ခွင့်လွှတ်ခြင်း အနုပညာ



ခွင့်လွှတ်ခြင်းသည် အံ့ဖွယ်အပြောင်းအလဲကို ဖြစ်စေသည်. . လင်ကွန်းအား သူ့ရန်သူများကို အဘယ့်ကြောင့် မဖျက်ဆီးသနည်းဟု မေးသောအခါ လင်ကွန်းက "ကျွန်တော့အနေနဲ့ ကျွန်တော့ရန်သူတွေကို မိတ်ဆွေဖြစ်အောင် လုပ်နိုင်ရင် အဲဒါ သူတို့ကို ဖျက်ဆီးလိုက်တာပဲ မဟုတ်ဘူးလား. . . " ဟု ပြန်ဖြေပါသည်. .

ခွင့်လွှတ်သောအခါ သင်သည် သူတစ်ပါးကို ပြောင်းလဲစေပြီး သင့်ကိုယ်သင်လည်း ပြောင်းလဲစေပါ သည်.

ရှေးဦးစွာ ကိုယ့်အပေါ်နှင့် သူတစ်ပါးအပေါ် ကိုယ်ပြုခဲ့သော အမှားများအတွက် ကိုယ့်ကိုယ် ကိုခွင့်လွှတ်သင့်ပါသည်. . ထို့နောက် သင့်ဘ၀တာ ၌ သင့်အပေါ်တွင် အမှားပြုခဲ့သူများ အားလုံးကို ခွင့်လွှတ်ပြီး မေတ္တာပို့သင့်ပါသည်. . .

ဤသို့ဖြင့် သင်သည် သူတစ်ပါးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး ကိုယ့်ကိုယ် ကိုလည်း လွတ်ငြိမ်းခွင့်ပေး လိုက် ပါသည် . . သင့်ကို နှောင်ဖွဲ့ထားသည့် နောင်တတစ်ဖန် ပူပန်ရခြင်းသည် သံကြိုးကိုလည်း ချိုးဖျက်လိုက်ပါသည်. . . အတိတ်၏ ၀န်ထုပ်ဝန်ပိုးမှ သင်၏စိတ်ကို လွတ်မြော်ကစေပြီ ဖြစ်၍ သင်သည် အနာဂတ်သို့အောင်မြင်စွာ လျှောက်လှမ်းသွားနိုင်ပြီ ဖြစ်သည်. .

ခွင့်လွတ်ခံရခြင်းသည် နှစ်နည်းနှစ်လမ်းအားဖြင့် အကျိုးရှိပါသည်. . . ခွင့်လွတ်ခြင်းကို ခံရဖို့ ကိုယ်ကလည်း ခွင့်လွှတ်ရပေမည်. .

"သူတစ်ပါးကို ခွင့်မလွှတ်နိုင်သူသည် . ကိုယ်ကိုယ်တိုင် ဖြတ်သန်းရမည့် တံတားကို ချိုးဖျက်ပစ်သူ ဖြစ်သည်. . အဘယ့်ကြောင့်ဆိုသော် လူတိုင်းသည် ခွင့်လွှတ်မှုကို ခံယူလိုသောကြောင့် ဖြစ်ပါသည်. . . "ဟု အက်ဒ၀ပ်ဟာ ၀က်က ဆိုခဲ့ပါသည်.

ခွင့်လွှတ်ခြင်းသည် အကျင့်ပင်ဖြစ်သင့်ပါသည်. . အကန့်အသတ်အတိုင်းအတာမဲ့ ခွင့်လွှတ်တတ်သူသည် မည်သည့်အခါမျှ မမုန်းတတ်ပါ. .ခွင့်လွှတ်ခြင်းကို ယခုပင် စတင်သင့်ပါသည်. . . ခွင့်လွှတ်ဖို့အချိန်ဆွဲခြင်းမှာ ဒဏ်ရာကို ပို၍နက်နဲစေပါသည်. . . ခါးသည်းမှုကို ဖက်တွယ်ထားခြင်း သည် ပျော်ရွှင်မှုကို ရွေ့ဆိုင်းရာရောက်ပါသည်. . ဘ၀က တိုတောင်းပါသည်. . . အချိန်က အလျင်အမြန် ကုန်ဆုံးလျက်ရှိသည်. . .ခွင့်လွှတ်ခြင်းကို ကျင့်သုံးရန်နေ့မှာ ယနေ့ပင်ဖြစ်သည်. .

ခွင့်လွှတ်ခြင်းသည် တစ်ကိုယ်ရည် ငြိမ်းချမ်းခြင်းသို့ ရှေးရှုရာလမ်းဖြစ်သည်. . . ခွင့်လွှတ်ခြင်းဆိုသည်မှာ မိမိ၏ စိတ်အတွင်းသို့ နက်နက်ထိုးနှိုက်၍ စိတ်အနာတရဖြစ်မှုများ ၊ အငြိုးဖွဲ့မှုများ ၊နာကျည်းမှုများကို ဖယ်ရှားပစ်သည့် စိတ်ကို ခွဲစိတ်မှုဖြစ်ပါသည်

ခွင့်လွှတ်ခြင်းဆိုသည် မှာ အမှားအယွင်းမျာကို ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးသလို မေ့ပျောက် ပစ်ခြင်းဖြစ်သလို သင်ဘယ်တုန်းကမှ မသိခဲ့သော တည်ငြိမ်အေးချမ်းမှုကို ရှာဖွေတွေ့ရှိခြင်းပင် ဖြစ်ပါသည်. . .

ဦးဝင်းတင်
ဧရာဝတီစာကြည့်တိုက်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...