ဘောက်ထခြင်း - DANDRUFF

လူတိုင်းလူတိုင်း ဗောက်ထတဲ့ ပြဿနာရှိတတ်ကြပြီး မကြာခဏ ယားယံတာနဲ့ကုတ်ရတဲ့ သံသရာလည်ပတ် နေတတ်တယ်လို့ အရေပြားအထူးကု ဆရာဝန်တွေက ပြောပါတယ်။ ဗောက်ထတာကို ဂရုမစိုက်ပဲထားရင် ဗောက်ဖတ်တွေထူထပ်လာပါတယ်။ ဒါကြောင့် အနာဖြစ်သွားပြီး ရောဂါပိုးတွေ ၀င်ရောက်နိုင်ပါတယ်။ ဒီသံသရာကို ရှောင်ရှားနိုင်အောင် နည်းလည်းတွေကို အသုံးပြုပါ။
၁။ မကြာခဏ ခေါင်းလျှော်ပါ
လိုအပ်ရင် နေ့တိုင်းခေါင်းလျှော်ပေးပါ။ မကြာခဏခေါင်းလျှော်တာကြောင့် ဗောက်ထတာကို အလွယ်တကူ ထိန်းနိုင်ပါတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
၂။ ခေါင်းလျှော်ရည် အပျော့စားသုံးပါ
ဗောက်ထတာဟာ အဆီပြန်တဲ့ ဦးရေကြောင့်ဖြစ်တာမို့ ခေါင်းလျှော်ရည် အပျော့စား (ဗောက်ပျောက်ဆေး မပါဝင်တဲ့ ခေါင်းလျှော်ရည်)နဲ့ နေ့စဉ်ခေါင်းလျှော်ပေးပါ။ ခေါင်းလျှော်ရည်ကို ရေနဲ့ဆတူစပ်ပြီး အသုံးပြုပေးရင် အဆီပြန်တာ သက်သာနိုင်ပါတယ်။
၃။ ဗောက်ပျောက်ခေါင်းလျှော်ရည်သုံးပါ
ပုံမှန်ခေါင်းလျှော်ရည်တွေနဲ့ ဗောက်မပျောက်ခဲ့ရင် ဗောက်ပျောက်တဲ့ Formula ပါဝင်တဲ့ ခေါင်းလျှော်ရည် အသုံးပြုပါ။ ဆီလီနီယမ် ဆာလဖိတ် ဒါမှမဟုတ် Zinc Pyrithine ပါဝင်တဲ့ ခေါင်းလျှော်ရည်တွေဟာ ဦးရေပြား Cell ပွားများနူန်းကို နှေးကွေးစေတဲ့အတွက် ထိရောက်မူ အမြန်ဆုံးပါ။ Salicylic acidနဲ့ ဆာလဖာပါဝင်တဲ့ ခေါင်းလျှော်ရည်တွေဟာ ဗောက်ဖတ်ပျော်ဝင်နိုင်တဲ့အတွက် အလွယ်တကူ ဆေးကြောလို့ ရပါတယ်။ Antibacteria ပါဝင်တဲ့ ခေါင်လျှော်ရည်တွေဟာ ဘက်တီးရီးယား ပေါက်ဖွားမူနူန်းကိုနည်းစေပြီး Tar ပါဝင်ရင် Cell ကြီးထွားမူ နှေးကွေးသွားပါတယ်။
၎။ ကြမ်းကြမ်းတမ်းတမ်း အသုံးမပြုပါနဲ့
ဗောက်ပျောက်ခေါင်းလျှော်ရည်တွေဟာ နေ့စဉ်သုံးဖို့ ပြင်းလွန်းတာကြောင့် ရိုးရိုးခေါင်းလျှော်ရည်နဲ့ တစ်ရက်ခြားစီ အသုံးပြုသွားပါ။
၅။ ဆံပင်အရောင်ဖျော့သူများ သတိထားပါ
သင့်ဆံပင် အရောင်ဖျော့နေရင် Tar ပါဝင်တဲ့ခေါင်းလျှော်ရည် အသုံးပြုပါက ဆံပင်အရောင်ကျွတ်နိုင် တာကြောင့် သတိထားသုံးပါ။
၆။ နှစ်ကြိမ်လျှော်ပါ
ဗောက်ပျောက်ခေါင်းလျှော်ရည်နဲ့ နှစ်ကြိမ်လျှော်ပါ။ပထမတစ်ကြိမ် ရေပန်းအောက်ရေ၀င်ချိုးစဉ်မှာ ခေါင်းလျှော် ရည်နဲ့ခေါင်းကို အမြှုပ်ထအောင် ပွတ်ပေးပါ။ ရေချိုးအပြိးမှာ ခေါင်းကိုရေဆေးချပါ။ ဒါမှခေါင်းလျှော်ရည်ရဲ့ အာနိသင်ပြနိုင်ဖို့ အချိန်ရမှာပါ။ ဒုတိယအကြိမ် ခေါင်းလျှော်ရည်ထည့်ပြီး ခေါင်းထပ်လျှော်ပါ။
