ချောင်းဆိုးခြင်း



ချောင်းဆိုးတာဟာ အသက်ရှူလမ်းကြောင်းကို ယားယံအောင်လုပ်နေတဲ့ ပစ္စည်းတွေကို အသက်ရှူလမ်းကြောင်းမှ ဖယ်ရှားပေးတဲ့ ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒါပေမဲ့ အလွန်အမင်းချောင်းဆိုးနေရင် အိပ်လို့မရဖြစ်နေပြီး ခံစားရခက်ခဲတတ်ပါတယ်။ တချို့လူတွေမှာ ချောင်းဆိုးလွန်းတာကြောင့် နံရိုးတောင်ကျိုးသွားတတ်ကြပါတယ်။

ချောင်းဆိုးပြီး သလိပ်ထွက်တာဟာ ဓာတ်မတည့်တာ၊ အအေးမိတာ ဒါမှမဟုတ် တခြားအသက်ရှူလမ်းကြောင်း ရောဂါပိုးဝင်ရောက်တဲ့ ပြဿနာတွေကြောင့်ပါ။ အသက်ရှူလမ်းကြောင်းမှာ သလိပ်တွေပြည့်နေတာကြောင့် အသက်ရှူရခက်ခဲပြီး သလိပ်တွေကို ခန္ဓာကိုယ်ပြင်ပထုတ်ပစ်ဖို့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မူအနေနဲ့ ချောင်းဆိုးတာပါ။

ချောင်းခြောက်ဆိုးတာဟာ ဆေးလိပ်သောက်တာကြောင့် ဒါမှမဟုတ် ဖုန်မူန့်၊ မီးခိုးငွေ့တွေရှူမိပြီး လည်ချောင်းယားယံတာကြောင့်ပါ။

ချောင်းဆိုးခြင်း အများစုဟာ တစ်ပတ်မှ ၁၀ရက်အတွင်း သူ့ဘာသာသူ အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။ ချောင်းဆိုးတာ မြန်မြန်ပျောက်ကင်းစေနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ချောင်းခြောက်ဆိုးတာအတွက် ရေများများသောက်ပါ
စွပ်ပြုတ်ရည်၊ လက်ဖက်ရည် ဒါမှမဟုတ် ရေနွေးသောက်တာကြောင့် လည်ချောင်းနာတာနဲ့ ချောင်းဆိုးတာ သက်သာစေနိုင်ပါတယ်။

၂။ ချင်း(ဂျင်း)
ချင်းဟာ သဘာဝအတိုင်း ရောင်ရမ်းမူပျောက်တဲ့ ဆေးဖက်ဝင်ပစ္စည်းပါ။ ဒါကြောင့် လည်ချောင်းနာတာနဲ့ ချောင်းဆိုးတာ သက်သာအောင် ချင်းဖျော်ရည်သောက်ပါ။

၃။ Zinc ငုံဆေးပြားငုံပါ
လေ့လာမူတချို့အရ Zinc ငုံဆေးပြားကို ငုံထားတာကြောင့် လည်ချောင်းယားယံတာ သက်သာစေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ သွပ်ဓာတ်ဟာ ပမာဏများလွန်းရင် အဆိပ်ဖြစ်နိုင်တာမို့ တစ်နေ့ကို နှစ်ကြိမ်၊ သုံးကြိမ်ထက် ပိုမငုံသင့်ပါ။

၎။ ဘာအရည်မဆို အကုန်သောက်ပါ
အအေးမိခြင်း ဒါမှမဟုတ် တုပ်ကွေးဖြစ်နေစဉ်မှာ ခန္ဓာကိုယ်က အရည်တွေဟာ ဆုံးရူံးသွားတတ်ပါတယ်။ အသက်ပြင်းပြင်းရှူရတာကြောင့် လည်ချောင်းခြောက်သွေ့တာနဲ့ ချောင်းဆိုးတာ ပိုဆိုးလာတတ်ပါတယ်။ ဒါ့အပြင် အမြှေးပါးတွေမျာ အစိုဓာတ်ရှိရင် အအေးမိဗိုင်းရပ်စ်ပိုးကို ပိုပြီးတွန်းလှန်နိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်အနည်းဆုံး ရေရှစ်ခွက်သောက်ပါ။

၅။ ဗီတာမင်စီသောက်ပါ
လေ့လာမူတွေအရ ရောဂါပိုးဝင်တဲ့ လက္ခဏာရှိကာစမှာ ဗီတာမင်စီ သောက်ပေးရင် ချောင်းဆိုးတာ အပါအ၀င် အအေးမိလက္ခဏာ ၅၀ရာခိုင်နူန်း သက်သာနိုင်တယ်လို့ သိရပါတယ်။ နေ့စဉ် ဗီတာမင်စီ ၁၀၀ နဲ့ ၅၀၀ မီလီဂရမ် အတွင်း သောက်ပေးပါ။

၆။ ရေနွေးကြမ်းသောက်ပါ
ရေနွေးကြမ်းကို ပျားရည်နဲ့ရှောက်ရည်ရောစပ်ပြီးသောက်ပါ။ ရေနွေးပူပူသောက်တာဟာ ချောင်းဆိုးတာကို သက်သာစေပါတယ်။

၇။ ကြက်သွန်ဖြူစားပါ
ကြက်သွန်ဖြူမျာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ အအေးမိတုပ်ကွေးနဲ့ အသက်ရှူလမ်းကြောင်း ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်ပိုးကို တွန်းလှန်နိုင်တဲ့ သတ္တိရှိပါတယ်။ နေ့စဉ် ကြက်သွန်ဖြူနှစ်ဥမှ လေးဥစား ပေးပါ။

