ဆီးချို၊ သွေးချိုရောဂါ ရှာဖွေခြင်းနှင့် ပတ်သက်၍
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl0-JMFXut2BcKUDcw8lmwukySUaKy6BhHrtfjxekgQq2B9MFBgLfTCofu6hN0OdkIQHMD0t0TEP9zINklvR5VNGo3gnzWsHIjVH8DiOlENi_N61It4EeDkADaoaYglrik2XSUMA6rBCym/s400/2013-08-08+03.29.31.jpg)
ဆီးချို၊ သွေးချိုရောဂါနဲ့ပတ်သက်ပြီး အမေရိကန်ဆီးချို၊ သွေးချိုအသင်း (ADA) ရဲ့ ၂၀၁၀ခုနှစ် လမ်းညွှန်တွင် ရောဂါရှာဖွေရာ၌ Hb A1C (ADA) သွေးစစ်ဆေးခြင်းကို ပြုလုပ်ရန် အကြံပြုထားသည်ကို တွေ့ရှိရပါသည်။ ယခင်က A1C ကို ဆီး၊ သွေးချိုရောဂါရှင်များတွင် သွေးတွင်းသကြားဓာတ် (Blodd Sugar) ထိန်းထားနိုင်မူ ကောင်း၊ မကောင်း Control အတွက်သာ စစ်ဆေးခဲ့ကြပါသည်။ A1C မှာ သုံးလတွင်း သွေးတွင်းသကြားဓာတ် အခြေအနေကို ညွှန်ပြပါသည်။ သို့သော် ယခုအခါ ADA က ဆီးချို၊ သွေးချိုရောဂါရှိနေသည်ကို မသိသေးသည့်သူအရေအတွက် နည်းသွားရေးနှင့် ဆီးချိုသွေးချိုမဖြစ်မီ အကြိုကာလ၊ တစ်နည်းအားဖြင့် ရောဂါဖြစ်နိုင်ခြေရှိသူများကို ဖော်ထုတ်ရန်အတွက် ရော၈ါရှာဖွေရာတွင် A1C သွေးစစ်ဆေးရန် အကြံပြုထားပါသည်။
A1C မှာ ညဘက်အစာငတ်ခံစရာမလိုဘဲ မည်သည့်အချိန်တွင်မဆို စမ်းသပ်နိုင်သဖြင့် လူနာအတွက် အဆင်ပြေလှသည်။ ရောဂါကို စောစော ကြိုတင်ဖော်ထုတ်နိုင်သဖြင့် နောက်ဆက်တွဲရောဂါများ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်သည်။ ဆီးချို၊ သွေးချိုအမျိုးအစား (၂)မှာ အခြားနာတာရှည်ရောဂါ များနှင့် မတူပါ။ အမှန်အားဖြင့် ရောဂါဖြစ်နိုင်သော အကြိုကာလတွင် လူတို့၏ ဘ၀နေထိုင်စားသောက်မူ ပုံစံပြောင်းလဲလိုက်ခြင်းဖြင့် ရောဂါကို ကြိုတင်ကာကွယ်နိုင်ပါသည်။ ရောဂါကို စောစောဖော်ထုတ်ခြင်းဖြင့် လူ့ဘ၀နေထိုင်မူအရည်အသွေးအပေါ် ကွာခြားမူကြီးမားသော အကျိုးကျေးဇူးရနိုင်ပါသည်။
Evidence Base Guidlines များအရ A1C 5 ရာခိုင်နူန်းမှာ ဆီးချို၊ သွေးချိုရောဂါ လုံးဝမရှိသူ၊ ၅ ဒဿမ ၇မှ ၆ ဒသမ ၄မှာ ရောဂါဖြစ်နိုင်ခြေ အကြိုအခြေအနေများဖြစ်၍ ၆ ဒသမ ၅ရာခိုင်နူန်းများက ရောဂါရှိ နေကြောင်းကို ပြသည်ဟု ဆိုပါသည်။ ရောဂါရှင်များအနေဖြင့် A1C 7 ရာခိုင်နူန်းထက်နည်းမှသာ သွေးချိုထိန်းထားမူ ကောင်းသည်ဟု ဆိုနိုင်သည်။ ထိုသို့ ထိန်းထားမှသာ သွေးချိုထိန်းထားမူ ကောင်းသည်ဟု ဆိုနိုင်သည်။ ထိုသို့ ထိန်းထားမှသာ နောက်ဆက်တွဲပြဿနာများဖြစ်သည့် ကျောက်ကပ်ထိခိုက်ခြင်း၊ အာရုံကြော၊ နာ့ဗ်ကြောများ ထိခိုက်ခြင်း၊ မျက်စိအမြင်လွှာ ထိခိုက်ခြင်းနှင့် သွားဖုံးရောဂါများ ဖြစ်ခြင်းမှ ကာကွယ်နိုင်ပါသည်။
ထို့ပြင် ရောဂါရှိသူများအနေဖြင့် သွေးပေါင်ချိန်ကို ၁၃၀/ ၈၀ အောက်ရှိနေစေရန်၊ LDL (မကောင်းသည့် သွေးတွင်းအဆီ) ကို 100 mg/dl အောက်ရှိစေရန်၊ နှလုံးနှင့် သွေးကြော ရောဂါဖြစ်စေနိုင်သည့် အန္တရာယ်ရှိသော အချက် ( ဥပမာ - ဆေးလိပ်သောက်ခြင်း၊ သွေးတိုးရှိခြင်း၊ အ၀လွန်ခြင်း) တို့အနက် တစ်ချက်ရှိပါက အမျိုးသားအသက် ၅၀နှစ်အထက်၊ အမျိုးသမီးအသက် ၆၀နှစ်အထက်ရှိသူများ အနေဖြင့် Aspirin ဆေးကို သောက်သုံးရန် အကြံပြုညွှန်ထားပါသည်။
(ရှန်ရှန် - ဂျီပီ)