ကျန်းမာသန်စွမ်းစေရန် ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များကို အားဖြည့်ပေးပါ



ခန္ဓာကိုယ်တွင်းက အသေးဆုံး တည်ဆောက်ပစ္စည်းတွေဖြစ်တဲ့ ဆဲလ်တွေဟာ အသက်ရှည်ရှည်နေရဖို့နဲ့ ကျန်းမာရေးကောင်းဖို့အတွက် အရေးပါနေပါတယ်။ သင့်ရဲ့ လူပ်ရှားမူ၊ မှတ်ဉာဏ်၊ ကိုယ်ခံစွမ်းအားစနစ်ရဲ့ တုန့်ပြန်မူနဲ့ အသက်ရှူသွင်းခြင်းစတဲ့ လုပ်ဆောင်မူ လုပ်ငန်းဆောင်တာ အားနည်းသွားရင် အိုမင်းခြင်း၊ ရောဂါဘယတွေနဲ့ သေဆုံးခြင်းအထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ကျန်းမာသန်စွမ်းနေအောင် အားဖြည့်ပေးဖို့ လိုပါတယ်။

၁။ ဆဲလ်အတွင်းရှိ မိုက်တိုကွန်ဒရီးယားများ အားပြည့်နေအောင်
ဆဲလ်တွေက Laptop ကွန်ပျူတာလိုပဲ အားသွင်းပေးဖို့ လိုအပ်နေပါတယ်။ ဆဲလ်အတွင်းမှာရှိတဲ့ မိုက်တိုကွန်ဒရီးယား ဒီအင်န်အေတွေဟာ အားနည်းသွားတာနဲ့ အအေးမိခြင်းလို ဝေဒနာခံစားရကာ မှတ်ဉာဏ်ထိခိုက်ခြင်းမှ ခုခံစွမ်းအားဆဲလ်တွေ ပျက်စီးခြင်းအထိ ဖြစ်စေနိုင်ပါတယ်။ ကနေဒါတက္ကသိုလ်မှ လေ့လာသူတွေက ဆဲလ်အတွင်းက မိုက်တိုကွန်ဒရီးယားတွေ အားကောင်းနေအောင် ၅၆ ရာခိုင်နူန်းအထိ သင့်အနေနဲ့ စွမ်းဆောင်နိုင်ကြောင်း ဆိုပါတယ်။

ဘယ်လိုအားဖြည့်ပေးရမလဲ?
ဆဲလ်အတွင်းရှိ မိုက်တိုကွန်ဒရီးယားဟာ ဗိုင်းရပ်စ်တစ်မျိုး ၀င်လာတဲ့အခါမှာ စတင်တိုက်ခိုက်ပါတယ်။ အဲဒီအခါ တိုက်ခိုက်မူ စွမ်းရည်အားကောင်းနေအောင် လေ့ကျင့်ခန်းလုပ်ပေးပါ။ လမ်းလျှောက်ခြင်း၊ ပြေးခြင်းတို့လို လေ့ကျင့်ခန်းမျိုးကို အသင့်အတင့်ပြုလုပ်ပေးတာက မိုက်တိုကွန်ဒရီးယားထဲက PGC-1 ဆိုတဲ့ ပရိုတင်းတစ်မျိုးကို အားကောင်းစေပါတယ်။

ဘာစားပေးသင့်သလဲ?
ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကောင်းနေအောင် တစ်နေ့ ကြက်ဥပြုတ် ဒါမှမဟုတ် ဘဲဥပြုတ်နှစ်လုံးကို စားပေးပါ။ ဒါဟာ မိုက်တိုကွန်ဒရီးယားတွေအတွက် အရေးပါတဲ့ ဆီလီနီယမ်တို့ အလုံအလောက် ရရှိစေပါတယ်။ နံနက်စာမှာ ကြက်ဥ၊ ဘဲဥပြုတ် ကို မစာစးဖြစ်ရင်တောင် ညနေပိုင်းသရေစာအဖြစ် အညိုရောင်ပေါင်မုန့်ကို ချိစ်(Cheese) သုတ်ပြီး စားပေးပါ။


