Chrysalis Young Leaders Scholarship အတွက် အမြန်ဆုံး စာရင်းပေး လျှောက်ထားနိုင်

အတွဲ (၁၄)၊ အမှတ် (၃၉)


သြစတြေးလျ နိုင်ငံတွင် တစ်ပတ်ကြာ လေ့လာသင့်ယူခွင့် ရရှိမည့် ပညာသင်ဆု အစီအစဉ်ဖြစ် သည့် Chrysalis Young Leaders Scholarship ကို မြန်မာကျောင်းသား လူငယ်များ အမြန်ဆုံး စာရင်း ပေး လျှောက်ထားနိုင်ကြောင်း CROWN Education မှသိရသည်။ ယနေ့ခေတ် ကာလ၏ အဓိကပြဿနာ၊ အကြောင်းအရာများ (Major Issues) ကို ဆွေးနွေး လေ့လာနိုင်မည့် Chrysalis Young Leaders Scholarship ကို The University of Queensland's Emmanuel College မှရွေးချယ် ပေးအပ်မည်ဖြစ်ကာ အောက်တိုဘာ ၁၁ ရက်တွင် နောက်ဆုံး လျှေက်ထားရမည် ဖြစ်ကြောင်း သိရသည်။


ရွေးချယ်ခံရသည့် ကျောင်းသားများ အနေဖြင့် သြစတြေးလျသို့ တစ်ပတ်ကြာသွားရောက် သင်ယူခွင့် ရရှိမည်ဖြစ်ပြီး လေ့လာရေး ခရီးထွက်ခြင်း၊ ဦးဆောင်မှုဆိုင်ရာ ဟောပြောပို့ချမှုများတွင် ဝင်ရောက် ဆွေးနွေးခြင်း၊ နိုင်ငံအသီးသီးမှ ထူးချွန်သော လူငယ်၊ လူရွယ်များနှင့် အတူ မိမိနိုင်ငံ၏ အယူအဆ၊ ယဉ်ကျေးမှုများနှင့် ယနေ့ကာလတွင် ရင်ဆိုင်နေရသော ပြဿနာအချို့နှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ခွင့် ရရှိမည် ဖြစ်သည်။

Chrysalis Young Leaders ပရိုဂရမ်စတင်မည့်ရက်မှာ ဒီဇင်ဘာလ ၈ ရက်မှ ဒီဇင်ဘာလ ၁၅ ရက်အထိ ဖြစ်ပြီး လျှောက်ထားရန် လိုအပ်သည့် အချက်များနေဖြင့် အသက် (၁၆) နှစ်ပြည့်ပြီး အင်္ဂလိပ်စာ စွမ်းရည် IELTS 5.5 နှင့် ညီမျှရန် လိုအပ်သည်။ တယ်လီဖုန်း အင်တာဗျူး အားကောင်းမွန်စွာ ဖြေဆိုနိုင်ရမည် ဖြစ်ပြီး ပညာသင်ဆုလျှာ က်ထားရသည့် ရည်ရွယ်ချက်နှင့် ရည်မှန်းချက်အားစာလုံးရေ (၂၅၀) ခန့် ရေးသား တင်ပြရန် လိုအပ်သည့် အပြင်နိုင်ငံကူး လက်မှတ်လည်းရှိရမည် ဖြစ်သည်။ ဆက်လက်၍ What role can social media play in leadership?, Are there particular responsibilities required of leaders in the age of social media?, What challenges and opportunities does social media present to business? စသည့်ကိုယ်ပိုင် အက်ဆေး ခေါင်းစဉ်သုံးခုထဲမှ နှစ်သက်ရာ တစ်ခုအား ရေးသား တင်ပြ ရမည် ဖြစ်သည်။

အသေးစိတ် သိရှိလိုသူများသိရှိလိုပါက
http://chrysalisyoungleaders.org/ နှင့် info@ChrysalisYoungLeaders.org တွင် လည်းကောင်း၊ လျှောက်လွှာများကိုapplications@ChrysalisYoungLeaders.org သို့ပေးပို့၍လည်းကောင်း၊ CROWN Education အမှတ် (၂၇၀)၊ ပထမထပ်၊ အခန်း (၁-B) ပြည်လမ်း၊ မြေနီကုန်း၊ ဖုန်းနံပါတ် - ၀၉၇၃၂၇၃၂၇၇ နှင့် ၀၉-၅၂၇ ၈၃၈ သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်သည်။

Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...