မျှစ်နှင့် ငါးပိများ၌ စားသုံးရန် မသင့်သော ဆိုးဆေးများ တွေ့ရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၂
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ ဈေးပေါင်း ၁၀၀ ကျော်တွင် ရောင်းချသော စားသောက်ကုန် များကို စစ်ဆေးခဲ့ရာ အချို့သော ဈေးများတွင် မျှစ်နှင့် မျှင်ငါးပိများ၌ စားသုံးရန် မသင့်သော ဆိုးဆေးများ သုံးစွဲထား သည်ကို တွေ့ရှိရကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ ကျန်းမာရေး ဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
ယခုနှစ်အတွင်း အဆိုပါဈေးများတွင် ရောင်းချသော စားသောက်ကုန်များ၏ ကျန်းမာရေး ညီညွတ်မှု အခြေ အနေကို သိရှိစေရန် စစ်ဆေးခဲ့ကြောင်း၊ စားသုံးရန်မသင့်သော ဆိုးဆေး အသုံးပြုထားသည့် အစား အသောက် များကို ဆင်ခြေဖုံးမြို့နယ်ရှိ ဈေးအများစုတွင် တွေ့ရှိခဲ့ရပြီး ပမာဏ နည်းပါးကြောင်း၊ ယင်း စားသောက်ကုန်များ တွေ့ရသော ဈေးဆိုင်များကို ထပ်မံမရောင်းချရန် တားမြစ်ထားပြီး ထပ်မံရောင်းချပါက အရေးယူ ဒဏ်ရိုက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ကျန်းမာရေးဌာနထံမှ သိရှိရသည်။
“ဒီနှစ်အစပိုင်းက လက်ဖက်မှာလည်း ဆိုးဆေး တွေ့ခဲ့တယ်။ အခု မတွေ့တော့ဘူး” ဟု အဆိုပါဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းကဲ့သို့ စစ်ဆေးရာတွင် ‘က’ အဆင့်ဈေးကြီး ငါးခုဖြစ်သည့် ညောင်ပင်လေးဈေး၊ စံပြငမိုးရိပ်ဈေး၊ ပုဇွန်တောင်ဈေး၊ သီရိမင်္ဂလာဈေးသစ်နှင့် သိမ်ကြီးဈေးတို့ ပါဝင်ကြောင်း၊ ဈေးများတွင် စားသောက်ကုန်များ စစ်ဆေးခြင်းကို DNA နှင့် ပူးပေါင်းကာ စစ်ဆေးခဲ့ပြီး ကျန်ဈေးများတွင် ကျန်းမာရေးဌာနနှင့် မြို့နယ် ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်း စစ်ဆေးခဲ့ကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။
“မျှစ်ကတော့ အရင်ကတည်းက ဆေးဆိုးထားတဲ့ အနီတွေမကြိုက်လို့ မစားဖြစ်ဘူး။ ရောင်းတဲ့ သူကတော့ ရောင်းမှာပဲ၊ စားမယ့်သူတွေ မစားဖြစ်အောင် စည်ပင်က အသိပေးတာမျိုးတွေ လုပ်သင့်တယ်” ဟု တောင်ဥက္ကလာပမြို့နယ် ၁၅ ရပ်ကွက်တွင် နေထိုင်သည့် အိမ်ရှင်မဖြစ်သူ ဒေါ်ခင်စမ်းမြင့် က ပြောဆို သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ ကျန်းမားရေးဌာနက စားသောက်ကုန်များ၌ ဝမ်းရောဂါ ဖြစ်စေနိုင်ခြင်း ရှိ မရှိနှင့် ရက်လွန် အစားအသောက်များ ရောင်းချခြင်း ရှိ မရှိတို့ကို ပုံမှန် စစ်ဆေးပြီး၊ အလှကုန်များတွင် အရေပြား ရောဂါ ဖြစ်စေနိုင်သော ဓာတ်ပစ္စည်းများ ပါဝင်ခြင်း ရှိ မရှိကို လည်း စစ်ဆေးလျက် ရှိကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည်။
The Voice Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) မျက်မှောက်ခေတ်တွင် လူသားအကျင့်ဆိုးများ ပိုမိုပေါ်လွှင်လာ Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)
- (အနောကျသို့) အရေပြားကို အလှဆင်သူ Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)