၈။ ကြက်စွပ်ပြုတ်သောက်ပါ
ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းလို အနံ့အရသာစူးစူးနဲ့ ပူပူနွေးနွေးအရည်တွေကြောင့် သလိပ်ခဲတွေ ပျော်ဝင်သွားနိုင်ပါတယ်။

၉။ ရေနွေးနဲ့ရေချိုးပါ
တစ်နေ့တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်ရေနွေးနဲ့ ရေချိုးပေးတာကြောင့် ရေနွေးငွေ့တွေရှူမိပြီး သလိပ်တွေအဆုတ်အပြင် ထွက်လာနိုင်ပါတယ်။ လေထု ခြောက်သွေ့လွန်းရင် နှာခေါင်း၊ လည်ချောင်းနဲ့ အဆုတ်မှ အစိုဓာတ်တွေ ဆုံးရူံးသွားတာကြောင့် ဗိုင်းရပ်စ်ပိုးတွေ အလွယ်တကူပျံ့ပွား နိုင်ပါတယ်။

၁၀။ ဆေးလိမ်ကို ဝေးဝေးရှောင်ပါ
သင်ဆေးလိပ်မသောက်တ်ရင်တောင် ဆေးလိပ်သောက်သူအနားမှာ မနေပါနဲ့။

၁၁။ ချောင်းဆိုးပျောက်ဆေး သောက်ပါ
Dextromethorphan ပါဝင်တဲ့ ချောင်းဆိုးပျောက်ဆေးကို ညအိပ်ခါနီး သောက်ပါ။ ချောင်းခြောက်ဆိုးတာ အတွက်ပဲ သင့်တော်ပါတယ်။

၁၂။ သလိပ်ပျော်ဆေး သောက်ပါ
သလိပ်ချောင်းဆိုးသူတွေအနေနဲ့ Robitussin လိုမျိုး သလိပ်ပျော်ဆေးသောက်ပါ။

၁၃။ ရင်ပူတာကြောင့်လ်ညး ချောင်းဆိုးနိုင်ပါတယ်
ရင်ပူခြင်းကိုဖြစ်စေတဲ့ အစာအိမ်မှ အက်စစ်တွေဟာ အသက်ရှူလမ်းကြောင်းကို ယားယံစေကာ ချောင်းဆိုး စေတတ်ပါတယ်။ သင်ဟာ အစာစားပြီးခါစ ညအချိန်မှာ ချောင်းဆိုးရင် ဒါမှမဟုတ် လဲလျောင်းစဉ်မှာ ချောင်းဆိုးရင် အစာအိမ်အက်စစ်ကြောင့် ဖြစ်နိုင်ပါတယ်။

အစာစားပြီး နှစ်နာရီကြာမှ လဲလျောင်းတာ ဒါမှမဟုတ် ဦးခေါင်းကိုခပ်မြင့်မြင့်ထားပြီးအိပ်တာ ဒါမှမဟုတ် အစာကြီးနှစ်နပ်အစား အစာသေးငါးနပ်စားတောတွေပြုလုပ်ပါ။

၁၄။ ဓာတ်မတည့်တဲ့ ပြဿနာကိုဖြေရှင်းပါ
သင်ဟာ ပန်းဝတ်မူန်၊ မို ဒါမှမဟုတ် တခြားဓာတ်မတည့်ပစ္စည်းတွေကြောင့် ချောင်းဆိုးရင် အဲဒီဓာတ်မတည့်ပစ္စည်းတွေကို ရှောင်ရှားပါ။ Antihistamine ဆေးသောက်ပါ။

၁၅။ အနားယူပါ
တစ်ခါတစ်ရံချောင်းဆိုးတာဟာ သင်ထင်တားတာထက် ပြင်းထန်တဲ့ ပြဿနာ (ဥပမာ-နမိုးနီးယား) ဖြစ်နိုင်တာမို့ ချောင်းဆိုးနေရင် အနားယူပါ။

၁၆။ ပူရှိန်းသကြားလုံးငုံပါ
သကြားလုံးစုပ်တာကြောင့် တံတွေးတွေ ပိုထွက်လာပါတယ်။ တံတွေးနဲ့ သကြားလုံးမှ အရည်တွေပေါင်းစပ်ပြီး ယားယံတာကို သက်သာစေလို့ပါ။

၁၇။ ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ
ချောင်းဆိုးတာသွေးပါရင် ဒါမှမုတ် နှစ်ပတ်ထက်ကျော်ပြီး ချောင်းဆိုးနေရင် ဆရာဝန်ပြပါ။

ကင်ဆာရောဂါနဲ့ ရင်ပူတဲ့ရောဂါတွေကြောင့် အမြဲတမ်းချောင်းဆိုးတတ်ပါတယ်။ ချောင်းဆိုးတာဟာ စူးစူးရှရှ ရင်ဘတ်အောင့်တာ၊ ချမ်းတုန်တာ ဒါမှမဟုတ် အဖျား ၁၀၁ ဒီဂရီဖာရင်ဟိုက် ထက်ကျော်တာနဲ့ အတူတူတွဲဖြစ်ရင် အဆုတ်ရောင်ရောဂါ နမိုးနီးယားကို သတိထားပါ။

အချောင်းဆိုးတာက တရွှီးရွှီးမြည်သံ၊ အသက်ရှူမ၀တာ ဒါမှမစဟုတ် ခြေထောက်ဖောရောင်တာနဲ့ တွဲဖြစ်ရင် နှလုံးအလုပ် မလုပ်နိုင်တာဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ ချက်ချင်းပြပါ။

(ဒေါက်တာခင်မိုးမိုး)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...