ရွေးချယ်စရာ သွေးပေါင်ထိန်းဆေးများ


Health Updates Journal No. 86

(၁) ဆီးဆေးများ (thiazide diuretics)
ကျောက်ကပ်ကို တိုက်ရိုက်သက်ရောက်မှုရှိပြီး ခန္ဓာကိုယ်ထဲမှ ဆိုဒီယမ်နှင့် ရေဓါတ်များစွန့်ထုတ်စေပါတယ်။ ဒါကြောင့်သွေးထုထည်ကို ကျဆင်းစေပြီး သွေးဖိအားကျစေပါတယ်။ ဆီးဆေးတွေဟာ သွေးပေါင်ချရာမှာ ထိရောက်မှုရှိပေမယ့် ရေရှည်စွဲသောက်ဖို့မသင့်တော်ပါဘူး။

(၂) Beta blockers
နှလုံးကိုဝန်ထုပ်ဝန်ပိုးလျော့ကျစေပြီး သွေးကြောတွေပွင့်စေပါတယ်။ နှလုံးခုန်နှုန်းမြန်နေတာကို လျော့ကျစေပြီး နှလုံးညှစ်အား မတန်တဆ သုံးစရာမလိုအောင် ကူညီပေးပါ တယ်။ ဒါပေမယ့်ရင်ကျပ်ရောဂါရှိသူတွေမှာ Propranolo လိုဆေးမျိုး ကြောင့် ရင်ပိုကျပ်တတ်ပါတယ်။ Beta blockers အမျိုးအစားထဲမှာ Propranolol ၊ Metoprolol ၊ Atenolol ၊ Bisoprolo စသည်တို့ ပါဝင်ပါတယ်။ Beta blocker ဆေး တွေကို ယခင်က တွင်ကျယ်စွာအသုံး ပြုပေမယ့်ခေတ်ပေါ်ဆေးတွေလောက် မထိရောက်တော့ဘဲ အသုံး ပြုမှုကျဆင်းလာခဲ့ပါတယ်။

(၃) ACE inhibitors
သွေးကြောကျဉ်းစေတဲ့ ဓါတ်ပစ္စည်းတွေ မထုတ်လုပ်နိုင်အောင် Angiotensin Converting Enzyme ကိုဆန့်ကျင်ခြင်းဖြင့် သွေး ဖိအားကျဆင်းစေပါတယ်။ Enalapril ၊ Lisinopril ၊ Captopril ၊Ramipril စတဲ့ဆေးတွေပါဝင်ပြီး ၎င်းတို့ရဲ့သိသာထင်ရှားတဲ့ ဘေးထွက်ဆိုးကျိုးကတော့ ချောင်းခြောက်ဆိုးခြင်း (dry cough) ဖြစ်ပါတယ်။

(၄) Angiotensin II Receptor Blockers (ARB)
သွေးကြောကျဉ်းစေတဲ့ Angiotensin II ကို အာနိသင်မပြ နိုင်အောင် တားဆီးပေးတဲ့ဆေး တွေဖြစ်ပါတယ်။ Losartan ၊ Candesartan ၊ Telmi sartan ၊ Valsartan စတာတွေပါ ၀င်ပါတယ်။ ACE Inhibitor ဆေးများကြောင့် ချောင်းဆိုးသူတွေကို ARB ဆေးတွေပေးလေ့ရှိပါတယ်။ ARBတွေ ဟာသွေးပေါင်အကျမြန် စေတာ ကြောင့် နာတာရှည်သွေးတိုး သမားများ သွေးပေါင်ရုတ်တရက်ပြန်ကျတဲ့ အခါ ခေါင်းမူးစေတတ်ပါတယ်။

(၅) Calcium Channel Blockers (CCB)
သွေးကြောနံရံက ကြွက်သားမျှင် တွေကို ပျော့ပြောင်းစေတာကြောင့် သွေးဖိအားကိုထိရောက်စွာချပေးနိုင်ပါတယ်။ ထူးခြားတဲ့ဆိုးကျိုးတစ်ခုက ဂရိတ်ဖရုသီးနှင့် မတည့်တာဖြစ်ပြီး ယှဉ်တွဲစားသုံးမိလျှင် ဆေးအာနိသင် လွန်ကဲတတ်ပါတယ်။ Amlodipine ၊ Nifedipine ၊ Verapamil ၊ Diltiazem ၊ Nicadipine စသည်တို့ ပါဝင်ပြီး စသောက်သောက်ချင်းမှာ ခေါင်းမူးတတ်ပါတယ်။

သီဟ
Source:WebMD

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...