ပခုံးနာကျင်ခြင်း



ပခုံးနာကျင်တယ်ဆိုတာ ပခုံးသားထဲ ဒါမှမဟုတ် ပခုံးတစ်ဝိုက်မှာ ခံစားရတဲ့ နာကျင်မူမျိုးပါ။ ပခုံးနာကျင်မူဟာ အဆစ်ကြောင့်လည်း ဖြစ်တတ်သလို ပခုံးတစ်ဝိုက်ရှိ ကြွက်သားတွေနဲ့ အရွတ်တွေရဲ့ နာကျင်မူကြောင့်လည်း ဖြစ်တတ်ပါတယ်။ လက်မောင်း ဒါမှမဟုတ် ပခုံးလူပ်ရှားမူ ဒါမှမဟုတ် ရွေ့လျားမူတို့ကြောင့် ပခုံးနာကျင်မူ ပိုဆိုးတတ်ပါတယ်။

ပခုံးနာကျင်ခြင်းဖြစ်စေသော အကြောင်းရင်းများ
အောက်ပါ အကြောင်းရင်းတွေဟာ ပခုံးနာကျင်မူနဲ့ ဆက်စပ်နေပါတယ်။

- ကျောရိုးအဆစ်များရောင်ခြင်း၊

- သွေးကြောပုပ်ခြင်း၊

- လက်မောင်းရိုးကျိုးခြင်း၊

- တစ်သျှူးပျော့အိတ်ရောင်တင်ခြင်း၊

- ကင်ဆာရောဂါ၊

- အဆစ်နေရာတွင် အရိုးများပုံမှန်နေရာမှ လွဲထွက်ခြင်း၊

- စပျစ်သီးသန္ဓေ ကိုယ်ဝန်ဆောင်ခြင်း (Atopic Pregmancy)

- ပခုံး ခဲသွားခြင်း၊ ပခုံးအဆစ်တာရှည် တောင့်တင်းခြင်း၊

- ကူးစက်ပိုးဝင်ခြင်း၊

- နှလုံးရောင်ရမ်းခြင်း၊

- နှလုံးရောဂါထခြင်း (Heart Attack)

- အရိုးအဆစ်ရောင်ခြင်း၊

- အဆစ်တစ်ခုတွင် ပိုးဝင်ခြင်း၊

- ကျောရိုးမကြီး ထိခိုက်ဒဏ်ရာရခြင်း၊

- အဆစ်လွဲခြင်း၊

- အရွတ်ရောင်ခြင်း၊

- အရွတ်စုတ်ပြဲခြင်း၊

- အရိုးနု စုတ်ပြတ်ခြင်း စတဲ့အကြောင်းရင်းတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။

ပခုံးနာကျင်မူသက်သာစေရန် အိမ်တွင်းကုထုံး
ပခုံးနာကျင်မူ သက်သာအောင် အိမ်မှာ အလွယ်တကူ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။

- မိမိဘာသာ ၀ယ်ယူသောက်သုံးလို့ရတဲ့ အကိုက်အခဲပျောက်ဆေးသောက်ပါ။

- ပခုံးကို နာကျင်မူဖြစ်စေ၊ တိုးစေတဲ့ လုပ်ဆောင်မူတိုင်းကို ရှောင်ပါ။

- နာကျင်တောင့်တင်းနေတဲ့ ပခုံးသားပေါ်မှာ အချိန် ၁၅-၂၀ မိနစ်ခန့် ရေခဲဝတ် ကပ်ပေးပါ။

ဆရာဝန်နှင့် ပြသင့်သော အချိန်
ပခုံးနာကျင်မူနဲ့တွဲဖက်ပြီး ပခုံးသားရောင်ရမ်းခြင်း၊ ပခုံးသားနီမြန်းခြင်းနဲ့ ပခုံးအဆစ်တစ်ဝိုက် တင်းမာပူနွေးနေခြင်းစတဲ့ လက္ခဏာတွေနဲ့ တွဲဖြစ်နေရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ပခုံးနာကျင်မူဟာ ပခုံးအဆစ်ပုံပျက်ခြင်း၊ အဆစ်ကို အသုံးပြုလို့ မရအောင် နာကျင်နေခြင်း၊ ပြင်းထန်ဆိုးရွားတဲ့ နာကျင်မူခံစားရခြင်းနဲ့ ရုတ်တရက် ရောင်လာခြင်းတို့ ဖြစ်လာပါက ဆရာဝန်ထံ ချက်ချင်းသွားပြပါ။

ပခုံးနာကျင်မူနဲ့အတူ အသက်ရူမ၀ခြင်း၊ ရင်ဘတ်အောင့်ခြင်း စတာတွေတွဲဖြစ်ပါက နှလုံးရောဂါထခြင်းရဲ့ လက္ခဏာဖြစ်နိုင်တာကြောင့် ဆေးကုသမူခံယူပေးဖို့လိုပါတယ်။

(ဇွန်)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...