တေးဂီတနှင့် ကလေးများဖွံ့ဖြိုးမူ
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX35G2zqVuswiYNnZHNOpGUoQhDdac-gLhJqMFTJF3q7DF-eHgcey5GLUzBhnZLQ9DmElDYS2jCrQPv0W3Y9bg-u6cg02gqbsilseu5La0cEFKuybL-T0p9H0tX9sGg8JwnxXy5NbTmezx/s400/music-classes-for-children.jpg)
ဘေဘီလေးတွေလည်း ဂီတအနုပညာကို ခံစားတတ်ပါတယ်။ သံစဉ်တေးသွားသံ၊ သီချင်းသံကြားတဲ့ အခါ နားစွင့်တတ်ပါတယ်။ ဘေဘီလေးလက်ကိုကိုင်ပြီး “ချိုမိုင်မိုင်” လို့ ဆိုပေးရုံနဲ့ လက်ချောင်းလေးတွေ လူပ်ရှားပြီး ဆုပ်လိုက်ဖြန့်လိုက် လုပ်ကာ ကတတ်ပါတယ်။ ဘေဘီလေး ချိုမိုင်မိုင်လုပ်တတ်စအရွယ်မှာ မာမီတို့က မကြာခဏ ကခိုင်းတယ်။ ဘေဘီလေးတို့ မပီကလာစကားတတ်ချိန်ရောက်တော့ ကဗျာတွေ၊ စာတွေ၊ သီချင်းတွေကို မာမီတို့မကြာခဏ ရွတ်ဆိုခိုင်းတတ်ပေမယ့် ဘေဘီလေး ကြီးလာတဲ့အခါ ဂီတက ဘေဘီလေးအတွက် အရေးမကြီးတော့ ဘူးလို့ယူဆလာပါတယ်။
တကယ်တော့ ဘေဘီလေးအရွယ်မှ မဟုတ်ပါဘူး၊ ကလေးငယ်တွေ သီချင်းဆိုတာ၊ ကခုန်တာ၊ ဂီတတူရိယာပစ္စည်းတီးမူတ်တာ၊ အနည်းဆုံးတော့ သီချင်းနားထောင်တာတွေဟာ ကလေးငယ်တွေ အတွက်အကျိုးရှိစေပါတယ်။ မာမီတို့၊ ဒယ်တီတို့ကိုယ်တိုင် သီချင်းနားထောင်တာ၊ သီချင်းဆိုတာတွေကို သားသားမီးမီးတို့နဲ့အတူ ကစားပေးမယ်ဆိုရင် ကလေးငယ်တွေကို အတိုင်းအဆ မရှိ ပျော်ရွှင်မူတွေ ပေးစွမ်းနိုင်မှာပါ။ ဂီတဖျော်ဖြေပွဲတွေ၊ ကပွဲတွေသွားစရာ မလိုပါဘူး။ အိမ်မှာပဲ တီဗီ၊ စီဒီခွေဖွင့်ပေးပြီး ကလေးငယ်နဲ့အတူကတာ၊ ကစားစရာ တူရိယာ ပစ္စည်းဝယ်ပေးပြီး တီးမူတ်စေတာမျိုးနဲ့တင် လုံလောက်ပါတယ်။ တကယ့်တူရိယာပစ္စည်းနဲ့ သင်ပေးချင်ရင်တော့ ကလေးငါးနှစ်အရွယ်က စ, သင်ပေးနိုင်ပါပြီ။
ငယ်ရွယ်စဉ်ကတည်းက ကြိုးတပ်တူရိယာတွေနဲ့ စန္ဒရား၊ အော်ဂင်တီးစေတာဟာ အနုစိတ်လူပ်ရှားနိုင်စွမ်းကို တိုးတက်စေပါတယ်။ လေမူတ်တူရိယာတွေကိုတော့ ကလေးအသက် ခုနှစ်နှစ်အရွယ်လောက်မှ စတင်သင်ပေးသင့်ပါတယ်။
- တေးဂီတက ကလေးငယ်တွေကို အားရ ကျေနပ်စေရုံသာမကဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေကို ဖွံ့ဖြိုးတိုးတက်စေပါတယ်။
- သီချင်းစာသားတွေကို လိုက်မှတ်ရင်းနဲ့ မှတ်ဉာဏ်ကို ပိုမိုဖွံ့ဖြိုးလာစေပါတယ် စကားလုံးဝေါဟာရလည်း ကြွယ်ဝလာစေပါတယ်။
- ကိုယ်ခန္ဓာလူပ်ရှားမူ၊ အထူးသဖြင့် လက်နဲ့မျက်စိ ဟန်ချက်ညီညီ လူပ်ရှားမူကို တိုးတက်စေပါတယ်။
- မိမိကိုယ်ကို ယုံကြည်မူ၊ လူဝင်ဆံ့မူစတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို တိုးတက်စေပါတယ်။
- တခြားသူတွေနဲ့ ခွဲဝေခံစားမူ၊ အလှည့်ပေးတတ်မူ၊ လိုက်လျောညီထွေ ဆက်ဆံတတ်မူ ရရှိစေပါတယ်။
- အာရုံစူးစိုက်နိုင်စွမ်းကို ပိုကောင်းစေပါတယ်။
(ZC)