ရင်သားပြည့်ဖြိုးလှပချင်သူ အမျိုးသမီးများအတွက်
.jpg)
ရင်သားပြည့်ဖြိုးလှပတာက မိန်းကလေတစ်ယောက်ရဲ့ ကိုယ်ဟန်ကို ပိုတင့်တယ်စေ ပါတယ်။ ဟော်မုန်းမညီမျှခြင်းဟာ အမျိုးသမီးတွေကို ရင်သားသေးငယ်စေတဲ့ အဓိက အကြောင်းရင်းဖြစ်ကြောင်း သိပ္ပံနည်းကျ ပြောဆိုထားပါတယ်။ ရင်သားပြည့်ဖြိုးလှပစေဖို့အတွက် အမျိုးသမီးတွေဟာ အီစထရိုဂျင်ပေါကြွယ်ဝစွာပါဝင်တဲ့ အစားအသောက်တွေကို စားပေးဖို့ လိုအပ်ပါတယ်။
အီစထရိုဂျင် ပေါကြွယ်ဝစွာပါဝင်သော အစားအသောက်များ
၁။ ပဲပိစပ်၊ ပဲပုပ်စေ့၊ ပဲနို့၊ တိုဟူးစတဲ့ ပဲပိစပ်နဲ့လုပ်ထားတဲ့ အစားအသောက်တွေမှာ သဘာဝ အီစထရိုဂျင် ပါဝင်တာကြောင့် စားပေးပါ။
၂။ နို့နဲ့ နို့ထွက်ပစ္စည်းတွေကလည်း သဘာဝအီစထရိုဂျင်ဓာတ်ပါဝင်နေတာကြောင့် မှီဝဲသင့်ပါတယ်။
၃။ ဂျုံစေ့မှာ သဘာဝအီစထရိုဂျင်ဓာတ် ပါဝင်တဲ့အတွက် သင့်ရင်သားအတွက်ရော ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက်ပါ ကောင်းမွန်ပါတယ်။ ဂျုံစေ့လိုပဲ စားသင့်တဲ့ အစေ့အဆန်တွေကတော့ နေကြာစေ့နဲ့ ရွှေဖရုံစေ့တို့ ဖြစ်ကြပါတယ်။
၎။ ကြက်သွန်ဖြူ၊ ချင်း(ဂျင်း)၊ နနွင်း၊ ငရုတ်ကောင်းမူန့်၊ တရုတ်နံနံစတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ဟင်းလျာထဲမှာ ထည့်စားပေးပါ။
၅။ ပဲနီစေ့၊ ပဲမည်း၊ ပဲနီလေး၊ ကုလားပဲ စတဲ့ ပဲအမျိုးမျိုးဟာလည်း ရင်သားပြည့်ဖြိုးရေးအတွက် အထောက်အပံ့ပေးနိုင်ပါတယ်။
၆။ အုတ်ဂျုံ၊ ဆန်လုံးညိုစတဲ့ အခွံချွတ်မထားတဲ့ကောက်နှံတို့ကို စားပေးပါ။
၇။ ပန်းသီး၊ မုန်လာဥနီ၊ သခွားသီး၊ သင်္ဘောသီး၊ ဆီးသီး၊ စပျစ်သီး၊ အာလူးသီး၊ ရွှေဖရုံသီး၊ ခရမ်းချဉ်သီး၊ စွန်ပလံသီး စတဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တို့ကို စားပေးပါ။
၈။ ရင်သားကျန်းမာရေးနဲ့ ညီညွတ်တဲ့ သံလွင်ဆီ၊ ထောပတ်သီး၊ နှမ်းစေ့နဲ့ နှမ်းဆီစတာတွေကိုလည်း စားပေးနိုင်တယ်။ အဆင်သင့်အစာတွေကို တတ်နိုင်သမျှ မစားပါနဲ့။
၉။ ကဖင်းနဲ့ အယ်လ်ကိုဟောပါတဲ့ အရည်တွေကို အလွန်အကျွံမသောက်ပါနဲ့ ရေများများသောက်ပါ။
၁၀။ အားကစားကို အသင့်အတင့်လုပ်ပါ။ ကိရိယာလွတ် အားကစားလုပ်ရာမှာ နည်းလမ်းတကျ ပြုလုပ်မှသာ ရင်သားပြည့်ဖြိုးလှပရေးအတွက် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။
(ကြယ်စင်)