ယောက်ျားလေးများနှင့် မိန်းကလေးများအရွယ်ရောက်ချိန် ပြောင်းလဲမူများ



ယောက်ျားလေးများ အရွယ်ရောက်ချိန် ပြောင်းလဲမူများ

အရွယ်ရောက်ချိန်တွင်ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမူများနှင့်စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမူများ တွေ့ရမည်ဖြစ်သည်။

အရွယ်ရောက်ချိန်တွင်ဦးနှောက်၏အစိတ်အပိုင်းတစ်ခုဖြစ်သောဟိုက်ပိုသားလမတ်က ဟော်မုန်းများထုတ်ပေးပြီး ဦးနှောက်အောက်ခြေကပ်လျက်ရှိသော ပီကျူထရီဂလင်းကို လူံ့ဆော်ပေးသည်။ ပီကျူထရီဂလင်းမှထွက်သော ဟော်မုန်းများက ယောက်ျားလေးများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမူများကို ဖြစ်ပေါ်စေသည်။

အရွယ်ရောက်ချိန်တွင် ယောက်ျားလေးများ၌ အောက်ဖော်ပြပါရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမူများ တွေ့ရမည်ဖြစ် သည်။

- ဝှေးစေ့မှ သုက်ပိုးများ တည်ဆောက်ပေးခြင်း

- ဝှေးစေ့မှ အမျိုးသားလိင်ဟော်မုန်း တက်စတိုစတီရုန်း ထုတ်လုပ်ပေးခြင်း

- ကပ်ပယ်အိတ်အရေပြား အရောင်ရင့်လာခြင်းနှင့် အရေပြား အတွန့်အခေါက်များ ဖြစ်ပေါ်လာခြင်း

- လိင်တံ (Penis) အရွယ်အစား ကြီးလာခြင်း၊ ပို၍ ရှည်လာခြင်းနှင့် လုံးပတ်ပိုမို ကြီးမားလာခြင်း

- ပရော့စတိတ်ဂလင်း (ဆီးကျိတ်)မှ အရည်များ ထုတ်လုပ်လာခြင်း

- ပရော့စတိတ်ဂလင်းအရည်၊ ဆီမင်အရည်နှင့် သုက်ပိုးတို့ ပေါင်းစပ်၍ သုက်ရည်အဖြစ် ထုတ်ပေးနိုင်ခြင်း

- မုတ်ဆိတ်မွေး၊ နူတ်ခမ်းမွေး၊ ချိုင်းမွေးနှင့် ဆီးခုံမွေးများ ထွက်ပေါ်လာခြင်း

- ဆံပင်မှာ အမျိုးသမီးများနှင့် နိုင်းယှဉ်ပါက နည်းပါးကြောင်း တွေ့ရမည်။ နဖူးဆံစ တစ်ဖက်တစ်ချက်တွင် ဆ့ပင်နည်းလာသဖြင့် အမျိုးသားပုံစံဆံပင်သွင်ပြင် ဖြစ်လာခြင်း

- အရေပြားထူကြမ်းလာခြင်းနှင့် ၀က်ခြံများပေါက်လာခြင်း

- ခန္ဓာကိုယ်ကြွက်သားများ ပိုမိုသန်မာလာခြင်း

- ပခုံးနှင့် ရင်အုပ်ပိုကျယ်လာခြင်း

- သွေးအား ပိုကောင်းလာခြင်း၊ သွေးနီဥအရေအတွက် ပိုများလာခြင်း။

အထက်ပါ ဖော်ပြခဲ့သော ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမူများအပြင် အောက်ဖော်ပြပါ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမူကိုလည်း အရွယ်ရောက်ချိန်တွင် တွေ့ရှိလာရသည်။

- နေရာတကာ တက်ကြွစွာ ပါဝင်လိုခြင်း

- သူတစ်ပါးအပေါ် မှီခိုလိုစိတ် မရှိခြင်း၊ မိမိကိုယ်မိမိ ပိုမိုအားကိုးလာခြင်း

- ဦးဆောင်ဦးရွက်ပြုလိုခြင်း

- စိတ်တို၊ စိတ်ဆတ်ခြင်း၊ ဒေါသဖြစ်လွယ်ခြင်း၊ ခိုက်ရန်ဖြစ်လွယ်ခြင်း

- ဆန့်ကျင်ဘက်လိင်အပေါ် စိတ်ဝင်စားလာခြင်း

- လိင်ဆက်ဆံလိုသောဆန္ဒ ဖြစ်ပေါ်ခြင်း

အဓိကထူးခြားသော လက္ခဏာတစ်ခုမှာ ရုတ်တရက် ခန္ဓာကိုယ်ဖွံ့ဖြိုးလာခြင်းဖြစ်သည်။ သိသိသာသာ အရပ်ရှည်လာကြောင်း တွေ့ရမည်ဖြစ်သည်။


