ဝမ်းဗိုက်အဆီ ဘယ်လိုလျှော့ချမလဲ


Health Updates Journal No. 86

ဝမ်းဗိုက်အဆီပိုများသည် တင်နှင့်ပေါင်သား အဆီပိုများထက် ဆိုးကျိုးပိုမိုကြီးမားသည်။ အဆီအဆိမ့် စားခြင်းကြောင့် ဗိုက်အဆီစုခြင်းမဟုတ်ဘဲ ကယ်လိုရီစားသုံးမှုများလျှင်ပင် ဗိုက်အဆီစုတတ်သည်။ မိဘမျိုးရိုး၊ အစားအသောက်၊ အသက်အရွယ် နှင့် နေထိုင်မှုပုံစံတို့အပေါ်မူတည်၍လည်း ဗိုက်အဆီစုတတ်သည်။

ထမင်း၊ ဂျုံ၊သကြား၊ အချိုရည်၊ အရက်တို့အပါအ၀င် အစားအသောက်မျိုးစုံမှ ကယ်လိုရီရရှိနိုင်ရာ အရက်မှရသည့် ကယ်လိုရီသည် အခြားရင်းမြစ်များမှရသည့် ကယ်လိုရီထက် ၀မ်းဗိုက်အဆီပိုစုစေသည်။
မာဂျရင်း၊ ကွတ်ကီး၊ ဘီစကွတ် ပွကြွပ်၊ အကြော်နှင့် အရန်သင့်အစားအစာများတွင် အသွင်ပြောင်းအဆီ (trans-fat) ပါဝင်ပြီး ၎င်းအဆီများသည် ခန္ဓာကိုယ်နေရာအနှံ့မှ အဆီများကို ၀မ်းဗိုက်သို့ ရွှေ့ပြောင်းစုပုံစေသည်။

ဝမ်းဗိုက်အဆီကျစေရန် အရက်သောက်ခြင်း၊ သရေစာစားခြင်းလျှော့သင့်သည်။ မောပန်းနွမ်းနယ်လာလျှင် အချိုရည်ထက် ရေကောင်းရေသန့် ကိုသာ ဦးစားပေးသောက်သင့်သည်။ ၀မ်းဗိုက်အဆီကျစေရန် နေ့စဉ်အစားအစာထဲ၌ အမျှင်ဓါတ်များများ ထည့်စားသင့်သည်။ ဆန်ဖြူထက် ဆန်လုံးညိုကို ဦးစားပေးစားသုံးပါ။ အမျိုးသားများသည် အမျိုးသမီးများထက် ၀မ်းဗိုက်တွင်အဆီပိုစုတတ်ရာ အမျိုးသားများအနေနှင့် ဗိုက်အဆီကျရန် ပိုမိုအားထုတ်ရလေ့ရှိသည်။
ဗိုက်အဆီချမည်ဆိုပါက ကယ်လိုရီလျှော့စားခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်းတို့ ပူးတွဲပြုလုပ်ရန်လိုသည်။ ဒိုက်ထိုးခြင်း၊ အိပ်ထမတင်လုပ်ခြင်းသည် ၀မ်းဗိုက်ကြွက်သားများကိုသာ တောင့်တင်းစေပြီး ၀မ်းဗိုက်အဆီ သီးသန့်လျော့ကျစေသည် မဟုတ်ပေ။

ပြေးခြင်း၊ ရေကူးခြင်း၊ စက်ဘီး စီးခြင်း၊ တင်းနစ်ကစားခြင်းစသည့် လေ့ကျင့်ခန်းများသည် ၀မ်းဗိုက်အဆီချရာ၌ ပိုမိုအထောက်အပံ့ဖြစ်စေသည်။

ဇော်ကို
Source:WebMD

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...