ကလေးဦးနှောက်ကင်ဆာ
.jpg)
ဦးနှောက်ကင်ဆာဟာ ကလေးငယ်တွေမှာ ဒုတိယ အဖြစ်အများဆုံးကင်ဆာရောဂါတစ်မျိုး ဖြစ်ပါတယ်။ ကင်ဆာအားလုံးရဲ့ ၂၀ရာခိုင်နူန်းလောက်က ဦးနှောက်ကင်ဆာ ဖြစ်ပွားကြပါတယ်။
ဘယ်လိုလက္ခဏာတွေပြလဲ
- ဦးနှောက်ထဲမှာ ဖိအားများတဲ့ လက္ခဏာများရှိခြင်း
- ခေါင်းကိုက်ခြင်း
- ပြင်းထန်စွာအန်ခြင်း
- အီခြင်း၊ မအီမသာဖြစ်ခြင်း
- တက်ခြင်း
- လမ်းလျှောက်လျှင်ယိုင်ခြင်း
- ပါးရွဲ့ခြင်း
- ရုတ်တရက်မျက်စိစောင်းခြင်း
- မျက်စိကောင်းစွာ မမြင်ခြင်း
ခါးရိုးအာရုံကြောမကြီးမှာ ဖြစ်ရင်တော့ -
- ခါးနာခြင်း
- ကိုယ်တစ်ပိုင်းသေခြင်းတို့ ဖြစ်တတ်ပါတယ်။
ဘယ်လို စမ်းသပ်စစ်ဆေးမလဲ
- MRI, CT scan ဦးနှောက်ကွန်ပျူတာနဲ့ စမ်းသပ်ခြင်း
- ခါးရိုးမှ အရည်ကို စစ်ဆေးခြင်း
- ရိုးတွင်းခြင်ဆီဖောက် စစ်ဆေးခြင်းတို့နဲ့ စမ်းသပ်သိရှိနိုင်ပါတယ်။
ဘယ်လို ကုသလို့ရမလဲ
ဒီရောဂါရှိတာကို သေချာသိရှိပြီဆိုရင်တော့ ခွဲစိတ်ကုသတာဟာ အဓိကပါ။ ကင်ဆာဆဲလ် ပျံ့နှံ့နေတဲ့ အစိတ်အပိုင်း အားလုံးကို ထုတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ မထုတ်နိုင်ရင်လည်း တတ်နိုင်သလောက်ထုတ်ပြီး အသားစကို ဓာတ်ခွဲစမ်းသပ် ကြည့်ရပါမယ်။ တစ်ခါတစ်ရံ ဦးနှောက်ထဲမှာ အရည်အိတ်ဖောင်းလာတာကြောင့် ဦးနှောက်မှ အရည်ကို လမ်းလွှဲပေးဖို့အတွက် ပိုက်ထည့်ဖို့လည်း လိုအပ်ပါတယ်။ အသားစကို ဓာတ်ခွဲကြည့်ပြီး ရောဂါအမျိုးအစား တိတိကျကျ ခွဲခြားသိနိုင်ရင် ဆက်လက်ပြီး ကုသမူကို ဆုံးဖြတ်နိုင်ပါတယ်။ ကင်ဆာရောဂါတွေက များသောအားဖြင့် ဓာတ်ကင်ဖို့ လိုအပ်ပါတယ်။ တချို့သော ကင်ဆာတွေကိုတော့ ခွဲစိတ်ပြီး နောက်ပိုင်းမှာ ဆေးသွင်းကုသဖို့ လိုအပ်ပါတယ်။
(ဇာခြည်ဝင်း - ဆေးဝါးတက္ကသိုလ်)