မိန်းကလေးများအရွယ်ရောက်ချိန် ပြောင်းလဲမူ
မိန်းကလေးများသည်အသက် ၉နှစ်နှင့် ၁၂နှစ်ကြားတွင် အရွယ်ရာက်လေ့ ရှိကြသည်။ မြန်မာမိန်းကလေးများသည် အနောက်နိုင်ငံများမှ မိန်းကလေးများထက် အရွယ်ရောက်ချိန် နှစ်နှစ်ခန့် နောက်ကျလေ့ရှိသည်။

အရွယ်ရောက်ချိန်၌ မိန်းကလေးများတွင် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမူများကို တွေ့ရမည် ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမူများကိုကြည့်လျှင် -

- မမျိုးဥအိမ်မှ မမျိုးဥများ တည်ဆောက်ခြင်းနှင့် ပေါက်ကြွေခြင်း

- မီးယပ်သွေးစတင်ပေါ်ခြင်း (Menarche)

- သားမြတ်ဖွံ့ဖြိုးလာခြင်း (Thelarche)

- ဆံပင်ပိုမိုသန်စွမ်းကောင်းမွန်လာခြင်း

- မျက်နှာတွင် ယောက်ျားလေးများကဲ့သို့ မုတ်ဆိတ်မွေး၊ နူတ်ခမ်းမွေး၊ ပါးမြိုင်းမွေးများ မထွက်ခြင်း

- ချိုင်းနှင့် ဆီးခုံတို့၌ အမွေးထွက်ပေါ်လာခြင်း

- ရင်နှင့်တင်တို့၌ အဆီပိုမိုစုလာခြင်း

- ခါးသိမ်လာခြင်း၊ ရင်ကြီးထွားလာခြင်း၊ တင်ဆုံကျယ်ကားလာခြင်းတို့ကြောင့် အမျိုးသမီး၏လှပသော အသွင်ပုံစံပေါ်လာခြင်း

- ခန္ဓာကိုယ် လျင်မြန်စွာကြီးထွားဖွံ့ဖြိုးလာခြင်းနှင့် ထူးခြားသိသာစွာ အရပ်ရှည်ထွက်လာခြင်း စသည်တို့ မြင်တွေ့ရနိုင်ပါသည်။

စိတ်ပိုင်းဆိုင်ရာပြောင်းလဲမူများတွင် -
- သူတစ်ပါးအပေါ် မှီခိုလိုခြင်း၊ အားကိုလိုခြင်း

- ရှက်တတ်ခြင်း

- စိတ်ကောက်တတ်ခြင်း

- ဆန့်ကျင်ဘက်လိင်အပေါ် စိတ်ဝင်စားလာခြင်း

- လိင်ဆက်ဆံလိုသော ဆန္ဒဖြစ်ပေါ်လာခြင်း စသည်တို့ဖြစ်ပေါ်လာလေ့ရှိပါသည်။

အမျိုးသမီးများတွင် ထူးခြားသော ဇီဝကမ္မဖြစ်စဉ်တစ်ရပ်မှာ နာရီစည်းဝါး မှန်ကန်စွာ လစဉ်ပြောင်းလဲမူ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မျိုးဥတည်ဆောက်ပေါက်ကြေမူ၊ မီးယပ်သွေးပေါ်ခြင်း၊ သားမြတ်၌ လစဉ်ပြောင်းလဲမူများ နရီစည်းဝါးဖြစ်စဉ်များဖြစ်ကြောင်း တွေ့ရသည်။ တစ်လအတွင်း ပြောင်းလဲမူများ ဖြစ်လေ့ရှိသည်။ ဟော်မုန်းပြောင်းလဲမူအပေါ် အခြေံခံကာ ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမူများ ဖြစ်ပေါ်စေနိုင်သည်။

(ဒေါက်တာအေးကျော် - ဇီဝကမ္မဗေဒ)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...