ခန္ဓာကိုယ်အတွက် ၁၀မိနစ်နဲ့အကျိုးရှိစေဖို့



နေ့တိုင်းလူပ်ရှားရုန်းကန်ရင်း ၁၀မိနစ်နဲ့ တစ်နေ့ကိုသုံးကြိမ် မိနစ် ၃၀လောက်လေ့ကျင့်ခန်း ရယူနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁၀မိနစ်ဆိုတာ ထိုင်နေရင် အချိန်ကုန်မြန်လွန်းပါတယ်။ တစ်နေ့တာမှာ ၁၀မိနစ် အေရိုးဗစ်လေ့ကျင့်ခန်း နောက် ၁၀မိနစ် ကြွက်သားအတွက် လေ့ကျင့်ခန်း နောက် ၁၀မိနစ် ယောဂလိုတရားထိုင်တဲ့ လေ့ကျင့်ခန်းတွေကို ပါဝင်အောင် ပြုလုပ်ကြည့်ပါ။

အေရိုးဗစ်လေ့ကျင့်မူတွေကို အားကစားခန်းမတွေနဲ့ တီဗီအစီအစဉ်တွေကနေကြည့်ပြီး လိုက်လေ့ကျင့် နိုင်ပါတယ်။ နေ့စဉ် လူပ်ရှားမူတွေထဲက အကောင်းဆုံးပြုလုပ်နိုင်တာက လမ်းလျှောက်ခြင်းပါ။ လမ်းလျှောက်ချိန်မှာ အသက်ကို ပုံမှန်ရှူသွင်း၊ ရှူထုတ်ပြုလုပ်ရှုထုပ် ခြေနဲ့ လက်တွေကိုလွှဲကာ လမ်းလျှောက်ရင်း လေ့ကျင့်မူအဖြစ် ရယူပါ။ ခန္ဓာကိုယ်က ကြွက်သားတွေအတွက် ခုခံအားတွေ ကောင်းမွန်စေဖို့ ကြွက်သားလေ့ကျင့်မူဟာ ၁၀မိနစ်ဆိုလုံးလောက်ပါတယ်။

အခြေခံကြွက်သားလေ့ကျင့်မူတွေအနေနဲ့ ထိုင်ထပြုလုပ်ခြင်း၊ ခြေကန်ထုတ်ခြင်း၊ ဒိုက်ထိုးခြင်း၊ သားရေကြိုးဆွဲဆန့်လေ့ကျင့်ခြင်းလို အခြေခံတွေလေ့ကျင့်နိုင်ပါတယ်။ တစ်ပတ်လောက် လေ့ကျင့်ကြည့်ရုံနဲ့ သိသာတဲ့ အကျိုးရလဒ်ကို သင်တွေ့ရှိရမှာပါ။ လေ့ကျင့်ခန်းတွေပြုလုပ်ဖို့ လေ့ကျင့်ရေးခန်းမတွေကိုသွားမယ်လို့ ဆုံးဖြတ်တိုင်း သင့်ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေနဲ့သင်ဘာကြောင့် လေ့ကျင့်ခန်းပြုလုပ်ချင် တယ်ဆိုတာကို လေ့ကျင့်ခန်းနည်းပြဆရာနဲ့ တိုင်ပင်ပြီးမှမိမိနဲ့သင့်တော်တဲ့လေ့ကျင့်ခန်းကို လေ့ကျင့်သင့် ပါတယ်။

(သဲသဲ)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...