မအီမသာ ဝေဒနာတို့အတွက် လက်ကုထုံး
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeqVrq4D12GJqmVGqQvXZM1Ljm2jO5nnimVM20RLON5YfHfjz8SKj8YshTDTnJN75Rf3bQXznmf5eXlLJ95JLJBUD2g7qvt0FQ17uMBJg1g7HfZrV8vw6ikCZampSEfvH73J0DHsEHGZXr/s400/images+(13).jpg)
နာမကျန်းဖြစ်ခြင်းတွေကို လက်ဖိအားသုံးပြီး ကုသင့်ပါတယ်။
ခေါင်းကိုက်ခြင်း သက်သာစေမည့် လက်ကုထုံး
လက်မနဲ့ လက်ညှိုးကြားအလယ် နေရာအရေပြားကို လက်နဲ့ ဖိပေးရမှာပါ။ ခေါင်းကိုက်နေတဲ့အချိန်မှာ ထိုအရေပြားနေရာက တင်းကျပ်နေတဲ့ ခံစားချက်ကို ရရှိပါလိမ့်မယ်။ ခေါင်းကိုက်တဲ့ဘက်အခြမ်းရှိ လက်ကို ဖိနှိပ်ပေးရင် သက်သာသွားပါလိမ့်မယ်။
ပျို့ချင်အန်ချင်စိတ် သက်သာစေမည့် လက်ကုထုံး
လက်ဖ၀ါးအခြေနေရာကနေ လက်နှစ်ချောင်းစာအကွာနေရာကို လက်မနဲ့ လက်ညှိုးသုံးပြီး ဖိနှိပ်ပေးပါ။ ဒါဟာ ခွဲစိတ်ကုသပြီးချိန်မှာ ခံစားရတဲ့ ပျို့ချင် အန်ချင်ခြင်းကို သက်သာစေပါတယ်။
ဇက်ကြောနာခြင်းကို သက်သာစေမည့် လက်ကုထုံး
စားပွဲပေါ်မှာ လက်ကို ထောက်ပြီး လက်ဖ၀ါးကို ဖြန့်ထားကာ လက်ခလယ်ကို ပုံမှာပြထားတဲ့အတိုင်း ကျန်လက်မနဲ့ ဖိနှိပ်ပေးရမှာပါ။ လက်သည်းအောက် ပထမဆုံးအဆစ်ကို ဖိနှိပ်ပေးရမှာဖြစ်ပါတယ်။ လည်ကုပ်နာကျင်နေရင် လက်ခလယ်ပေါ်တည့်တည့်ကို နှိပ်ပေးရမှာ ဖြစ်ပြီး လည်ကုပ်ဘေးဘက်တွေမှာ နာကျင်နေပါက လက်ခလယ်ရဲ့ ဘေးဘက်တွေကို နှိပ်ပေးရမှာ ဖြစ်ပါတယ်။
(ကြယ်စင်)