ကိုယ်ခံအားစနစ် ဖောက်ပြန်မှုကြောင့် ဖြစ်သောရောဂါများ


Health Updates Journal No. 86

ဓါတ်မတည့်ရောဂါ
အန္တရာယ်မရှိတဲ့ ပြင်ပပစ္စည်းတစ်ခုကို ခန္ဓာကိုယ်က အလွန်အမင်း တုံ့ပြန်တိုက်ခိုက်တဲ့အခါ ဓါတ်မ တည့်ရောဂါခံစားရပါတယ်။ ထင်ရှားတဲ့ ဓါတ်မတည့်ရောဂါတစ်ခုကတော့ ရင်ကျပ်ရောဂါဖြစ်ပါတယ်။ ဓါတ်မတည့်ရောဂါရှိသူတစ်ဦးရဲ့ ကိုယ်ခံအားစနစ်ဟာ အခြားသူများကို အန္တ ရာယ်မပေးတဲ့ဖုန်၊ မှုန်လိုအရာဝတ္ထု မျိုးကို အန္တရာယ်ရှိပစ္စည်းအဖြစ်မှတ်ယူတိုက်ခိုက်ရာမှ ဓါတ်မ တည့်ရောဂါ လက္ခဏာတွေပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ အသက်ရှူကျပ်ခြင်း၊ မျက်လုံးနီခြင်း၊ အင်ပျဉ်ထခြင်း၊ နှာပိတ်ခြင်း၊ အန်ခြင်း၊ ရောင်ရမ်းခြင်းစတာတွေခံစားရတတ်ပါတယ်။

သွေးလေးဘက်နာရောဂါနှင့် အခြား ရောဂါများ
Rheumatoid arthritis Systemic Lupus Erythematosus (SLE) ၊ Inflammatory Bowel Disease (IBD) ၊ Multiple Sclerosis ၊ အမျိုးအစား (၁) ဆီးချို ရောဂါ၊ Guillain-Barre Syndro me ၊ Psoriasis အရေပြားရောဂါ၊ Grave’s disease သိုင်းရွိုက်ရောဂါ၊ Hashimoto’s thyroiditis သိုင်း ရွိုက်ရောင်ရော ဂါ၊ Myasthenia gravis ကြွက်သားပျော့ရောဂါ၊ Vasculitis သွေးကြောရောင်ရောဂါတွေဟာ ကိုယ်ခံ အားစနစ်က မိမိခန္ဓာ ကိုယ်ကို ပြန်တိုက်ခိုက်ခြင်းကြောင့် ဖြစ်တဲ့ရောဂါတွေဖြစ်ပါတယ်။

ကိုယ်ခံအားကျဆင်းရောဂါများ
(၁) HIVဗိုင်းရပ်စ်က ခုခံအား ဆဲလ်တွေကိုဖျက်ဆီးပစ်ခြင်းကြောင့်ခုခံအားဆဲလ်တွေအရေအတွက် ကျဆင်းလာပြီး ရောဂါပိုးမျိုးစုံနောက် ထပ်ဝင်ရောက်လာပါတယ်။(၂)ကိုယ် အင်္ဂါအစိတ်အပိုင်း အစားထိုးခံယူလိုက်တဲ့အခါမှာလည်း လက်ခံခန္ဓာကိုယ်နှင့် အစားထိုးပစ္စည်းအပြန် အလှန်တိုက်ခိုက်ခြင်း မဖြစ်အောင် ကိုယ်ခံအားကျစေတဲ့ဆေးတွေ တိုက်ကျွေးရပါတယ်။ ကြာလာတဲ့အခါ ကိုယ်ခံ အားကျလာပြီးရောဂါပိုးမျိုးစုံ ၀င်လာတတ်ပါတယ်။

ဇော်ကို
Source:WebMD

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...