၇။ Shower Cap ဆောင်ပါ
ဗောက်ပျောက်ခေါင်းလျှော်ရည်ရဲ့ ထိရောက်မူပိုရှိစေဖို့ ခေါင်းကို အမြှုပ်ထအောင် ပွတ်အပြီးမှာ Shower Capနဲ့ တစ်နာရီခန့်ဆောင်းထားပါ။ ပြီးမှ ရေဆေးချပါ။
၈။ ခေါင်းလျှော်ရည် ပြောင်းသုံးပါ
ခေါင်းလျှော်ရည်တစ်မျိုးသုံးပြီး သင့်ဗောက်တွေပျောက်သွားရင် ဆက်လက်အသုံးပြုပါ။ ဒါပေမဲ့ သင့်အရေပြားဟာ အဲဒီအမျိုးအစားကို ယဉ်ပါးသွားလို့ ဗောက်ပြန်ထရင် နောက်တစ်မျိုးပြောင်းသုံးပါ။
၉။ ဦးခေါင်းကို နှိပ်ပေးပါ
ခေါင်းလျှော်နေစဉ် သင့်လက်ချောင်းတွေကို အသုံးပြုပြီး ဦးရေပြားကို နှိပ်ပေးပါ။ ကုတ်တော့ မကုပ်ပါနဲ့။ အနာပေါက်နိုင်ပြီး ဗောက်ထတာထက်ပိုဆိုးသွားနိုင်လို့ပါ။
၁၀။ ပျော့ဆေးသုံးပါ
ဗောက်ပျောက်ခေါင်းလျှော်ရည်တွေထိရောက်မူရှိပေမယ့်ဆံပင်ကြမ်းလာနိုင်တာမို့ ခေါင်းလျှော်ပြီးတိုင်း ပျော့ဆေး (Conditioner) အသုံးပြုပါ။
၁၁။ နေရောင်ခြည်ခံယူပါ
နေရောင်ခြည်နဲ့အနည်းငယ်ထိတွေ့တာဟာ ဗောက်ထတာအတွက် ကောင်းမွန်တာကြောင့် နေ့စဉ်နေရာင်ခြည်နဲ့ မိနစ် ၃၀ခန့်ထိတွေ့ပါ။ နေရောင်ကာ လိမ်းဆေးလိမ်းဖို့တော့ မမေ့ပါနဲ့။
၁၂။ စိတ်ဖိစီးမူလျော့ချပါ
စိတ်ဖိစီးမူများရင် ဗောက်နဲ့ အရေပြားရောဂါတွေ ပိုဆိုးရွားလာတတ်တာကြောင့် တရားထိုင်တာနဲ့ လေ့ကျင့်ခန်းလုပ်တာလိုမျိုး စိတ်ဖိစီးမူ ဖြေနိုင်တဲ့ နည်းလမ်းတွေ အသုံးပြုပါ။ ဗောက်အတွက် သိပ်ပြီး မစိုးရိမ်ပါနဲ့။
၁၃။ သံလွင်ဆီသုံးပါ။
ဦးရေအဆီပြန်လွန်းတာကြောင့် ဗောက်ပြဿနာဖြစ်ပေမယ့်သံလွင်ဆီကို အောက်ပါအတိုင်းအသုံးပြုရင် ဗောက် ဖတ်တွေ ပျော့ပျောင်းသွားပြီး ကွာကျနိုင်ပါတယ်။ သံလွင်ဆီ အနည်းငယ်ကို မီးငွေ့ငွေ့နဲ့ အပူပေးပါ။ ဦးခေါင်းကို ရေဆွတ်ထားပြီး သံလွင်ဆီကို ဦးရေပြားအပေါ် ပွတ်ပေးပါ။ မိနစ် ၃၀ ခန့်ထားပြီး နောက် ဗောက်ပျောက် ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပါ။
၁၄။ ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ
- ဗောက်ပျေက်ခေါင်းလျှော်ရည်ကို ပုံမှန်အသုံးပြုပေမယ့် ဗောက်ဖတ်ထူထူတွေဖြစ်နေခဲ့ရင်
- အ၀ါရောင်သန်းတဲ့ ဗောက်မျိုးတွေဖြစ်နေခြင်း
- အနီရောင် အကွက်ထနေခြင်း၊ အထူးသဖြင့် လည်ပင်းတစ်လျှောက်မှာ
- ဦးရေပြား ပွန်းပြီး ပူလောင်နေရင်
(ဒေါက်တာခင်မိုးမိုး)