သွေးဆုံးချိန် အမျိုးသမီးတို့အတွက် အထူးလိုအပ်နေသော ဖြည့်စွက်ဆေးများ



သွေးဆုံးချိန်မှာအမျိုးသမီးတွေအနေနဲ့ခန္ဓာကိုယ်တွင်း ဟော်မုန်းအပြောင်းအလဲတွေကြောင့် အောက်ပါဖြည့် စွက်ဆေးကို အရင်ထက်ပိုလိုအပ်လာပါတယ်။

၁။ ကယ်လစီယမ်
သွေးဆုံးပြီးချိန်မှာ ဟော်မုန်းပမာဏလျော့ကျသွားတာနဲ့ တစ်ပြိုင်နက် အရိုးထုထည် ဆုံးရူံးမူဟာ ပြင်းထန်တဲ့ ပြဿနာတစ်ရပ်ဖြစ်လာပါတယ်။ ဒါကြောင့် အဲဒီအချိန်မှာ အသက်၅၀အောက် အမျိုးသမီးဆိုရင် ကယ်လ်စီယမ် ၁၀၀၀မီလီဂရမ် လိုအပ်နေပြီး အသက် ၅၀ကျော်သူဆိုရင် တစ်နေ့မှာ ကယ်လ်စီယမ် ၁၂၀၀ မီလီဂရမ် လိုအပ်နေပါတယ်။

ဘယ်လိုမှီဝဲသင့်တာလဲ?
တစ်ကြိမ်တည်းနဲ့ ကယ်လ်စီယမ် မပမာဏအများကြီးသောက်မယ့်အစား တစ်နေ့ နှစ်ကြိမ် - သုံးကြိမ်လောက် ပမာဏနည်းနည်းစီ ခွဲသောက်ပေးတာဟာ ခန္ဓာကိုယ်က စုပ်ယူအား ပိုကောင်းပါတယ်။

၂။ ဗီတာမင် ဒီ
ဗီတာမင်ဒီဟာလည်း ကယ်လ်စီယမ်လိုပဲ အရိုးကျန်းမာရေးအတွက် အရေးပါပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဗီတာမင်ဒီ မရှိရင် ခန္ဓာကိုယ်က ကယ်လ်စီယမ်ကို မစုပ်ယူနိုင်တာကြောင့်ပါ။ ဗီတာမင်ဒီကို အစားအသောက်နဲ့ ဖြည့်စွက်ဆေးမှ ရရှိနိုင်သော်လည်း တခြားအရေးပါတဲ့ အရင်းအမြစ်က နေခြည်နုနု ခံယူခြင်းပဲ ဖြစ်ပါတယ်။

ဘယ်လိုရယူသင့်သလဲ?
နံနက်ခင်းနေခြည်နုနုကို တစ်နေ့မှာ ၁၀-၁၅မိန်စလောက်ခံယူလိုက်ပါက တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်ဒီ ပမာဏကို အလုံးအလောက်ရပါလိမ့်မယ်။

၃။ ဂျင်ဆင်း
လေ့လာမူအနည်းငယ်အရ ဂျင်ဆင်းဟာ သွေးဆုံးချိန်အတွင်း အမျိုးသမီးတွေကို ဘ၀နေထိုင်မူဆိုင်ရာ အရည်အသွေး မြင့်တက်စေကြောင်း သိရပါတယ်။ ဂျင်ဆင်းဟာ စိတ်တက်ကြွစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိမ်မောကျစေတာကြောင့် ဖြစ်ပါတယ်။

ဘယ်အမျိုးအစားကို သုံးသင့်တာလဲ?
ကိုရီးယားဂျင်ဆင်ဟာ သွေးဆုံးချိန်မှာ ခံစားရတဲ့ ပူနွေးခြင်းလိုမျိုး ဝေဒနာတွေကို သက်သာစေပါတယ်။ အမေရိကန်ဂျင်ဆင်းကတော့ သွေးဆုံးချိန်ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေသလားဆိုတာ မသေချာပါဘူး။

၎။ DHEA ဟော်မုန်း
အသက် ၃၀ ကျော်လာပြီးနောက်ပိုင်းမှာ ခန္ဓာကိုယ်မှ DHEA ဟော်မုန်းဟာ သိသိသာသာလျော့ကျ လာပါတယ်။ လေ့လာမူတချို့အရ DHEA ဖြည့်စွက်ဆေးဟာ သွေးဆုံးချိန်နဲ့ သွေးဆုံးပြီးချိန်မှာ ဖြစ်တတ်တဲ့ လိင်စိတ်လျော့နည်းခြင်းနဲ့ ပူနွေးခြင်း စတာတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။

ဘယ်လောက်ပမာဏ မှီဝဲသင့်သလဲ?
DHEA ဟော်မုန်းကို ပမာဏ အများကြီး ဒါမှမဟုတ် ကြာရှည်မှီဝဲတာက ရင်သားကင်ဆာ အန္တရာယ်နဲ့ ဆက်စပ်နေကြောင်း တချို့မှတ်တမ်းတွေက ဆိုထားပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးဆွေးနွေး ပြီးမှသာ သောက်သင့်ပါတယ်။

၅။ ပဲပုပ်စေ့
အမေရိကန်အမျိုးသမီးတွေဟာ အာရှအမျိုးသမီးတွေထက် ရှစ်ဆပိုပြီး သွေးဆုံးချိန်မှာ ပူနွေးချွေးပြန်တဲ့ ဝေဒနာကို ခံစားရတတ်ပါတယ်။ ဒါဟာ အာရှသူတွေက ပဲပုပ်စေ့နဲ့လုပ်ထားတဲ့ အစားအသောက်တွေကို အစားများတာကြောင့်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဘယ်အရာတွေကို စားသင့်သလဲ?
ပဲပုပ်စေ့၊ ပဲနို့၊ တိုဟူး၊ ပဲပိစပ် စတာတွေကို စားသောက်ပေးနိုင်ပါတယ်။ လေ့လာမူတစ်ခုအရ ပဲပိစပ်ဟာ ဟော်မုန်းကုသမူလိုပင် အသုံးဝင်ကြောင်း တွေ့ရှိထားပါတယ်။

Tip! ဖြည့်စွက်ဆေးကို စနစ်တကျ မှီဝဲပါ
သင့်အနေနဲ့ ဖြည့်စွက်ဆေးတွေကို မမှီဝဲခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ သတိပြုသင့်တဲ့ အချက်တွေအနေနဲ့ -

- ဖြည့်စွက်ဆေးအားလုံးမှာ ဘေးထွက်ဆိုးကြီး အနည်းနဲ့အများဆိုသလို ရှိနိုင်ပါတယ်။

- ဖြည့်စွက်ဆေးတွေဟာ သင်လက်ရှိ မှီဝဲနေတဲ့ဆေးတွေနဲ့ ဓာတ်မတည့်တာမျိုး ဖြစ်နိုင်ပါတယ်။

- တချို့ဆေးဖက်ဝင်အပင်တွေဟာ ဓာတ်မတည့်တာမျိုး ဖြစ်တတ်ပါတယ်။

(Life Style Colunm)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...