စင်ကာပူနိုင်ငံသားကျောင်းဆရာများ ကမ္ဘာတွင် လစာအများဆုံးရရှိ



စင်ကာပူနိုင်ငံသားကျောင်းဆရာများသည် နိုင်ငံပေါင်း ၂၁ နိုင်ငံတွင် လစာအများဆုံးရကြသူများ ဖြစ်ကြောင်း လေ့လာချက်များအရ သိရသည်။ ၎င်းတို့၏နှစ်စဉ်ပျမ်းမျှလစာသည် အမေရိကန်ဒေါ်လာ ၄၅၇၅၅ ရရှိပြီး အမေရိကန်မှ ကျောင်းဆရာများ၏ လစာမှာဒေါ်လာ ၄၄၉၁၇ နှင့် မြောက်ကိုရီးယားမှ ကျောင်းဆရာများမှာ ဒေါ်လာ ၄၃၈၇၄ ရရှိကြောင်း သိရသည်။

ပြည်တွင်းကျောင်းဆရာများကို နှစ်စဉ် ၁၄ ရာခိုင်နှုန်းနီးပါးပိုသော ဒေါ်လာ ၅၀၀၀၀ ခန့်ပေးရကြောင်း စင်ကာပူအရာရှိ အတိုက်အခံများက ပြောသည်။ သင့်တင့်မျှတသော လုပ်အားခရရှိရေးဆောင်ရွက် သော Varkey GEMS ၏ ကမ္ဘာ့ဆရာများအဆင့်အညွှန်းအတွက် တခြားနိုင်ငံများကိုလည်း ကွင်းဆင်း လေ့လာသွားမည်ဟု သိရသည်။

နိုင်ငံများ၏ ၉၅ ရာခိုင်နှုန်းသောဆရာများသည် ၎င်းတို့ရသင့်သည်ထက် နည်းပါးသောလစာကို ရကြ ကြောင်းယူဆကြသည်။ ဆရာများအဆင့်အညွှန်းကိန်းသည် တစ်နိုင်ငံတိုင်းစီရှိဆရာများ၏ ပညာရေး စနစ်အပေါ် သဘောထားမှုများကဲ့သို့သော ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် စီးပွားရေးအသိုင်းအဝိုင်းအချက် အလက်များအားလုံးကို တိုင်းတာခဲ့ရာ စင်ကာပူသည် အမေရိကန်ကိုကျော်လွန်ပြီး အဆင့်ခုနှစ်နေရာ တွင်ရှိနေပြီး အမေရိကန်က နံပါတ်ကိုး၊ ယူကေကနံပါတ် ၁၀ နှင့် ဖင်လန်များမူ နံပါတ် ၁၃ နေရာတွင် ရှိနေခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံ၏နောက်တွင် ဂရိ၊ တူရကီနှင့် တောင်ကိုရီးယားတို့ ရှိနေသည်။

The Yangon Times Daily
အတွဲ(၁)၊ အမှတ်(၁၃၆)၊ အောက်တိုဘာ ၅၊ ၂၀၁၃

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...