ငါး လိုင်ချီးသီး အရည်ဆမ်း
ထိုင်း၊ ကမ္ဘောဒီးယမ်း လူမျိုးတွေ red curry paste, အုန်းနို့နဲ့ ချက်တတ်တဲ့ ဟင်းကို အခြေခံ ထားပေ မယ့် အုန်းနို့ မထည့်သလို၊ red curry paste အစား မိမိကြိုက်သည့် အနှစ်ကို လုပ်ပြီး ချက်ထားတဲ့ အနံ့ အရသာနဲ့ အတော်လေးပြည့်စုံတဲ့ ဟင်းလေးဖြစ် ပါတယ်။
***... ငါးနယ်ထားရန် လိုအပ် တာလေးတွေ…
1. အတုံးကြီးကြီး လှီးထားသော မိမိနှစ်သက်ရာငါး – 700 g (၄၆ ကျပ်သား)ခန့်
2. ငါးငံပြာရည် – ထမင်းစားဇွန်း ၂ ဇွန်း
3. chicken powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အားလုံးကို ရောနယ်ကာ ၁၅ မိနစ်ခန့် နှပ်ထားပါ။
***... ဟင်းအနှစ်အတွက် လိုအပ်တာလေးတွေ…
1. မာသည့် အပြင်ခွံ အချို့ကို ဖယ်ကာ ပါးပါး လှီးထားသော စပါးလင် – ထမင်းစားဇွန်း ၃ ဇွန်း ခန့်
2. ပဒဲကော (galanga) – လက်မအရွယ်ခန့် (အခွံခွါပြီး ပါးပါးလှီးထားပါ။)
3. အရမ်း မစပ်သည့် ငရုတ်သီး အခြောက်တောင့် – ၁၀ တောင့် (ရေနွေးထဲ ၁ နာရီခန့်စိမ်ထားပါ။)
4. အတုံးကြီးကြီး လှီးထားသော ကြက်သွန်နီ – 1 1/2 cups (375 ml)ခန့်
5. ကြက်သွန်ဖြူ – အတက်ကြီး ၄ တက်
6. ပြောင်စင်အောင်ဆေးထားသော နံနံပင်အမြစ် – ၄ ပင်
7. ပုဇွန်ခြောက်မှုန့် – ထမင်းစားဇွန်း ၂ ဇွန်းခန့်
စပါးလင်၊ ပဒဲကော နှင့် ရေစိမ်ပြီးသည့် ငရုတ်သီး အခြောက်တောင့်ကို ညက်အောင် ဦးစွာကြိတ် (သို့) ထောင်းပေးပါ။
ပြီးနောက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ နံနံပင်အမြစ် နှင့် ပုဇွန်ခြောက်မှုန့်တို့ကိုပါ ထည့်ပြီး ရောကြိတ် (သို့) ထောင်းလိုက်လျှင် လိုအပ်သော ဟင်းအနှစ်ကို ရပါပြီ။ (စလုံးစခုများ တတ်နိုင်သမျှ မကျန်စေရန် အရမ်းကြေညက်အောင် ကြိတ်ပေးဖို့ လိုပါတယ်။)
***.... ငါး လိုင်ချီးသီး အရည်ဆမ်း ချက်ရန် အတွက် လိုအပ်တာလေးတွေ…
1. ဆီ – 1/2 cup (125 ml)
2. ကြိတ် (သို့) ထောင်းထားသော ဟင်းအနှစ်
3. ရေနွေး – 3 1/3 cups (830 ml)
4. ငါးငံပြာရည် – 1/4 cup (60 ml)
5. chicken powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
6. အရသာဝင်အောင် နယ်ပြီး နှပ်ထားသော ငါး – 700 g (၄၆ ကျပ်သား)ခန့်
7. အတုံးကြီးကြီးလှီးထားသော ခရမ်းချဉ်သီး – 2/3 cup (160 ml) ခန့်
8. အရည်စစ်ထားသော လိုင်ချီးသီး – ၁ ဗူး (အလုံး ၂၀ ခန့်)
9. တစ်လက်မအရှည်ခန့်လှီးထားသော နံနံပင် – 1/3 cup (80 ml)ခန့်
10. တောရှောက်ရွက် (kaffir lime leavs) – ၈ ရွက်ခန့်
ဆီ နှင့် ကြိတ်ထားသော ဟင်းအနှစ်ကို medium heat ဖြင့် အဖတ်များ လိပ်ပြီးမွှေးလာသည် အထိ မွှေကြော်ပေးပါ။
မွှေးလာလျှင် ရေနွေး၊ ငါးငံပြာရည်၊ chicken powder တို့ထည့်၍ အိုးအဖုံး ဖုံးကာ high heat ဖြင့် ၅ မိနစ်ခန့် ပွက်ပွက်ဆူခိုင်းထားပါ။
ပြီးနောက် ပွက်ပွက်ဆူနေသောဟင်းရည်ထဲ ငါးများကို ထည့်ကာ အနည်းငယ်မွှေပြီး ၂ မိနစ်ခန့် ဆူအောင် ထားပါ။
ခရမ်းချဉ်သီးထည့်ကာ အိုးအဖုံး ဖုံး၍ ၁ မိနစ်ခန့် ဆက်တည်ပါ။
လိုင်ချီးသီး၊ နံနံပင် နှင့် တောရှောက်ရွက်ကိုထည့်၍ ခပ်ဖွဖွ အနည်းငယ်မွှေပေးကာ ၁ မိနစ်ခန့် တည်ပြီးနောက်…..
ငါး လိုင်ချီးသီး အရည်ဆမ်းလေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
ref;https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ဂျာမန် အမျိုးသားများက ကမ္ဘာ့အဆိုးဆုံး လိင်ဆက်ဆံဖက်ဖြစ်လာ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မြန်မာမယ် အွန်လိုင်းမဲ လိမ်ညာခံနေရမှု ဖြေရှင်းချက်မပေး၍ မြန်မာပရိသတ်များ အွန်လိုင်းမဲ မပေးကြရန် မေတ္တာရပ်ခံရုရှားက ဆယ်ကျော်သက် Shatuniha ဆိုသူက အွန်လိုင်းမှာ တစုံတရာကို လေလံတင်မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်ထွေရာလေးပါး...၉၃ မမြင်ရသော ဆေးဝါးများ
- (အနောကျသို့) အိပ်မက်အကြောင်း သိကောင်းစရာ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မြန်မာမယ် အွန်လိုင်းမဲ လိမ်ညာခံနေရမှု ဖြေရှင်းချက်မပေး၍ မြန်မာပရိသတ်များ အွန်လိုင်းမဲ မပေးကြရန် မေတ္တာရပ်ခံရုရှားက ဆယ်ကျော်သက် Shatuniha ဆိုသူက အွန်လိုင်းမှာ တစုံတရာကို လေလံတင်မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်ထွေရာလေးပါး...၉၃ မမြင်ရသော ဆေးဝါးများ