အမျိုးသားများ ကျန်းမာရေးနှင့်ပတ်သက်သည့် သတိရှိမှုအားနည်းနေ


Health Updates Journal No. 88

စစ်တမ်းလေ့လာမှုတစ်ခုအရ အမျိုးသားများသည် ပြင်းထန်သောရောဂါဝေဒနာများကြောင့် သေဆုံးနိုင်ခြေမှာ အမျိုးသမီးများထက် ပိုများကြောင်း တွေ့ရသည်။ အကြောင်းမှာ အမျိုးသားများက ရောဂါဝေဒနာလက္ခဏာများနှင့် ပတ်သက်ပြီး မသိနားမလည်ကြသောကြောင့် ဖြစ်ကြောင်း သိရသည်။

လေ့လာမှုတွင် အသက် ၅၀ကျော် အမျိုး သားအမျိုးသမီး ၁၁၇၂၉ ဦး အား လေ့လာခဲ့ရာ အူမကြီး ကင်ဆာ၏ လက္ခဏာနှင့် ပတ်သက်၍ သိရှိမှုနှုန်း မှာ အမျိုးသားအရေအတွက် ၅၅% သာရှိ၍ အမျိုးသမီး အရေအတွက် ၇၂%သိရှိကြောင်း တွေ့ရသည်။ 

ထို့ပြင် ဆီးကျိတ်ကင်ဆာရောဂါ လက္ခဏာနှင့် ပတ်သက်၍ သိရှိသူဦးရေမှာ ၄၁%သာရှိပြီး အခြားသော အဆုတ်ကင်ဆာ၊ အရေပြား ကင်ဆာ၊ အဆစ်ရောင်ရောဂါနှင့် Dementia ရောဂါများနှင့် ပတ်သက်၍ လည်း သိရှိသည့်အရေအတွက်မှာ အမျိုးသမီးများထက် သိသာစွာ နည်းလေသည်။ ထို့ထက် သာမက အမျိုးသားလေးယောက်လျှင် တစ်ယောက်နှုန်းမှာ ရောဂါ ပြင်းထန်စွာ ခံစားနေရလျှင်ပင် ဆရာဝန်ထံ သွားပြဖို့ တုန်နှေးနေတတ်ကြပြီး ရောဂါအား ကုသနိုင် သည့်အခြေအနေ လွန်သွားမှ သိရသည့် ရလဒ်များကြုံတွေ့ကြကြောင်း သိရသည်။

ဖိုးသောကြာ
ref:Netdoctor.co.uk
Health Updates Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...