလုပ်ရင် တယ်လီနောက လဲကောက်ခံမှာပါ''ဟု ပြောကြား ခဲ့သည်။
အဆိုပါ ဖုန်းငွေဖြည့်ကတ်အ ပေါ် အခွန်ကောက်ခံခြင်းနှုန်းကို ၅ ရာခိုင်နှုန်း သတ်မှတ်ထားပြီး အစိုးရ အနေဖြင့် Commercial Tax (ရောင်း ဝယ် ဖောက်ကားခြင်းနှင့်ဆိုင်သော အခွန်)ဟု သတ်မှတ်ထားကြောင်း စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသော အများစုမှာ ယင်း Tax တွင် အကျုံး ဝင်ကြောင်း အစိုးရအခွန်နှုန်းတစ် ခုလည်း ဖြစ်သည်ဟု သိရသည်။
ယခုနှစ် ဧပြီလ ၁ ရက်တွင်အ စိုးရမှ တယ်လီကွန်းကုမ္ပဏီများလည်း အဆိုပါကော်မာရှယ် Tax တွင် ပါဝင် အကျုံးဝင်သည်ဟု ပြောဆိုထားခြင်း မျိုးရှိသည်ဟု တယ်လီနော(မြန်မာ) ၏ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က ပြောသည်။
တယ်လီနော (မြန်မာ)မှထုတ် လုပ်ထားသည့် ဖုန်းငွေဖြည့်ကတ် အမျိုးအစားများမှာ ကျပ်တစ် ထောင်၊ သုံးထောင်၊ ငါးထောင်၊ တစ် သောင်းတန်တို့ဖြစ်သည်။
လက်ရှိတွင် တယ်လီနော(မြန် မာ)မှ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်တို့တွင် ကွန်ရက်ဖြန့်ကြက်ထား ပြီး ဆင်းမ်ကတ်အရေအတွက် နှစ် သန်းကျော် သုံးစွဲလျက်ရှိကြောင်းသိ ရသည်။
PPT
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ဘ၀မွာ သံဝေဂရလွယ်သော အချိန်အခါများ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...
- (အနောကျသို့) iOS 8.1.1 ကို TaiG Jailbreak Tool ဖြင့် Jailbreak လုပ်နိုင်ပြီ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...