Tikker Watch



သင့်ဘ၀ သက်တမ်း ဘယ်လောက် ကျန်သေးတယ်လို့ ထင်ပါသလဲ။ သင့်ဘ၀ရဲ့ လက်ကျန် နှစ်တွေ၊ ရက်တွေ၊ မိနစ် တွေနဲ့ စက္ကန့်တွေကို ပြောပြ ပေးမယ့် နာရီ Tikker ကိုတီထွင် လိုက်ပါပြီ။

နာရီနဲ့ အတူပါလာတဲ့ ကျန်းမာရေး မေးခွန်းလေး တွေကို ဖြည့်ပြီးတာနဲ့ သင့်ဘ၀ရဲ့ သက်တမ်းကို ချိန်ကိုက်ဗုံး တစ်လုံးလို နောက်ပြန် ရေတွက် ပေးမယ့် $ 39 တန် Tikker လက်ပတ် နာရီကို သေမင်း နာရီလို့ ခေါ်နေကြ ပါတယ်။ အချိန်ကို လေးစားတန်ဖိုးထားဖို့ ကူညီပေး တယ်လို့လည်း ပြောကြ ပါတယ်။ သင်ရော ဘယ်လို မြင်ပါသလဲ။ Tikker ဆိုတာ သင့်သက်တမ်းကို နောက်ပြန် ရေတွက် ပေးတဲ့နာရီ တစ်မျိုး ဖြစ်ပါတယ်။ တီး...တောင်။ အချိန်တွေက ကုန်နေပါတယ်။ ဘ၀က အလွန်အမင်း လည်ပတ် နေပါတယ်။ ဒီအချက်က လုံးဝ စိတ်မကောင်း စရာပါပဲ။ ဒါပေမယ့် သင့်ဘ၀ရဲ့ လက်ကျန် နှစ်တွေ၊ ရက်တွေ၊ မိနစ်တွေနဲ့ စက္ကန့်တွေကို တိတိကျကျ ပြောပြ ပေးမယ့် နာရီတစ်လုံးလောက် ရှိမယ်ဆိုရင် ဘာတွေများ ဖြစ်သွား လောက် ပါလိမ့်။ Tikker ဆိုတာ အသုံးပြုသူ တွေကို သူတို့ သက်တမ်း ဘယ်လောက် ဆက်နေဖို့ ကျန်သေး သလဲဆိုတာ သိအောင် ကူညီပေး နိုင်တဲ့ ဒစ်ဂျစ်တယ် လက်ပတ်နာရီ တစ်လုံး ဖြစ်ပါတယ်။



ဝတ်ဆင်သူ တွေဟာ သူတို့ရဲ့ ကျန်းမာရေး မှတ်တမ်းနဲ့ ပတ်သတ်တဲ့ တစ်ကိုယ် ရည် မေးခွန်း တွေကို ဖြည့်စွက် ရမှာ ဖြစ်ပြီး ထွက် လာတဲ့ ရလဒ်ထဲ ကနေ လက်ရှိ အသက်ကို နှုတ်ပစ် လိုက်မှာပါ။ အဲဒီနောက် ပေါ်လာတဲ့ အရာကို ကြည့်လိုက် ပါတော့လေ။ သင့်လက် ကျန် သက်တမ်း ကနေ တစ်စက္ကန့်ချင်း နှုတ်နေပြီ ဖြစ်တဲ့ cuntdown တစ်ခု စတင်နေ တာကို တွေ့ရပါ လိမ့်မယ်။ Tikker နာရီ တစ်လုံး ဆီမှာ "About Time" ဆိုတဲ့ စစ်တမ်း မေးခွန်းလွှာ စာအုပ်ငယ်လေး တစ်အုပ်ဆီ ပါပါတယ်။ အဲစာအုပ်က အသုံးပြုသူ တွေကို သူတို့ရဲ့ မျှော်လင့် သက်တမ်း တွက်ချက်တဲ့ လုပ်ငန်းစဉ်မှာ လမ်းညွှန်ပေး ပါလိမ့်မယ်။ ကိုယ်သေရမယ့် အချိန် အတိအကျကို ပြတယ် ဆိုတာ စိတ်မချမ်းမြေ့ ဖွယ်ရာ တစ်ခုလို ဖြစ်နေပေမယ့် Tikker ကတော့ သူ့ရဲ့ ရည်ရွယ်ချက်က အသုံးပြု သူတွေကို အချိန် မဖြုန်းအောင် ကူညီဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ "ကျွန်တော်တို့ဟာ ကုန်သွား တော့မယ့် ကိုယ့်အချိန် တွေကို ပိုဂရုစိုက် ကြမယ်ဆိုရင် ပိုကောင်းတဲ့ ဘ၀တွေကို ပိုင်ဆိုင် နိုင်ပါတယ်။ ပိုကောင်းတဲ့ ရွေးချယ်မှု တွေကို ပြုလုပ် နိုင်ပါတယ်။ ပိုင်ဆိုင်မှုလေး တစ်ခုဟာ ရုတ်တရက် ဘာမှ အရေးမပါ တော့သလို ဖြစ်သွား နိုင်တယ် ဆိုတဲ့ အမြင် တစ်ခုကို Tikker ကပေးပါတယ်။



ဒါကြောင့်ပဲ ကျွန်တော်က Tikker ကိုပျော်ရွှင်ဖွယ် နာရီတစ်လုံးလို့ မြင်ပါတယ်။" လို့ Tikker ရဲ့ဖန်တီးရှင် Fredrik Colting က Mashable ကိုပို့တဲ့ email တစ်စောင်မှာ ထည့်ရေး ထားပါတယ်။ Tikker ကိုသေမင်း နာရီ လို့ခေါ်နေ ကြချိန်မှာ Colting ကလူတစ်ယောက်ရဲ့ လက်ကျန် သက်တမ်းကို သိတဲ့ကိစ္စမှာ အကောင်း ဘက်က အလေး ပေးခဲ့တာ ဖြစ်ပါတယ်။ သူ့အဖိုး ဆုံးပြီးတဲ့နောက် Tikker ကိုဖန်တီးဖို့ စိတ်ဝင်စား ခဲ့တာလို့ သူက ဆိုပါတယ်။ နှစ်နှစ် ကျော်လောက် ပြုပြင် ဆန်းသစ်ပြီး နောက် မှာတော့ kickstarter ကရလာတဲ့ ငွေတွေနဲ့ Tikker ကိုထုတ်ဖို့ ပြင်နေပါပြီ။ အခုထိတော့ ဒီလုပ်ငန်းစဉ် ကနေ $3,000 သာရရှိထား သေးတာ ဖြစ်ပြီး ကြိုတင် မှာယူသူ တွေကို နိုဝင်ဘာ တစ်ရက်နေ့ထိ လက်ခံမှာ ဖြစ်ပါတယ်။ ဒီလို ငွေ $39 နဲ့အထက် စရံပေး ထားသူ တွေဟာ ဧပြီလမှာ Tikker နာရီ တစ်လုံး ရမှာပါ။ သင်ရော Tikker နာရီကို မပတ်ချင် ဘူးလား။ အောက်မှာ comment ရေးခဲ့ပါလေ။

Images from dnevnik.hr, www.sosyalmedya.com, Source - Mashable
AuthorPeAcOcK
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...