ပြင်သစ် Burgundy ၀ိုင်အကြောင်း သိကောင်းစရာ
သမိုင်းရာဇ၀င် များကို လေ့လာ ကြည့်ရာတွင် လွန်ခဲ့သော BC 6000 ခန့် ကစ၍ ပါရှား (ခေါ်) အီရန်သည်၊ ကမ္ဘာပေါ်တွင် ပထမဦးဆုံး စပျစ် သီးဖြင့် ၀ိုင်ကို စတင်ချက်လုပ် သောက် သုံးသော နိုင်ငံဖြစ်ပါသည်။ ထိုမှတဆင့်
အီဂျစ်> ဂရိ> အီတလီ> စပိန်> ပြင်သစ်> အာရေဗျ> ဥရောပမြောက်ပိုင်း >ရောမ> မက္ကဆီကို> ပီရူး> ကာလီဖိုးနီးယား> သြစတြေးလျ> နယူးဇီလန်. စသည်ဖြင့် လက်ဆင့် ကမ်း ရွေ့ လျားလာခဲ့ပါသည်။ အနောက် ဥရောပနိုင်ငံ အားလုံး လိုလိုတွင် စပျစ်သီးမှသာ ၀ိုင်ချက် လုပ်လေ့ ရှိကြပါသည်။ အာရှတိုက် တွင်တော့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း နှင့် တရုတ် တို့ တွင် BC 100 ခန့် က စတင်သောက် သုံး လာခဲ့ကြပြီး၊ ထိုမှတဆင့် အာရှနိုင်ငံ အသီးသီးတို ၀ိုင်သောက်သုံး သော ဓလေ့ပျံ့ နှံ့  လာခဲ့ပါသည်။
“ ဂျပန်မှာ ဆာကေး၊ ပြင်သစ်မှာ ၀ိုင်၊ စကော့တလန်မှာ ၀ီစကီ၊ ရုရှမှာ ဗော့ဒ်ကာ ” ဟူသော ဆိုရိုးစကား ရှိပါသည်။ မှန်ပါသည်။ ပြင်သစ်နိုင်ငံထုတ် ၀ိုင်အရက်များသည် ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြား ဆုံးဖြစ် ပါသည်။ ပြင်သစ်တို့သည် စပျစ်သီးဖြင့်သာ ၀ိုင်ချက် လုပ်လေ့ရှိကြပါသည်။ သောက်သုံးပြီးသောအခါ
ခံတွင်းထဲတွင် သင်းပျံ့ သောမွှေးရနံ့ နှင့်အတူ အရသာ ရှည်ကြာစွာ စွဲကျန်နေစေရန် အတွက် ငရုပ်ကောင်းမှ ရရှိသော ပူရိန်းရနံ့ ၊ သစ်ခွရနံ့နှင့် ရင့်မှည့်သော ဘလက်ဘယ်ရီသီး ရနံ့ တို့ ဖြင့်ပြုလုပ်ကြပါသည်။
ပြင်သစ်နိုင်ငံထုတ် နံမည်ကြီး ၀ိုင်အမျိုးမျိုးရှိကြရာ၊ Burgundy ၀ိုင်သည်လည်း အကောင်းဆုံး စာရင်းဝင် တစ်ခုဖြစ်ပါသည်။ ပြင်သစ်နိုင်ငံ အရှေ့ပိုင်း ဘာဂန်ဒီနယ်သည် ကမ္ဘာကျော် ၀ိုင်အရက် အကောင်းစားများ ထုတ်လုပ်ရာနယ်ဖြစ်ြပီး၊ ထိုဒေသမှ ထွက်ရှိသော စပျစ်သီးများဖြင့်သာ ၀ိုင်ကို ချက်လုပ်ကြပါသည်။ ထိုဒေသ ထွက် စပျစ်သီး အခွံများထဲတွင် အခြားနိုင်ငံများနှင့်မတူ တမူထူးခြားစွာ လူသားတို့ ကျန်းမာရေးကို
အကျိုးပြုစေသည့် saponins (ခေါ်) သဘာဝဖယောင်းဓာတ် ပမာဏ မြင့်မားစွာ ပါရှိသောကြောင့် သွေးထဲ ရှိ ကိုလက်စထရောများကို လျော့ချပေးနိုင်စွမ်း ရှိပါသည်။
ရှန်ပိန်(ချမ်ပိန်)ဒေသ မှ ထွက်သော အရက်ကို ရှန်ပိန် အရက်ဟု အမည်သညာပြု ခေါ်ကြသကဲ့သို့ ၊ Burgundy ဒေသမှ ထုတ်သည့် ၀ိုင်ကို Burgundy ၀ိုင်ဟု ခေါ်ခြင်းဖြစ်ပါသည်။ နာမည်ကျော် စစ်ဘုရင် နပိုလီယံ၏ favourate ၀ိုင်ဟု ဆိုပါသည်။ ဘာဂန်ဒီ ၀ိုင်အရက်၏ အရောင်မှာ နီညို ရောင် (သို့ မဟုတ်) ကြက်သွေးရောင် ဆန်ဆန် ဖြစ်ပါသည်။ အရသာမှာ ချိုသယောင်ယောင် နှင့် ခါးသက်သက်ဖြစ်ပြီး၊ သက်တမ်း ပိုကြာလာသောအခါ ခါးသက်သက် အရသာ ရှိပါသည်။ အနီရောင်အသားများ၊ ချိစ်များနှင့် အသားကင် အမျိုးမျိုးတို့ ဖြင့် လိုက်ဖက်စွာ သုံးဆောင်နိုင်သော ၀ိုင်ဖြစ်ပါသည်။ ထိုဝိုင်နီကို သောက် သုံးရုံသာမက၊ အမဲသား၊ ချိစ်၊ ဂျုံမှုန့် တိုြ့ဖင့် စီမံသော ကြက်သွန်နီ စွပ်ပြုတ် ထဲတွင် နေ့ စဉ် ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးလေ့ကြပါသည်။ ဘာဂန်ဒီ အနီရောင်ကို ပြင်သစ်ကဗျာဆရာများကလည်း တဖွဲ့ တနွဲ့  စပ်ဆိုကြပါသည်။
ယနေ့ ကမ္ဘာပေါ်တွင် ၀ိုင် နှင့် အဖျော် ယမကာတို့ ကို စွဲလန်း ဆုံးနိုင်ငံမှာ ပြင်သစ်နိုင် ငံဖြစ်သည့် အလျောက်၊ နံမည်ကြီးဝိုင်ပုလင်းများကို ထိုနိုင်ငံရှိ နာမည်ကျော်မျိုးရိုးစဉ်ဆက်ချမ်းသာသည့် သူဌေးကြီးများ က ငွေကြေးဒေါ်လာသောင်းချီ အကုန်ကျခံကာ၊ လေလံဆွဲကြပြီး အပူအအေး ထိန်းညှိ ထားသည့် ၎င်းတို့ ၏ ဧည့်ခန်းများတွင် အလှဆင်ထား ကြပါသည်။ ထိုနိုင်ငံ၏ ခရစ္စတင်း လေလံပွဲများတွင် ၀ိုင်အရက် လေလံ ဆွဲမှုမှာ ရှေးဟောင်း နာရီ နှင့် ပန်းချီကားတို့ ပြီးလျှင် လူကြိုက် အများဆုံး ဖြစ်ပါသည်။
(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
*promise.pauk*
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) မြန်မာနှင့် လက်ဖက်ရည် Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးCytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review
- (အနောကျသို့) အရှက်တရားကို အောင်နိုင်ခဲ့တဲ့ မေတ္တာ (၂) Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးCytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review