အလွန်အဖိုးတန်သော မြန်မာ့ဆေးမြီးတို နည်းများ
(၁) အပူလောင်လျှင်
ရေနွေးပူ၊ မီးပူ၊ ဆီပူ များလောင်လျှင် ကြက်ဥ တစ်လုံး ကို ဖောက်၍ ကြက်ဥ အကာဖြင့် အပူလောင်သည့် ဒဏ်ရာပေါ်ကို သုတ်လိမ်းပေးပါက ချက်ချင်း သက်သာစေပြီး အမာရွတ်၊ ဒဏ်ရာ၊ အရေကြည်ဖု များ လုံးဝမပေါ်ပဲ ပျောက်ကင်းစေ ပါသည်။
(၂) ကြွက်နို့ပေါက်လျှင်
ချင်းတက်ကို ထိပ်မှ ဓါးဖြင့် လှီးဖြတ်၍ ၄င်းဖြတ်ထားသောနေရာမှာ ထုံးဖြူ သုတ်လိမ်း၍ ကြွက်နို့ပေါ် ကို ဖြည်းဖြည်းချင်း ပွတ်တိုက်ပေးပါ။ ချင်းနှင့်ထုံးတို့၏ အပူရှိန်ဖြင့် ကြွက်နို့အမြှစ်ပြတ်အောင် တိုက်စားသွား ပါလိမ့်မည်။
(၃) ကိုက်ခဲညောင်းညာနေလျှင်
မိဿလင်နှင့်ချင်း(ဂျင်း)တို့ကို ဆတူရောကြိတ်၍ (ညက်နေအောင် ထောင်း၍) မီးတောက်အရက်ခေါ် အရက် ဦးရည်နှင့် ပုလင်းတစ်လုံးထဲတွင် ထည့်၍ အဖုံးကို သေချာလုံအောင် ပိတ်၍ စိမ်ထားပါ။ ၃ ပတ်ခန့် စိမ် ထားပြီးလျှင် စတင်၍ လိမ်းနိုင်ပါပြီ။ လနှင့်ချီ၍ စိမ်ထားကာ ကိုက်ခဲညောင်းညာ သည့်နေရာတို့တွင် အနည်းငယ် ပွတ်လိမ်း၍ နှိပ်နယ်ပေးပါက အညောင်းအညာ သက်သာပျောက်ကင်းစေပါသည်။
(၄) ဆီးအောင့်၊ ဆီးနာဖြစ်လျှင်
ဇာတိပ္ဖိုလ်သီးကို ၅ ပုံ ၁ ပုံခန့် သွေး၍ ကြံရည်တစ်ခွက်ထဲ ထည့်မွှေ၍ သောက်လျှင် ဆီးအောင့်၊ ဆီးနာရောဂါများ ချက်ချင်း သက်သာပျောက်ကင်းစေပါသည်။
(၅) ချောင်းဆိုး၊ တီဘီရောဂါဖြစ်လျှင်
မိုးတွင်းအခါတွင် အလေ့ကျပေါက်သည့် အပွင့်ဝါ၍ အသီးမှာ လေးညှင်းနှင့်တူသော တောလေးညှင်းပင်ကို အမြှစ်ပါအောင် နှုတ်ယူ၍ ရေစင်အောင် ဆေးကြောကာ ရေ ၃ ခွက် ၁ ခွက်တင်အောင် ကျို၍ တစ်နေ့ကို မနက်၊ ည တစ်ခွက်စီ သောက်ပါ။ ၃ ရက်ခန့် သောက်ပါက ချောင်းဆိုး ပျောက်ပါသည်။ တီဘီရောဂါဆိုလျှင် ၄င်းဆေးရည်ကို ရေရှည်စွဲသောက်ပါက ရောဂါပျောက်ကင်းစေနိုင်ပါသည်။
စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ ရိုးရာဆေးမြီးတိုများ၊ မြန်မာ့ဆေးကျမ်းများ
ကျန်းမာရေးသတင်းများ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ထိပ်ပြောင်၊ နောက်ပြောင်လို့ စိတ်ညစ်နေသလား? Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)
- (အနောကျသို့) ဆံပင်ဖြူ၍ စိတ်ညစ်နေ သူများအတွက် သဘာဝဆေးနည်း Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)