ကိုယ်ဝန်ဆောင်မိခင် အလုပ်လုပ်လျှင်



ကိုယ်ဝန်ရှိလာတဲ့အချိန်မှာ စိတ်လူပ်ရှားမူ၊ စိတ်ပူပင်မူ၊ ၀မ်းနည်းမူ၊ စိတ်ဖိစီးမူနဲ့ ပျော်ရွှင်မူတို့ကို ခံစားရတတ်တဲ့အတွက် အလုပ်လုပ်နေရင်း ကိုယ်ဝန်ဆောင်နေရရင် အိမ်မှာနေရတဲ့ အမျိုးသမီးတွေ ထက်ပိုပြီး စိတ်ပင်ပန်းနွမ်းနယ်မူကို ခံစားရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်အတွင်း စိတ်ဓာတ်ကျခြင်းဟာ သင်ထင်ထားတာထက်ပိုပြီး ခံစားရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင် ငါးဦးမှာ တစ်ဦးခန့်ဟာ စိတ်ဓာတ်ကျတဲ့ လက္ခဏာတွေကို ခံစားရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဓာတ်ကျတာဟာ ကိုယ်ဝန်ဆောင် မိခင်ရော ကလေးငယ်အတွက်ပါ မကောင်းတဲ့ အန္တရာယ်တွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဓာတ်ကျနေရင် ဆရာဝန်နဲ့ မြန်မြန်တိုင်ပင်ပြီး သင့်တော်တဲ့ ကုသမူကို ခံယူပေးပါ။ အလုပ်လုပ်နေသူ အမျိုးသမီးတွေမှာ လုပ်ငန်းခွင် အခက်အခဲရှိပါက စိတ်ဓာတ်ကျနိုင်ခြေ ပိုများတာကြောင့် ပိုသတိထားဖို့လိုပါတယ်။

ကိုယ်ဝန်ဆောင်ချိန်အတောအတွင်းမှာ စိတ်ဖိစီးမူဟာလည်း အဖြစ်များပါတယ်။ စိတ်ဖိစီးမူ ခံစားနေရရင် အမြန်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အရေးကြီးပါတယ်။ စိတ်ဖိစီးမူကို မွေးမြူထားတာ၊ စိတ်ဖိစီးမူကို မျိုသိပ်ခံစားနေတာမျိုးတွေကို မလုပ်သင့်ပါ။

အလုပ်လုပ်နေသူ အမျိုးသမီးတွေအတွက် ကိုယ်ဝန်ဆောင်ရတာက ပင်ပန်းလှပါတယ်။ အလုပ်လုပ်နေရတဲ့ အမျိုးသမီးတွေအနေနဲ့ ပင်ပန်းကြမ်းတမ်းတဲ့ အလုပ်မျိုးမဟုတ်ဘဲ အရိပ်ထဲမှာ သက်သောင့်သက်သာ နေရသူဆိုရင် ကလေးမွေးမယ့်လ မတိုင်ခင်အထိ အလုပ်လုပ်လို့ရပါတယ်။ အလုပ်လုပ်နေတဲ့ အချိန်မှာ ကလေးမွေးမယ့် အချိန်အတွက် လုပ်ဖော်ကိုင်ဖက်တွေကို သင်လုပ်နေတဲ့ အလုပ်တွေကို ခွဲဝေကာ သင်ပေးထားနိုင်ပါတယ်။ ဒါဆိုရင် ကလေးမွေးဖို့ ဆေးရုံတက်နေရတဲ့ ကာလတွေ၊ ကလေးပြုစုဖို့ နားနေရတဲ့ကာလတွေမှာ အေးအေးဆေးဆေး နားနေနိုင်မှာပါ။

ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ အလုပ်လုပ်နေချိန်မှာ အစားအသောက်ကို ပုံမှန်စားဖို့ မေ့လျော့တာမျိုး၊ အလုပ်ကိုပဲ ဇွဲနပဲနဲ့ လုပ်နေတာမျိုးလည်း မဖြစ်သင့်ပါ။ အစားအသောက်ကို မှန်မှန်စားပြီး သရေစာအနေနဲ့ ငှက်ပျောသီး၊ ပန်းသီးစတဲ့ အသီးအနှံတွေပါ စားပေးပါ။

ဖျားနာနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝေးဝေးမှာနေပါ။ လေးလံတဲ့ အရာဝတ္ထုတွေကို မမပါနဲ့။ ထိုင်ပြီး အလုပ်လုပ်ရသူဆိုရင် မကြာခဏ မတ်တပ်ရပ်ပြီး လမ်းလျှောက်ပေးပါ။ စိတ်ဖိစီးမူများပြီး ပင်ပန်းလွန်းတဲ့ အလုပ်တွေကို မလုပ်နိုင်သေးကြောင်း အလုပ်ရှင်ကို ကြိုပြောပြထားပါ။

(ကြယ်စင်)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...