သင့်ကျန်းမာရေးအတွက် သင်ကိုယ်တိုင် စစ်ဆေးနိုင်သည့်အရာများ



သင့်ကျန်းမာရေးအတွက် သင်ကိုယ်တိုင် ဦးခေါင်းမှ ခြေဖျားအထိ စစ်ဆေးပြီး ရောဂါရှာဖွေနိုင်ပါတယ်။ တစ်ခုခု ချို့ယွင်းတာတွေ့ရှိရင်လည်း ကျွမ်းကျင်သူတွေက အောက်ပါအတိုင်း လုပ်ဖို့အကြံပေးထားပါတယ်။

1) စိုထိုင်းဆရှိသော ကြမ်းပြင်ပေါ်မှာ သင့်ခြေဖ၀ါးရာပြုလုပ်ပြီး (အဆစ်ရောရောဂါ ရှိ၊ မရှိ စစ်ဆေးပါ)
သင့်ခြေဖ၀ါးရာဟာ ပြားပြားကြီး ဖြစ်နေပါက သင့်ရဲ့ခန္ဓာကိုယ်အလေးချိန်များလွန်းတာကြောင့် ခြေဖ၀ါး Arch ပြားသွားတာဖြစ်ပြီး အဆစ်ရောင်ရောဂါ ဖြစ်နိုင်ခြေများပါတယ်။ ခြေဖနောင့်၊ ဒူးဆစ်နဲ့ ပေါင်ဆစ်တွေမှာ အဆစ်ရောင်ရောဂါဖြစ်နိုင်ခြေ ပိုများတယ်လို့ သုတေသီတွေက ဆိုပါတယ်။

ပြုပြင်ပါ
အထူးပြုလုပ်ထားတဲ့ ရှူးဖိနပ်ဝတ်ဆင်ပါ။ အဆစ်သန်မာစေပြီး ကွေးနိုင်၊ ဆန့်နိုင်အားကောင်းစေမယ့် လေ့ကျင့်ခန်းကို နေ့စဉ် မိနစ် ၃၀ ကြာပြုလုပ်ပေးပါ။

2) သင့်မျက်လုံးကိုကြည့်ပြီး (ကိုလက်စထရောအဆင့်ကို စစ်ဆေးပါ)
မျက်လုံးအတွင်း အမည်းရောင်အ၀ိုင်းပတ်လည်မှာ နို့နှစ်အဖြူရောင်အ၀ိုင်းရှိနေရင် သင့်ကိုလက်စထရော အဆင့်များနေပါပြီ။ Arcus Senilis လို့ခေါ်ဆိုပြီး မျက်လုံးတွင် သွေးလှည့်ပတ်မူအတွင်းမှ သေးငယ်တဲ့ သွေးကြောမျှင်တွေမှာ ကိုလက်စထေရောတွေ ပိတ်ဆို့နေတာကြောင့်ပါ။

ပြုပြင်ပါ
သွေးဖောက်စစ်ဆေးမူ ပြုလုပ်ရာမှာလည်း ကိုလက်စထရောအဆင့်တွေ များနေရင် ဆေးဝါးအသုံးမပြုခင် အနီရောင်ဂရိတ်ဖရုသီးကို အရင်စားပေးပါ။ လော့လာမူအရ နေ့စဉ်အနီရောင် ဂရိတ်ဖရုသီးစားသူတွေဟာ သူတို့ရဲ့ မကောင်းတဲ့ ကိုလက်စထရောအဆင့် ၂၀ရာခိုင်နူန်းအထိ ကျဆင်းနိုင်တယ်လို့ သိရပါတယ်။

3) ပေကြိုးအသုံးပြုပြီး (နှလုံးကျန်းမာရေးကို စစ်ဆေးပါ)
သင့်ခါးရဲ့ အသေးဆုံးနေရာကို ပေကြိုးနဲ့တိုင်းတာပြီး တင်ပါးရဲ့ အကြီးဆုံးနေရာကို ပေကြိုးနဲ့တိုင်းတာပါ။ ပြီးရင် ခါးအတိုင်းအတာကို တင်ပါးအတိုင်းအတာနဲ့ စားကြည့်ပါ။ ၀ ဒသမ ၉၀ ထက်များနေရင် နှလုံးရောဂါဖြစ်နိုင်ခြေများနေပါပြီ။

ပြုပြင်ပါ
ဝမ်းဗိုက်ချပ်ရပ်သွားအောင် အိမ်ပြင်ထွက်ပါ။ နေရောင်နဲ့ ထိတွေ့မူရှိရင် ကိုယ်အလေးချိတ်တက်စေမယ့် ဦးနှောက်လုပ်ငန်း ပိတ်ပင်သွားတဲ့အပြင် ဇီဝရုပ်ဖြစ်ပျက်နူန်း မြန်ဆန်လာနိုင်ပါတယ်။ လေ့လာမူအရ နံနက်ခင်း အလင်းရောင်ကို နေ့စဉ် ၁၅မိနစ်ရရှိတာဟာ အစာစားလွန်းမူ ၅၀ရာခိုင်နူန်းမဖြစ်အောင် ထိန်းချုပ်နိုင်ပြီး အစာမလျှော့ဘဲနဲ့ ၀မ်းဗိုက်အဆီ ၁၀ပေါင်လောက် လောင်ကျွမ်းနိုင်တယ်လို့ သိရပါတယ်။

