သွေးကျဲဆေးအကြောင်း သိကောင်းစရာ


Health Updates Journal No. 86

သွေးကျဲဆေး (blood thinner) လို့ အလွယ်ခေါ်ကြပေမယ့် သွေးကျဲသွားအောင်လုပ်ပေးတာ မဟုတ် ပါဘူး။ Warfarin ဆိုတဲ့ဆေးဟာ သွေးခဲဖြစ်စေတတ်တဲ့ ဗိုက်တာမင် K ကို အဓိကတားဆီးပြီး သွေးကြောတွေထဲ သွေးခဲပိတ်ဆို့ခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေး ကျဲဆေးပေးရတဲ့ အဓိကရည်ရွယ်ချက်ကလည်း အရေးကြီးသွေးကြော ထဲမှာ သွေးခဲမပိတ်အောင်ဖြစ်ပါတယ်။
သွေးကျဲဆေး၏ဘေးထွက်ဆိုးကျိုးကတော့ သွေးထွက်လွန်ခြင်းဖြစ်ပါတယ်။ ဒဏ်ရာရပြီးတော်တော်နှင့် သွေးမတိတ်တာ၊ ဆီးအရောင်နီခြင်း၊ ညိုခြင်းဖြစ်တဲ့အခါ၊ ကတ္တရာစေးလို ၀မ်းမည်းမည်းသွား တဲ့အခါတွေမှာ သွေးကျဲဆေးချက်ချင်းရပ်ပြီး ဆရာဝန်နှင့်ပြဖို့လိုပါတယ်။

သွေးကျဲဆေးနေ့စဉ်သောက်သုံးရသူတွေဟာ နေ့စဉ်အချိန်မှန်မှန် သောက်ပေးဖို့လိုပါတယ်။ ဆေးသောက်ဖို့မေ့သွားလျှင် သတိရရချင်း သောက်သင့်ပါတယ်။ ဆေးသောက်ချိန်ကျော်သွားလို့ တစ်ရက်မသောက်ဘဲ နေလိုက်တာ၊ နောက်နေ့မှပေါင်းသောက်တာ မလုပ်ရပါဘူး။
သွေးကျဲဆေးသောက်သူတွေဟာ သွေးထွက်နိုင်တဲ့ကိစ္စမှန်သမျှ သတိထားရပါတယ်။ ဓါး၊ ကတ်ကြေး၊ ဂျုတ်ကအစ သတိထားကိုင်တွယ်ရပါတယ်။ သွားပွတ်တံကိုလည်း ပျော့ပျော့ပြောင်းပြောင်းရွေး ချယ်ဖို့လိုပြီး သွားကြားထိုးတံမသုံးရပါဘူး။ အပြင်ထွက်တိုင်း ရှူးဖိနပ်စီးသင့်သလို လက်ကိုဒဏ်ရာဖြစ်စေနိုင်တဲ့ ကိစ္စတိုင်းလက်အိတ်စွပ်ပြီးမှ အလုပ်လုပ်သင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်တဲ့အခါ သွေးထွက်စေတဲ့ဒဏ်ရာမျိုး အဖြစ်နည်းစေတဲ့ အားကစားမျိုးကို ဦးစားပေးသင့်ပါတယ်။ ဘတ်စ်ကားစီးတဲ့အခါမှာလည်း ကားလက်ကိုင်တန်းနှင့် ခေါင်းမဆောင့်မိစေဖို့ ဂရုပြုသင့်ပါ တယ်။

သီဟ
Source:WebMD

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...