ဟန်


လူတွေဟာ အချင်းချင်း ပေါင်းသင်းဆက်ဆံရာမှာ လိမ်ညာ ဖြီးဖြန်းပြီး ဆက်ဆံနေကြတာ. . . မဟုတ်တာကို အဟုတ်လုပ်ပြော ၊ မြှောက်ပင့်ပြီးလည်းပြောတယ်. . အလုပ်ဖြစ်အောင် ၊ ကိုယ့်အကျိုး ပြီးမြောက်အောင် လှည့်ပတ်ပြောတယ်. . .

လူဟာ ဟန်ဆောင်လည်းကောင်းတယ် ၊ ဟန်လုပ်လည်းပြောတယ်၊ စိတ်ထဲက လိမ်ညာပြီး ဖြီးဖြန်းနေပေမယ့် အပြင်ဟန်ပန်လေသံတွေက တည်ကြည်တဲ့ လူရိုးလူဖြောင့်လိုလို ၊ သူကောင်းလိုလို ပိပိရိရိဟန်ဆောင်တတ်၊ သရုပ်ဆောင်တတ်တယ်. .

"မုသားမပါ လင်္ကာမချော" ဆိုတဲ့ အဆိုအမိန့်အတိုင်း လိမ်ညာနေတာကိုပဲ လိမ်ညာနေတယ်လို့ မသိရအောင် အဖုံးအကွယ် အလှည့်အချိုးတွေနဲ့ လူလည်တွေဟာ ပြောတတ်ဆိုတတ်တယ်. . . . မှန်ကန်သော စကားတွေကို ဆိုနေတဲ့ လူမှန်လူဖြောင့် ပုံပေါ်အောင် ဖော်ဆောင်တတ်ကြတယ်. .

လူသည် လိမ်နိုင်ကောက်နိုင်မှာ ကိုယ်၏ချမ်းသာခြင်း ၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်သော သတ္တ၀ါဖြစ်၏ အမြင်ကပ်ရင်အမြင်ကပ်ကြောင်း၊ ကြည့်မရရင် ကြည့်မရကြောင်း ၊ အချိုးမပြေရင် အချိုးမပြေတဲ့ အကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံရင်လည်း တစ်ဦးနဲ့တစ်ဦး ခိုက်ရန်ဒေါသတွေ ဖြစ်ပွားပြီး သတ်ကြ ဖြတ်ကြလို့အသုဘချတာနဲ့ပဲ အချိန်ကုန်သွားနိုင်တယ်. ..လို့ ကာတွန်းဦးဘဂျမ်းကဆိုပါတယ်.. .

နန္ဒသိန်းဇံ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...