တရုတ်အမျိုးသမီး ပါမောက္ခမြန်မာကျောင်းသား ၂၇ ဦးအား ပညာသင်ကြေးထောက်ပံ့
မြန်မာဘာသာစကား ပါမောက္ခဆုရှီးယုသည် ဆင်းးရဲချို့တဲ့၍ ထူးခြားသော မြန်မာကျောင်းသား ၂၇ ဦးအား တက္ကသိုလ်ပညာသင်ယူနိုင်ရန် ပညာသင်စရိတ် ကျပ်နှစ်သိန်းစီချီးမြှင့်ခဲ့ကြောင်း တရုတ်သံရုံး က ကြေညာထားသည်။
မြန်မာကျောင်းသားများ ပထမပညာသင်နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့ပေးခြင်းဖြစ်ပြီး နောင် နှစ်များ၌ ပညာသင်စရိတ် တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ကာ ဘွဲ့ရသည်အထိ ထောက်ပံ့မည်ဖြစ် ကြောင်း သိရသည်။
မြန်မာကျောင်းသား ၂၇ ဦးသည် ပြည်နယ်နှင့်တိုင်းဒေသကြီးကိုးခုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးချွန်စွာအောင်မြင်၍ တက္ကသိုလ်တက်ရောက်မည့်သူများဖြစ်ပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီး ငါးခုမှ ကျောင်းသား ၁၅ ဦးအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ရန် ရည်ရွယ်ထားကြောင်း ကြေညာ ချက်တွင် ရေးသားထားသည်။
အသက် (၈၅) နှစ်အရွယ်ရှိ ပါမောက္ခဆုရှီးယုသည် မြန်မာပြည်ဖွား အမျိုးသမီးတစ်ဦးဖြစ်ပြီး ရန်ကုန် တက္ကသိုလ်မှ ဘွဲ့ရရှိပြီးနောက် တရုတ်နိုင်ငံရှိ ဘေဂျင်းနိုင်ငံခြားဘာသာ တက္ကသိုလ်၌ မြန်မာဘာသာ စကား ကျွမ်းကျင်သူပါမောက္ခအနေဖြင့် တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့သူဖြစ်သည်။
7Day News Journal
Vol.12, No.31, October 9, 2013