သွားကိုက်ခြင်းအတွက် သဘာဝဆေးနည်းများ
![]() |
www.homeremediesfortoothpain.net |
(၁) တမာရွက်ကို ကျွမ်းအောင်လှော်၍ အမှုန့် ကြိတ်ပြီး ဆား အနည်းငယ်နှင့်အတူ သွား တိုက်ပေးသော် သွားကိုက်၊ သွားနာစတဲ့ သွားရောဂါများ ကင်းဝေးစေ၍ သွားများကို ပိုမို ခိုင်မာလာစေပြီး ဖြူစင်စေပါသည်။
(၂) သွားအတွက် အကောင်းဆုံးဆေးပင်မှာ ဒန္တသုခပင် ဖြစ်ပါသည်။ ဒန္တသုခပင်၏ ပဉ္စငါးပါးပြုတ်ရည်ကို ငုံပေးခြင်း၊ ပဉ္စငါးပါးကို ပြာချ၍ ၄င်းပြာဖြင့် သွားဖုံး၊ သွားကြားတို့ကို သိပ်ပေးခြင်း၊ ဒန္တသုခပင်၏ အမြစ်ကို အစိမ်းအတိုင်း ကြိတ်၍ သွားကြားကို သိပ်ပေးခြင်းတို့ဖြင့် သွားများကို ခိုင်မာစေ၍ သွားနာ၊ သွားကိုက်ခြင်း များကို သက်သာပျောက် ကင်းစေ ပါသည်။
(၃) နန်းလုံးကြိုင်ပင်၏ အခေါက်ကို ရေ ၃ခွက် ၁ခွက်ကျို၍ ၄င်းရေဖြင့် ပလုတ်ကျင်းခြင်း၊ ငုံခြင်းများ ပြု လုပ်ပေးပါက သွားနာ၊ သွားကိုက်၊ သွားကျင်၊ သွားဖုံးရောင်ခြင်းများ ပျောက်ကင်းစေ ပါသည်။
(၄) ကစော့ခါးသီးပင်၏ အမြစ်ကို သွေး၍ သိပ်ပေးခြင်း၊ အမြစ်ကို အမှုန့်ကြိတ်၍ မှိုင်းတိုက်ကာ အခိုးအငွေ့ ကို ရှုခြင်းတို့ဖြင့် သွားကိုက်၊ သွားကျင်၊ သွားပိုးစား စသည့် သွားရောဂါများကို သက်သာပျောက်ကင်းစေ ပါသည်။
(၅) တမာ၏ အရိုးတံကို သွားကြားထိုးတံအဖြစ် အသုံးပြု၍ မကြာခဏ သွားတိုက်ပေးခြင်းဖြင့် သွားရောဂါ များ ကင်းဝေးစေပါသည်။
(၆) နနွင်းမှုန့်ကို ရေနွေးဖြင့် ဖျော်၍ ငုံပေးခြင်း၊ ဆားများများထည့်၍ သွားရင်းတွင် သိပ်ပေးခြင်းတို့ဖြင့် သွားဖုံးရောင်ခြင်း၊ သွားနာကျင်ကိုက်ခဲခြင်းတို့ကို သက်သာပျောက်ကင်းစေပါသည်။
(၇) ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးလေးများလုံးကာ ပိုးစားသည့် သွား အပေါ်ကို ထည့်ပေးသော် သွားပိုးစားခြင်း ပျောက်ကင်းပါသည်။
(၈) ပင်စိမ်းနှင့်ထန်းလျက်ကို ဆတူရောကြိတ်၍ ပျားရည်နှင့်လုံးထားကာ မနက်တစ်လုံး ညတစ်လုံး စားပေးပါက သွားဖုံးရောင်၊ သွားကိုက်ခြင်းများ ပျောက်ကင်းစေပါသည်။
(၉) ၀ါစေ့ကို ပြုတ်၍ ငုံပေးသော် သွားနာ သွားကိုက်များ သက်သာပျောက်ကင်းပါသည်။
(၁၀) ချင်းစိမ်းကို ၀ါး၍ ကိုက်နေသော သွားပေါ်တွင် အုပ်ထား ငုံထားပါက သွားကိုက် သွားနာများ ပျောက် ကင်းစေပါသည်။
(၁၁) နီပါးဆေးပင်ခေါ် တောရဲယို၏ အသီးကို မီးဖုတ်၍ ဆားအနည်းငယ် ထည့်ကြိတ်ကာ သွားတိုက်ဆေး အဖြစ် အသုံးပြုပေးပါက သွားရောဂါများ ပျောက်ကင်းစေပါသည်။
(၁၂) ပဒိုင်းညိုအစေ့ကို ကြိတ်၍ သွားဖုံးရင်းကို အနည်းငယ်ခန့် သိပ်ပေးထားလျှင် သွားကိုက်၊ သွား နာရောဂါများ ပျောက်ကင်းပါသည်။
(၁၃) ဘုမ္မသိန်အစေးကို ကိုက်နေသော သွားကြားတွင် ထည့်ပေးသော် သွားကိုက်ရောဂါ ပျောက်စေပါ သည်။
သွားကိုက်၊ သွားနာရောဂါများကို ခံစားနေရသော ဝေဒနာရှင်များအားလုံး သက်သာပျောက် ကင်းနိုင်ကြ ပါစေ။
ကျန်းမာရေးသတင်းများ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) နနွင်းကို သွားရောဂါအတွက် ကုသနိုင်ပါတယ် Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)
- (အနောကျသို့) သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ် Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)