ရတနာစုလိုသူများအတွက် အစားအစာနည်းလမ်းများ


Health Updates Journal No. 86

သားသမီးရတနာ – မလိုချင်သည့် သူများက ဟောတစ်ယောက် ဟောတစ်ယောက် မွေးနေချိန်မှာ လိုချင်တဲ့သူတွေက မှိုင်နေရပါတယ်။ မှိုင်မနေသည့်သူတွေကလည်း နည်းလမ်း အမျိုးမျိုးနဲ့ကြိုး စားနေကြပါတယ်။ ကြိုးစားနေတဲ့သူတွေရော၊ မတတ်နိုင်လို့ လက်မှိုင်ချနေရတဲ့သူတွေအတွက်ပါ အထောက်အကူဖြစ်စေမယ့် နည်းလမ်းလေးတွေ ပေးလိုက်ပါ တယ်။ ယင်းအစားအစာတွေက raspberries လိုချမ်းသာတဲ့သူတွေ သာရနိုင်တဲ့အစာတွေမဟုတ်ဘဲ အလွှာပေါင်းစုံကသူတွေ လက်လှမ်းမီနိုင်တဲ့အစာတွေပါ။

(၁)လတ်ဆတ်တဲ့သစ်သီးများ- ဗီတာမင်စီကြွယ်ဝစွာ ပါဝင်တဲ့အတွက် လတ်ဆတ်တဲ့အသီးအများစုဟာ သုက်ပိုးတွေရဲ့စွမ်းရည်နဲ့အရည်အသွေးကို တိုးတက်စေပါတယ်။ တကယ်လို့ ကလေးအဖေတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေရင်တော့ ကျွန်တော်တို့က သံပရာ၊ လိမ္မော်၊ သရက်နဲ့ကန်စွန်းဥတို့ကို ညွှန်ပါရစေ ။

(၂) ကြက်သွန်ဖြူ – ကြက်သွန်ဖြူက သွေးလှည့်ပတ်မှုကို ကောင်းစေပြီး လိင်အင်္ဂါထောင်မတ်နိုင်ဖို့ကို အားပေးပါတယ်။

(၃)ငါးအမျိုးမျိုး – ငါးအများစုဟာ fatty acid ကြွယ်ဝစွာပါဝင်ပြီး လိင်အင်္ဂါတစ်ဝိုက်ကို သွေးလှည့်ပတ်မှု ကောင်းစေတဲ့အပြင် သုက်ပိုးတွေရဲ့ အရည်အသွေးကိုလည်း ကောင်းမွန်စေပါတယ်။

(၄)အာလူး -ဖုတ်ထားတဲ့အာလူးက အာဟာရမျိုးစုံအပြင် ဗီတာမင်ဘီ နဲ့အီးကြွယ်ဝတဲ့အတွက် အမျိုးသမီးတွေမှာ မမျိုးဥကြွေမှုကို အားပေးပါတယ်။

(၅)ဥအမျိုးမျိုး -ဥအမျိုးမျိုးမှာတော့ ဗီတာမင်ဘီ ၁၂ နဲ့ဖောလိတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ အတွက် ကိုယ်ဝန်ဆောင်စဉ်သန္ဓေသားကို ချို့ယွင်းချက်မရှိစေဖို့ ကူညီပေးပြီး အန်တီအောက်ဆီဒန့်နဲ့ ကယ်ရိုတီး နွိုက်တို့ပါဝင်တဲ့အတွက် အမျိုးသမီးတွေရဲ့မျိုးပွားစွမ်းရည်ကို မြင့်တက်စေပါတယ်။
(၆)အခွံမာသီးအမျိုးမျိုး – အခွံမာသီးတွေဖြစ်တဲ့ မြေပဲ၊ဗာဒံစတဲ့အသီးတွေဟာ ဗီတာမင်အီးကြွယ်ဝစွာပါဝင်တဲ့အတွက် အမျိုးသမီးတွေကို လိင်စိတ်ပိုမိုတက် ကြွစေပြီး ကိုယ်ဝန်ဆောင်စဉ်မှာ လည်း ကိုယ်ဝန်ပျက်ကျမှုကို လျော့နည်းစေပါတယ်။

အပိန်လေး
ref:IANS

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...