ပူပြင်းတဲ့ အခြေအနေမှာ ကစားရတဲ့ အားကစားကို အကျိုးရှိစေမယ့် ပါရာစီတမော


Health Updates Journal No. 86

အပူပိုင်းဒေသသို့မဟုတ် ပူပြင်းတဲ့ရာသီမှာလေ့ကျင့်ခန်းလုပ်တဲ့ အခါ ကိုယ်ခန္ဓာရဲ့စွမ်းအားကို မြှင့် တင်ပေးဖို့နဲ့ အားကစားလုပ်ဆောင်မှုကို သက်ရောက်မှုရှိဖို့အတွက် Paracetamol ဆေးဝါးမှာအာနိသင် ရှိနေကြောင်းဖော်ထုတ်နိုင်ခဲ့ပါတယ်။ ယခင်လေ့လာမှုများအရ ပါရာစီတမောမှာလေ့ကျင့်ခန်းကြောင့် နာကျင်မှုကိုလျော့ပါးစေတယ်လို့ သိရှိ ကြပြီးဖြစ်ပါတယ်။

ဒီလေ့လာမှုအရတော့ ပါရာစီတမောဟာ ပူပြင်းတဲ့ အခြေအနေမှာ လေ့ကျင့်ခန်းလုပ်ရသူတွေရဲ့ လေ့ကျင့်ခန်းလုပ်နိုင်တဲ့အချိန်ကာလကို မြှင့်တင်ပေးနိုင်တယ်လို့ သက်သေပြနိုင်ခဲ့ပါတယ်။ ရရှိလာတဲ့ အချက်အလက်များအရတော့ အပူပိုင်း အားကစားများဖြစ်တဲ့ သဲသောင် ပြင်အားကစားများကို ပိုမိုအချိန်ကြာ မြင့်စွာ ကစားနိုင်စေမှာ ဖြစ်ပြီး လေ့ကျင့်ခန်းလုပ်တယ်ဆိုရင်လည်း အပူဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေမှာ ဖြစ်ပါ တယ်။ ဒါဟာပါရာစီတမော ဆေးဝါး ရဲ့ လေ့ကျင့်ခန်းပြုလုပ်စဉ် မြင့်တက် လာတဲ့ကိုယ်အပူချိန်ကို လျော့ကျစေ ခြင်းကြောင့်ပဲဖြစ်တယ်လို့ ဆိုပါတယ်။

Kent’s တက္ကသိုလ်၊ အားကစား နဲ့လေ့ကျင့်ခန်းသိပ္ပံကျောင်းမှ သုတေသန ခေါင်းဆောင် Dr. Lex Maugeru က “အပူချိန်မြင့်တဲ့ ပတ်ဝန်း ကျင်မှာလုပ်ရတဲ့ အားကစားတွေနဲ့ လေကျင့်ခန်းတွေကို ပါရာစီတမော က အဆင်ပြေစေတာကို တွေ့ရှိခဲ့ပါ တယ်။ ဘာကြောင့် အဲလိုဖြစ်ရလဲဆိုရင် အဲဒီဆေးဝါးရဲ့ ကိုယ်အပူချိန် လျော့ပါးစေမှုကြောင့် ပါပဲ”ဟု ပြောကြားထားပါတယ်။

ဒီလေ့လာမှုကို Journal Expe rimental Physiology မှာ ဖော်ပြထားပါတယ်။

သန့်စင်
Ref: ANI
Health Updates Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...