ကိုယ်ခံစွမ်းအားကောင်းစေမည့် နည်းငါးသွယ်
ဘ၀မှာ ကျန်းမာပျော်ရွှင်ချင်တယ်ဆိုရင်တော့ ဦးနှောက်၊ စိတ်ဓာတ်၊ ဘ၀တက်လမ်း၊ အသည်းနဲ့ ဆက်ဆံရေးတွေမှာ ကိုယ်ခံစွမ်းအားကောင်းမွန်စွာနဲ့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ဖို့ လိုအပ်ပါတယ်။
သင့်ဦးနှောက်ကို အားဖြည့်ပါ
သီချင်းတိုးတိုးလေး နားထောင်ရင်း ဦးနှောက်ရဲ့ ဖိစီးမူ ဖြစ်ပေါ်နေတဲ့အပိုင်းကို ဖြေလျှော့ပေးပါ။ အေးငြိမ့်နေတဲ့ သံစဉ်စာ နားမှတစ်ဆင့် စိတ်ရူပ်ထွေးနေတဲ့ ဦးနှောက်ဆီ ရောက်ရှိကာ စိတ်ပြေလျော့ သွားစေပါတယ်။
သင့်စိတ်ဓာတ်ကို အားဖြည့်ပါ
နာနတ်သီးစိတ်ကို စားပေးပြီး အတိတ်ရဲ့ ပျော်ရွှင်ဖွယ်ရာ အရိပ်တွေကို တွေးတောလိုက်ရင် ကြည်နူးမူကို ပိုမိုရရှိစေပါလိမ့်မယ်။ အတိတ်ရဲ့ အမှတ်ရဖွယ်ပုံရိပ်တွေဟာ ပစ္စည်းဥစ္စာတွေထက် ပိုပျော်ရွှင်စေပါတယ်။ နာနတ်သီးမှာ မှတ်ဉာဏ်စွမ်းအား ကောင်းမွန်စေတဲ့ မဂ္ဂနိစ် အများအပြားပါဝင်နေပါတယ်။
သင့်ဘ၀တက်လမ်းကို အားဖြည့်ပါ
အနက်ရောင် ဘယ်ရီသီးပါဝင်တဲ့ နံနက်စာကို စားပေးတာက အသက်မွေးဝမ်းကြောင်း အလုပ်လုပ်ကိုင်နေသူတွေမှာ တခြားသူတွေထက် တွေးခေါ်မြော်မြင်မူ ပိုကောင်းပြီး ပိုအောင်မြင်ကြတာကို တွေ့ရပါတယ်။
သင့်အသည်းကို အားဖြည့်ပါ
အရက်သောက်မယ့်အစား အကျိုးပြု ဘက်တီးရီးယားပါဝင်တဲ့ ဒိန်ချဉ်သောက်ပေးနိုင်ပါတယ်။ ရုရှားလေ့လာမူအရ အရက်အလွန်အမင်းသောက်သူတွေဟာ အသည်းထိခိုက်နူန်းများတတ်ပေမယ့် အရက်သောက်သော်လည်း ဒိန်ချဉ်သောက်သူတွေမျာတော့ ခန္ဓာကိုယ်ရဲ့ ချေဖျက်အင်ဇိုင်း အားကောင်းစေကာ အသည်းထိခိုက်မူနည်းတာကို တွေ့ရှိရပါတယ်။
သင့်ဆက်ဆံရေးကို အားဖြည့်ပါ
ငြီးငွေ့ဖွယ်ရာကောင်းတဲ့ အချိန်မှာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရမှာ စိတ်မပါရင် သစ်သီးဖျော်ရည် တစ်ခွက်ကို သောက်ပေးပါ။ သစ်သီးဖျော်ရည်မှာပါတဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ သစ်သီးရနံ့ကြောင့် စိတ်လန်းဆန်းသွားပါလိမ့်မယ်။
(ကြယ်စင်)