4) လျှာကိုကြည့်ပြီး (မိုပွားများမူ ရှိ၊ မရှိကို စစ်ဆေးပါ)
လျှာပေါ်မှာ အဖြူရောင်အလွှာဖုံးနေရင် သင့်မှာ မိုပိုးတွေ အပေါက်ဖွားလွန်နေတယ်လို့ အဓိပ္ပာယ်ရပါတယ်။ မိုပိုးတွေပေါက်ဖွားတာမြန်ဆန်ရင် အဆိပ်တွေထုတ်လွှတ်တတ်ပြီး မောပန်းတာ၊ ခေါင်းကိုက်တာနဲ့ သတိမေ့လွယ်တာတွေ ဖြစ်တတ်ပါတယ်။

ပြုပြင်ပါ
နေ့စဉ် ဟင်းသီးဟင်းရွက်နှစ်ခွက်နဲ့ ဒိန်ချဉ်တစ်ခွက်သောက်ပေးပါ။ Stamfordမှ သုတေသီတွေက အဲဒီလိုစားတာကြောင့် သုံးပတ်အတွင်းရှိ မိုပိုးပေါက်ဖွားမူ ၈၀ရာခိုင်နူန်းလျော့နိုင်တယ်လို့ ဆိုပါတယ်။ ဒိန်ချဉ်မှာပါဝင်တဲ့ ကျန်းမာရေး ကောင်းစေတဲ့ ဘက်တီးရီးယားတွေက မိုပိုးတွေကို သုတ်သင်နိုင်ပြီး ဟင်းသီးဟင်းရွက်တွေက အစာခြေဖွဲ့ကို အက်စစ်ဓာတ်နည်းအောင် ပြုလုပ်နိုင်တာကြောင့် မိုပိုးပေါက်ဖွားမူကို လျော့ကျစေနိုင်ပါတယ်။

5 ) မျက်ခုံးနှင့် မျက်တောင်မွေးကို စစ်ဆေးပြီး (သိုင်းရွိုက်ပြဿနာ ရှိ၊ မရှိ စစ်ဆေးပါ)
အမျိုးသမီးရှစ်ယောက်မှာ အနည်းဆုံးတစ်ယောက်ခန့်ဟာ ဘ၀ရဲ့အချိန် တစ်ချိန်မှာ သိုင်းရွိုက်ပြဿနာနဲ့ ကြုံတွေ့နေတတ်ရပြီး အဲဒီထဲမှ ၅၀ရာခိုင်နူန်းဟာ ရောဂါလက္ခဏာသိပ်မပြတာမို့ ရောဂါကို မကုသဘဲနေလေ့ရှိပါတယ်။ လည်ပင်းအကျိတ်ကြီးနေတာ (Adam’s Apple အောက်က အကျိတ်စူထွက်နေတာ)ဟာ သိုင်းရွိုက်ပြဿနာရဲ့ လက္ခဏာတစ်ခုပါ။ မျက်ခုံးအပြင်ပိုင်း သုံးပုံတစ်ပုံနဲ့ မျက်တောင်မွေးပါနေတာဟာလည်း သိုင်းရွိုက်ပြဿနာရဲ့ လက္ခဏာပါ။

ပြုပြင်ပါ
သိုင်းရွိုက်နဲ့ ပတ်သက်ပြီး TSH (Thyroid Stimulating Hormone) စစ်ဆေးမူကို ပြုလုပ်ပါ။ သင့်မှာ ဘာလက္ခဏာမှမရှိရင်တောင် ငါးနှစ်တစ်ကြိမ် စစ်ဆေးပါ။ သိုင်းရွိုက်နဲ့ ပတ်သက်ပြီး ဆေးဝါး အသုံးပြုရမယ်ဆိုရင် နေ့စဉ် ဆီလီနီယမ်အားဖြည့်ဆေး ၂၀၀မိုက်ခရိုဂရမ်သောက်ပေးပါ။ သုတေသနပြုသူတွေက ဆီလီနီယမ်သောက်တာကြောင့် ခန္ဓာကိုယ်က သိုင်းရွိုက်ဆေးအသုံးပြုမူကို ပိုမိုထိရောက်မူရှိစေပြီး သုံးလအတွင်း သိုင်းရွိုက်လက္ခဏာ ၆၃ရာခိုင်နူန်းလျော့ကျနိုင်ပါတယ်လို့ ဆိုပါတယ်။

ဒေါက်တာခင်မိုးမိုး (GOOD HEALTH JOURNAL)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...