ကျောင်းနေရွယ်ကလေးငယ်များ ဉာဏ်ရည်မြင့်တက်စေဖို့ ငါးနဲ့အစေ့အဆန်ကျွေးကြစို့

 
Health Updates Journal No. 86

လေ့လာမှုတစ်ခုမှာဖော်ပြထားချက်အရ အိုမီဂါ ၃ အဆီဓာတ်ကြွယ်ဝနေတဲ့ ငါးနဲ့အစေ့အဆန် (nuts)တွေ ကျွေးပေးခြင်းဟာ ကလေးငယ်တွေရဲ့ ကျောင်းတွင်းစာလိုက်နိုင်မှုကို မြှင့်တင်ပေးနိုင်တယ်လို့ သိရပါ တယ်။ ဒီလေ့လာမှုကို အောက်စဖို့ တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး ကျောင်းနေရွယ် ကလေးငယ် ၅၀၀ ကျော်ကို လေ့လာခဲ့တာဖြစ်ပါတယ်။

ဆော်လမွန်ငါးနဲ့ သစ်ကြားသီးစေ့တွေကို ကလေးတွေစားသုံးတဲ့အစားအစာထဲမှာ ထည့်သွင်းစားသုံးစေခြင်းရဲ့ အကျိုးရလဒ်ကို လေ့လာခဲ့ရာ မှ အိုမီဂါ ၃ အဆီဓာတ်ကြွယ်ဝတဲ့ အဲဒီအစားအစာတွေကို စားသုံးပေးတဲ့ကလေးငယ်တွေရဲ့ လစဉ်ပညာရည်မှတ်တမ်းတွေမှာ အမှတ်တွေမြင့်တက်လာပြီး ပိုမိုကျန်းမာတဲ့ ဦးနှောက်တွေကို ပိုင်ဆိုင်လာတယ်လို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ပါဝင်ခဲ့တဲ့ အသက်(၇)နှစ်ကနေ (၉)နှစ်အတွင်း ကလေးငယ်တွေရဲ့ သွေးနမူနာကို ရယူပြီး စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ရာမှာ အိုမီဂါ ၃အဆီဓာတ်တွေကို သွေးထဲမှာ များပြားနေတဲ့ ကလေးငယ်တွေဟာလေ့လာမှု၊ အာရုံစူးစိုက်နိုင်မှုတွေ ပိုမိုကောင်းမွန်တယ်ဆိုတာကိုတွေ့ရှိခဲ့ပါတယ်။ လန်ဒန်မြို့မှာပြုလုပ်ခဲ့တဲ့ ကျန်းမာရေးကွန်ဖရင့်မှာ စာတမ်းဖတ်ကြားခဲ့မှုအရ အိုမီဂါ၃ အဆီဓာတ် ပမာဏ မြင့်မားခြင်းဟာ စာလေ့လာမှုအား၊ စာဖတ်အားပိုမိုကောင်းမွန်စေပြီး မှတ်ဉာဏ်ကောင်းခြင်း၊ အပြုအမူ ဆိုင်ရာပြဿနာတွေ နည်းပါးခြင်းတွေကို ခံစားရစေနိုင်ပါတယ်။

အဆီဓာတ်ကြွယ်ဝတဲ့ ငါးနဲ့ အစေ့အဆန်တွေကို ကလေးတွေအား ပုံမှန်ကျွေးခြင်းဟာ ဦးနှောက်တည်ဆောက်ပုံကို ပိုမိုဖွံ့ဖြိုးစေပြီး သိမြင်မှု (cognitive)စွမ်းအားတွေ ကို တိုးတက်စေပါတယ်။ အိုမီဂါ ၃ အဆီဓာတ်ဟာ ဆာဒင်းငါး၊ ငါးကွမ်း ရှပ်၊တူနာငါး၊ ဆော်လမွန်ငါးတွေမှာ ပါဝင်ပြီး သစ်ကြားစေ့လို အစေ့အဆန် တွေမှာလည်း ပါဝင်တဲ့အတွက် စားသုံးပေးနိုင်ပါတယ်။
ဒီလေ့လာမှုကို Journal PLOS One မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

သက်ကို
Ref: ANI
Health Updates Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...