၂။ ဒီအင်န်အေ ကျန်းမာနေအောင်
စိတ်ဖိစီးမူဟာ ဒီအင်န်အေဆဲလ်တွေကို ပျက်စီးစေနိုင်ပါတယ်။ တာရှည်စိတ်ဖိစီးမူခံစားရခြင်းဟာ သက်တမ်းတိုစေပြီး အိုမင်းတဲ့အထိ ခံစားရနိုင်ပါတယ်။ ဘ၀မှာ စိတ်ပူပင်သောကကိုသာ လျှော့ချနိုင်မယ်ဆိုရင် ၁၀နှစ်လောက် အသက်ပိုရှည်နိုင်ကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ် လေ့လာမူအရ သိရပါတယ်။

ဘယ်လို ထိန်းချုပ်ပေးသင့်သလဲ?
စိတ်ဖိစီးမူကို လျှော့ချနိုင်ဖို့ လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုပါတယ်။ နေ့စဉ် တစ်နာရီခန့် ရေကူးခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်းစတဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးတာက စိတ်ဖိစီးမူကို ထိန်းချုပ်နိုင်ပြီး ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်းရဲ့ ခရိုမိုဇုမ်းအဆင့်ကို ထန်းသိမ်းပေးနိုင်ပါတယ်။

ဘာစားပေးသင့်သလဲ?
တစ်နေ့မှာ ရေနွေးကြမ်းနှစ်ခွက်ခန့်သောက်တဲ့ အမျိုးသားတွေဟာ အသက် ငါးနှစ်ပိုရှည်ရှည်နေရလေ့ ရှိကြောင်း လေ့လာသူတွေက ဆိုပါတယ်။ ရေနွေးကြမ်းဟာ စိတ်ဖိစီး မူဟော်မုန်း ကော်တီဇုန်းပမာဏကို လျှော့ချပေးပါတယ်။ စိတ်ဖိစီးမူဟာ ဆဲလ်တွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ သံပရာရည် ရှောက်ရည်ဟာလည်း စိတ်ဖိစီးမူကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိုခိက်ပျက်စီးစေမူကို လျော့ကျစေပါတယ်။


၃။ နှလုံးဆဲလ်တွေ ကျန်းမာနေအောင်
ပြိတိန်အမျိုးသားတွေမှာ အကြီးမားအဆုံးအသက်အန္တရာယ်က နှလုံးရောဂါဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ကျန်တဲ့အစိတ်အပိုင်းတွေလိုပဲ နှလုံးထဲက ဆဲလ်တွေဟာ အချိန်နဲ့အမျှ အသစ်ဖြစ်ပေါ်နေပါတယ်။ အသက် ၅၀အရွယ်မှာတော့ နှလုံးဆဲလ်တွေရဲ့ ၅၅ ရာခိုင်နူန်းဟာ မွေးစအချိန်အတိုင်းတည်ရှိနေပြီး နောက်ပိုင်းမှာ ၄၅ရာခိုင်နူန်းလောက်ဟာ အသစ်ဖြစ်ပေါ်လာပါတယ်။ နှလုံးဆဲလ်တွေဟာ အသစ်ဖြစ်ပေါ် မလာရင် နှလုံးကြွက်သားထိုခိုက်ကာ နှလုံးရောဂါထခြင်း(Heart Attack)ကို ဖြစ်စေနိုင်ပါတယ်။

ဘယ်လို အားဖြည့်ပေးရမလဲ?
အသင့်အတင့်လေးတဲ့ အလေးတုံးကို မ, ပေးတာ နှလုံးတစ်သျှူးတွေကို သန်စွမ်းစေပြီး ခန္ဓာကိုယ်အနှံ့ သွေးရောက်ရှိမူများစေပါတယ်။

ဘာစားပေးသင့်သလဲ?
ပရိုတင်းဓာတ်ကြွယ်ဝတဲ့ကြက်သားကိုအစိမ်းရောင်ဟင်းသီးဟင်းရွက်တွေနဲ့ ရောကြော်စားပါက နှလုံးဆဲလ်တွေ ကိုအားပြည့်စေပါတယ်။

(ဇွန်)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...