မိုးချုပ်မှ ထမင်းစားရင် ၀ိတ်တက်မယ်
ဟိန်းထက်
နေ၀င် မိုးချုပ်ပြီး နောက်ပိုင်းတွင်မှ ညစာ စားပါက တစ်ခြား အချိန်များမှာ စားခြင်းထက် ၀ိတ်တက်နိုင်ခြေ ပိုများကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။
လေ့လာမှု စစ်တမ်းကို ကြွက်များနဲ့ ပြုလုပ် ထားခြင်း ဖြစ်သည်။ ကြွက်များကို တူညီသော ကယ်လိုရီ ပမာဏ သာ စားစေသည့်တိုင် မိုးချုပ်ပိုင်းတွင်မှ စားသော ကြွက်များသည် မိုးမချုပ်ခင် စားသော ကြွက်များထက် ၀ိတ် ပိုတက်ကြောင်း တွေ့ခဲ့ရသည်။ အိပ်ချိန် အပါအ၀င် (၁၂) နာရီခန့် မစားမသောက်ဘဲ နေခြင်းသည် ၀ိတ်ကျစေခြင်း အဓိက တစ်ချက် ဖြစ်ကြောင်း လေ့လာမှု စစ်တမ်းက ဆိုသည်။
လေ့လာ တွေ့ရှိချက်များကို Cell Metabolism ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။ လူသား များတွင်ရော အလားတူ သက်ရောက်မှု ရှိမည်လား ဆက်လက် စမ်းသပ်သွားမည် ဖြစ်ကြောင်း သုတေသန ပညာရှင်များက ဆိုသည်။ လေ့လာမှု စစ်တမ်းတွင် ကြွက်အကောင် (၄၀၀) ပါဝင်သည်။ ကြွက် များကို အချိုနှင့် အဆီများသော အစား အစာများ အချိန် အမျိုးမျိုး ခွဲခြားပြီး ကျွေးကြည့်သည်။
ရလဒ်များကို စောင့်ကြည့် မှတ်တမ်းတင်သည်။ ထိုအခါ တစ်နေ့ကို (၂၄) နာရီပတ်လုံး စားချင်သည့် အချိန် စားခွင့်ရသော ကြွက်များသည် (၉) နာရီ သို့မဟုတ် (၁၂) နာရီ ၀န်းကျင်သာ စားခွင့်ရသော ကြွက်များထက် ၀ိတ် ပိုတက်နေကြကြောင်း တွေ့ခဲ့ရသည်။ အထူးသဖြင့် ညအိပ်ချိန် မရောက်မီ ရှေ့ပိုင်း လေးနာရီ အတွင်း ညစာစားမိသော ကြွက်များသည် ၀ိတ်အတက်ဆုံး ဖြစ်ကြောင်း တွေ့ခဲ့ရသည်။
အိပ်ချိန် နားကပ်သည့် အချိန်ထိ စားချင်သည့် အချိန် စားခွင့် ရထားသော ကြွက်များကိုပဲ အစာ ပမာဏ မလျှော့ဘဲ စားချိန်ကိုသာ ကန့်သတ်လိုက်ခြင်းဖြင့် စမ်းသပ်သည့် အခါ ထိုကြွက်များသည် ခန္ဓာကိုယ် အလေးချိန်(၅) ရာခိုင်နှုန်း ကျဆင်း သွားကြောင်း တွေ့ခဲ့ရသည်။ အထူးသဖြင့် အိပ်ချိန်ရှေ့ လေးငါးနာရီ အတွင်း အစားမစားအောင် ထိန်းချုပ် ခံထားရသော ကြွက်များသည် ၀ိတ် အကျဆုံး ဖြစ်ကြောင်း တွေ့ခဲ့ ရသည်။
လူသားများ တွင်လည်း အလားတူ သက်ရောက်မှု ရှိမည်ဆိုပါက အစားကို လျှော့စရာ မလိုဘဲ စားချိန်ကို ကန့်သတ်ခြင်းဖြင့် ၀ိတ်ကျအောင် ချနိုင်မည်။ အရိုးရှင်းဆုံး မှတ်ရန်မှာ အိပ်ချိန် မတိုင်မီ လေးငါးနာရီ အတွင်း မစားရ။ ထို့ထက် ရိုးရှင်းအောင် ဆိုရလျှင် နေမ၀င်ခင် ညစာစား။ မိုးချုပ်မှ စားခြင်းသည် ၀ိတ်တက်စေမည့် အကြောင်းရင်းဟူ၍ ဖြစ်သည်။
Source: Daily Mail
The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) Ubuntu OS ပေါ်တွင် MP4 မှ AVI Format သို့ Convert ပြုလုပ်ခြင်း Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'