ကိုယ်ဝန်ဆောင်တွေ ဘာကြောင့် ကြောင်ကို ရှောင်သင့်သလဲ



ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက နေနဲ့ ကြောင်နဲ့ ကြောင်ချေးကိုရှောင်သင့်တဲ့ အကြောင်းရင်း ကတော့ Toxoplasma Gordii လို့ခေါ်တဲ့ ကပ်ပါးပိုးကြောင့်ဖြစ်တတ်တဲ့ Toxoplassmosis ကူးစက်ရောဂါပဲဖြစ်ပါတယ်။ ကြောင်ချေးတွေဟာ ဒီရောဂါပိုးရဲ့ အဓိကရင်းမြစ်လို ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြောင်တွေရဲ့အူထဲမျာ ဒီရောဂါပိုးတွေပေါက်ဖွားနေထိုင်လေ့ ရှိတာကြောင့်ပါ။ ဒီရောဂါပိုးကို အသာစိမ်း ဒါမှမဟုတ် မကျက်တကျက်ချက်ထားတဲ့ အသားတွေ၊ ရောဂါပိုးများတဲ့ မြေကြီးတွေမှာလည်း တွေ့နိုင်ပါတယ်။ ဒီကပ်ပါးပိုးကြောင့်ဖြစ်တဲ့ ရောဂါက ကျန်းမာတဲ့သူတွေမှာ အရေးမကြိးပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေမှာတော့ ကလေးကို ကူးစက်နိုင်စွမ်းရှိတာကြောင့် အရေးကြီးပါတယ်။

ဒီရောဂါကူးစက်ခံရပါက ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း၊ မီးဖွားပြီး မကြာခင်မှာပဲ ကလေးဆုံးသွားခြင်းမျိုး ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ကလေးဦးနှောက်ထိခိုက်ခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး လျော့နည်းခြင်း၊ တက်ခြင်း၊ မျက်စိကန်းခြင်း၊ သေဆုံးခြင်းအထိတောင် ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ မကြောက်ပါနဲ့။ မဖြစ်အောင်ကာကွယ်လို့ရပါတယ်။ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေအနေနဲ့ အသားစိမ်းစားခြင်း၊ မကျက်တကျက်အသားစားခြင်း ရှောင်ရှားဖို့လိုသလို သစ်ပင်စိုက်ပျိုးရာမှာလည်း လက်အိတ်ဝတ်ပြီးမှ စိုက်ပျိုးပေါင်းသင်ပေးသင့်ပါတယ်။ ကြောင်ချေးကျုံးသင့်သလို အကယ်၍ ကျုံးမယ့်သူမရှိလို့ ကျုံးရမယ်ဆိုရင်လည်း လက်အိတ်ဝတ်ကာ လက်ကိုသေချာဆေးကြောသင့်ပါတယ်။

(ဒေါက်တာနုမြတ်)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...