အကြောတက်ခြင်းနဲ့ ကျီးပေါင်းဖြစ်ခြင်းကို ကာကွယ်ပေးမည့် ယောဂကျင့်စဉ်


စာတွေ အမြဲတမ်းဖတ်ပြီး အလုပ်လုပ်နေရတဲ့သူတွေ၊ ကွန်ပျူတာရှေ့မှာ ထိုင်ပြီး အလုပ်လုပ်နေရ တဲ့သူတွေ အမြဲတမ်း စာရင်းတွေတွက်၊ စာတွေရေးပြီး အလုပ်လုပ်နေရတဲ့သူတွေဟာ ကြာရင် ဇက်ကြောတက်လာတတ် ပါတယ်. . . လူတွေဧာ ဇက်ကြောတက်လာရင် ဆေးသောက်လေ့ရှိပါတယ်. . ဆေးဆိုတာကလည်း အမြဲ သောက်ရင် မကောင်းဘူး . . . ဒါကြောင့် ယခုတစ်ပတ်မှာတော့ ဇက်ကြောတက်ခြင်းကိုသာမက ကျီးပေါင်းတက်ခြင်း ကိုပါ ကာကွယ်ပေးမယ့် ယောဂကျင့်စဉ်ကို ဖော်ပြလိုက်ရပါတယ်. .ပြုလုပ်နည်းကတော့ -


(၁) ဒူးထောက်၍ ထိုင်ပါ။
ပုံ(၁)


(၂) ညာဘက်လက်ကို ရှေ့တည့်တည့်သို့ ဆန့်ထုတ်လိုက်ပါ
ပုံ(၂)


(၃) ဘယ်ဘက်လက်ကို ညာဘက်လက် တံတောင်ဆစ်အောင်မှ ၀ိုက်၍ အပေါ်တည့်တည့်သို့ ထောင်လိုက်ပါ
ပုံ(၃)


(၄) ဘယ်ဘက်လက်ကို အားစိုက်၍ ဆန့်ထားသော ညာဘက်လက်ကို ဘယ်ဘက်သို့ ဆွဲလိုက်ပါ
ထိုအခါ ညာဘက်လက်သည် ရင်ဘတ်ရှေ့တည့်တည့်တွင် ကပ်၍ တစ်တန်းတည်း ဖြစ်နေရပါမည်.
ပုံ(၄)


(၅) မျက်နှာကို ညာဘက်သို့လှည့်လိုက်ပါ
ဤပုံစံအတိုင်းနေ၍ အသက်ကို ပုံမှန်ရှုသွင်းရှူထုတ်လုပ်ပါ. . . ၀င်လေ၊ ထွက်လေ တစ်ကြိမ်လျှင် ၁
ဟုမှတ်၍ ၁မှ ၁၀၀ အထိမှတ်ပါ
ပုံ(၅)


(၆) ပြီးလျှင် ဘက်ပြောင်း၍ ပြုလုပ်ပါ. .

မှတ်ချက်
-ဆန့်ထားသောလက်သည် ပခုံးနှင့် တစ်တန်းတည်းဖြစ်နေရမည်
-ခန္ဓာကိုယ် ကြွက်သားများကို အားပြုမထားပါနှင့် .

အကျိုးကျေးဇူး
-လက်မောင်းတစ်လျှောက် နှင့် လည်ကုတ်တစ်လျှောက်ကို သွေးလည်ပတ်မှု ကောင်းစေ၏
-အာရုံကြောများကို နိုးကြားမှု ဖြစ်စေ၏
- ဇက်ကြောတက်ခြင်းနှင့် ကျီးပေါင်း ဖြစ်ခြင်းကို ကာကွယ်ပေး၏

နန်းဆုကေဆွမ် ယောဂသင်တန်း
Health Digest Journal
Via: အက်လင့် Blog

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...