ကျန်းမာလှပတဲ့ လက်သည်းတွေ ပိုင်ဆိုင်ဖို့
မိုရ်မိုရ် (YUFEL)
ခြေချောင်း၊ လက်ချောင်းတွေ လှပဖို့ ခြေသည်း၊ လက်သည်းတွေက ကျန်းမာ လှပနေဖို့ လိုပါတယ်။ အဖြစ်များ တတ်တဲ့ လက်သည်း ပြဿနာတွေကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာ လေ့လာ ကြည့်လိုက် ပါ။
လက်သည်း ကြွပ်ဆတ်ခြင်း
လက်သည်းတွေက ကြွပ်ဆတ်ပြီး ကွဲအက်နေရင် ရေနဲ့ (အထူးသဖြင့် ရေပူနဲ့) ခဏခဏ မဆေးသင့်ပါဘူး။ လက်အိတ် ၀တ်ပေးပါ။ ရေများများ သောက်ပေးပါ၊ လက်သည်း အတွက် သာမက ခန္ဓာကိုယ်တစ်ခုလုံး အတွက်ပါ ကောင်းမွန် စေပါတယ်။ ဒါ့အပြင် လက်ပန်းကုံးတွေကို Vitamin E တစ်နေ့ နှစ်ကြိမ် လိမ်းပေးပါ။
လက်သည်း ကိုက်သောကြောင့် လက်သည်း ပျက်စီးခြင်း
လက်သည်း ကိုက်တာက အကျင့်ဆိုး တစ်ခုပါပဲ။ လက်သည်း ကိုက်ခြင်းကြောင့် လက်သည်း ထိပ်တွေ ကွဲထွက် တတ်ပါတယ်။ လက်ကို ဘတ်တီးရီးယား ကာကွယ်တဲ့ ဆပ်ပြာနဲ့ ပြောင်အောင် ဆေးပြီး ကွဲနေတဲ့ လက်သည်းတွေကို ညှပ်ပစ်ပါ။ ပြီးရင် Hand Cream တစ်မျိုးမျိုး လိမ်းပါ။ အကောင်းဆုံးက လက်သည်း ကိုက်တဲ့အကျင့်ကို ဖျောက်ပစ်တာပါပဲ။
လက်သည်းအရောင်ကျွတ်ခြင်း
လက်သည်း မကြာခဏ ဆိုးရင် ပင်ကို လက်သည်းရောင်က ၀ါကျင်ကျင် အရောင်ပြောင်း သွားတတ်ပါ တယ်။ အထူးသဖြင့် အရောင်ရင့်ရင့် လက်သည်း ဆိုးဆေးတွေ (အနီ၊ ခရမ်း၊ အနက်နဲ့ အပြာရင့်ရောင်များ) ဟာ လက်သည်းကို အရောင် စွန်းစေပါတယ်။ ဒါကြောင့် အရောင်တွေ ဆိုးတဲ့အခါ Base Coat ခံပြီးဆိုးပါ။
လက်ပန်းကုံးကွာခြင်း
လက်ပန်းကုံး ကွာတာက ကွာနေတဲ့ လက်ပန်းကုံး အရေပြားကို ခွာမိလို့ ဖြစ်တာ ဖြစ်ပါတယ်။ လက်ပန်းကုံး ကွာသွားတာနဲ့ ချက်ချင်း အစိုဓာတ် ထိန်းခရင်မ် လိမ်းပေးပါ။ ကွာနေတဲ့ အသားစကို လက်သည်း ညှပ်နဲ့ သေချာညှပ်ပါ။ အစိုဓာတ် ထိန်းခရင်မ်ကို လက်သည်း ဆိုးပြီးတဲ့ အချိန်နဲ့ လက်သည်း ဖျက်ပြီးတဲ့ အချိန်တွေမှာ လိမ်းပေးတာက လက်ပန်းကုံး ကွာတာကို ကာကွယ်ပြီးသား ဖြစ်ပါလိမ့်မယ်။
လက်သည်းမှိုစွဲခြင်း
လက်သည်း အတုတွေ တပ်တာက လက်သည်းမှာ ညိုညစ်ညစ်၊ အ၀ါရောင်၊ အစိမ်းရောင်စွန်း ကျန်ရစ်စေပါ တယ်။ အဲဒါကို လက်သည်းမှိုစွဲတယ်လို့ ခေါ်ပါတယ်။ လက်သည်း အတုတွေကို မခွာဘဲ ခြောက်လလောက် ထားရင်ပိုပြီး အခြေအနေ ဆိုးစေပါတယ်။ လက်သည်း မှိုစွဲရင် မှိုသတ်တဲ့ ခရင်မ် (Anti-Fungal Cream) လိမ်းပေးပါ။ အခြေအနေ ဆိုးရင်တော့ သောက်ဆေး သောက်သင့်ပါတယ်။
လက်သည်း အရှည်နှေးခြင်း
လက်သည်း အရှည် အရမ်း နှေးလွန်းနေရင် အဲဒါက ကျန်းမာရေး တစ်ခုခု ချို့ယွင်းနေလို့ ဖြစ်ပါတယ်။ ဒါကြောင့် လက်သည်း ရှည်စေတဲ့ Biotin ဓာတ်ပါတဲ့ ပဲ၊ အုတ်ဂျုံ၊ သစ်ကြားသီး၊ ပဲပိစပ်၊ နေကြာစေ့နှင့် ဆန်လုံးညို တို့ကို စားပေးပါ။ ဒါ့အပြင် Vitamin B, C, A, D, E, Calcium, zinc, Iodine, Iron ဓာတ်တွေ ပါတဲ့ အစာတွေကလည်း လက်သည်းကို ကျန်းမာစေပါတယ်။
REF : beautyhigh.com
The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) မိုးခ်ဳပ္မွ ထမင်းစားရင် ၀ိတ်တက်မယ် Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)
- (အနောကျသို့) အိမ်တွင်း အကြမ်းဖက်မှုကို တကယ် တားဆီးနိုင်တော့ မှာလား Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)