Bacteria That Produce Gasolin



ကိုရီးယား သုတေသီ များဟာ ဓာတ်ဆီ အစားထိုး ဓာတ်ပစ္စည်း ထုတ်ပေးနိုင်တဲ့ E. coli ဘက်တီးရီးယား မျိုးစိတ်အသစ် တစ်ခုကို ဖန်တီးနိုင် ခဲ့ပါတယ်။ လောင်စာဆီ ထုတ်ပေး နိုင်တဲ့ ဘက်တီးရီးယားဟာ အမှိုက်ထဲက ရွှေပါပဲ။

ကျောက်ဖြစ် ရုပ်ကြွင်း ပင်ရင်းမှ လောင်စာ တူးဖော် ထုတ်လုပ် တာဟာ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေ တဲ့အပြင် ငွေကြေး အရရော၊ ဒေ သဆိုင်ရာ နိုင်ငံရေး တွေမှာပါ ထိခိုက် သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့်လည်း အဲဒီလို သဘာဝ ရုပ်ကြွင်း တွေကို မတူးဖော် ရဘဲ ကမ္ဘာ ကြီးရဲ့ ကြီးမားလှတဲ့ လောင်စာ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးဖို့ နည်းလမ်း ရှာဖွေ နိုင်တာ သိပ်ကို အကျိုးများ လှပါတယ်။ ဘက်တီးရီးယား တွေဟာ အံ့ဖွယ်အရာ များစွာကို ပြုလုပ် နိုင်ကြောင်း သက်သေတွေ အများကြီး ပြခဲ့ဖူး ပါတယ်။ ဘက်တီးရီး ယား တွေဟာ သင့်ယမကာကို မူးယစ် စေသလို ရွှေကစလို့ ဒီဇယ်ဆီ အထိ ထုတ်လုပ်ဖို့ အသုံးပြုခဲ့ ကြပါတယ်။ ဇီဝလောင်စာ ထုတ်လုပ်မှုနဲ့ ပတ်သက် ရင်တော့ အက်သနော ထုတ်တဲ့ ဘက်တီးရီးယားကို ကျွန်တော်တို့ အရင်းနှီးဆုံး ဖြစ်မှာပါ။ ဒါပေမယ့် ကိုရီးယား သုတေသီတွေ Nature ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှု အသစ်မှာ ထောက်ပြ သလိုပါပဲ ဇီဝလောင်စာ တွေနဲ့ ယှဉ်လိုက်ရင် ရေနံဆီ မှာတော့ စွမ်းအင် ၃၀ရာခိုင်နှုန်း ပိုပါပါတယ်။



အခု ဇီဝအင်ဂျင်နီယာ နည်းပညာ ကတော့ ဓာတ်ဆီလို့ လူသိများတဲ့ short-chain hydrocarbon တွေတည်ဆောက် ရာမှာ သုံးတဲ့ ဓာတု ပစ္စည်း တစ်မျိုးနဲ့ ပုံတူ short-chain Alkane မော်လီကျူးတွေ ထုတ်လုပ်စေဖို့ ရှိပြီးသား E. coli မျိုးစိတ် တွေကို ပြုပြင်ယူ ထားတာပါ။ တစ်နည်း ပြောရရင် ဒီဘက်တီးရီးယား တွေရဲ့ စွန့်ပစ်ပစ္စည်း တွေကို ကားထဲ ထည့်လိုက်ရင် ကားမောင်းလို့ ရပါပြီ။ ပြုပြင်ထားတဲ့ E. coli တွေကို အပင်တွေ ဆီကရတဲ့ ဂလူးကို့စ် သကြားဓာတ် ကျွေးလိုက်ရင် သူတို့မှာ ရှိတဲ့ အင်ဇိုင်း တွေက သကြားဓာတ်ကို fatty acid အဖြစ် ပြောင်းလဲ ပေးပြီး နောက်ဆုံးမှာ လက်ရှိ ရောင်းနေတဲ့ လောင်စာနဲ့ ဓာတု တည်ဆောက်ပုံ တစ်ထပ်တည်း တူတဲ့ hydrocarbons အဖြစ် ပြောင်းပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂလူးကို့စ် တစ်လီတာ ကနေ ဓာတ်ငွေ့ ၅၈၀ မီလီဂရမ်သာ ထုတ်ပေး နိုင်တာမို့ သိပ်ကြီးတော့ အလုပ်မဖြစ် သေးပါဘူး။ ဒီနည်းပညာဟာ ကားတွေကို ရွေ့လျားစေ လောက်တဲ့ စွမ်းအင်ရဖို့ မဖြစ်နိုင် သေးပေမယ့် စွန့်ပစ်ပစ္စည်း တွေကိုသာ သုံးပြီး အဝေးပြေး လမ်းမကြီး တွေပေါ်မှာ ကားတွေ မောင်းနိုင်ဖို့ အတွက် အရေးကြီးတဲ့ ခြေလှမ်း တစ်ခုပဲ ဖြစ်ပါတယ်။


Images from cdn1.sbnation, maxcdn.fooyoh, img.gawkerassets. Source: gizmodo.com
Author Tornado
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...