Exract Stem Cells From Rat Brain



သုတေသီ တွေက ကြွက်တွေရဲ့ ဦးနှောက်ထဲကနေ ပင်မဆဲလ် တွေကို သံလိုက်အားသုံးပြီး ဆွဲထုတ် စုပ်ယူနိုင် ခဲ့ကြပါပြီ။ Parkinson's disease နဲ့ Multiple sclerosis တွေအတွက် မျှော်လင့်ချက်တွေ ရှိလာ တော့မှာပါ။


ကြွက်အရှင် တွေရဲ့ ဦးနှောက် ထဲက အာရုံကြော ပင်မဆဲလ် တွေကို ဆွဲထုတ်ယူ နိုင်ခဲ့တဲ့ အောက်စဖို့ဒ် တက္ကသိုလ်က သုတေသီ အဖွဲ့တွေ လုပ်ခဲ့တာလောက် မဖြစ်နိုင်တာ ရှိနိုင်ဦး မလားဗျာ။ ဒီဆဲလ် တွေဟာ ရွေးထုတ်ရ ခက်တယ်။ ဦးနှောက်က နူးညံ့တယ်။ တော်တော်ကို အထိမခံ လောက်အောင်ကို နူးညံ့ တာပါ။ ဒါပေမယ့် သူတို့ ဖြစ်မြောက်အောင် လုပ်နိုင် ခဲ့ကြတယ်။ ဒီအောင်မြင်မှုကြောင့် ပါကင်ဆန် (Parkinson's disease) နဲ့အာရုံကြောဖုံး အမြှေးပါး ပျက်စီး တဲ့ရောဂါ (Multiple sclerosis) တွေအတွက် မျှော်လင့်ချက်တွေ ရှိလာ တော့မှာပါ။ အာရုံကြော ပင်မဆဲလ် ထုတ်ယူတဲ့ လုပ်ငန်း စဉ်ဟာ တကယ်တော့ သိပ္ပံပညာ ရှင်တွေ ကြွက်ဦးခွံ ထဲမှာ တူးဆွ နေရတယ် ဆိုတဲ့ အချက်ကိုသာ ချန်လှပ် ထားမယ်ဆို အလွယ်လေးလို့ ထင်နိုင်စရာ ရှိပါတယ်။



အောက်စဖို့ဒ်က Edman Tsang နဲ့အဖွဲ့ဟာ အာရုံကြော ပင်မဆဲလ် ပေါ်က ပရိုတင်း တစ်မျိုးကို ပေါင်းနိုင်တဲ့ ပဋိပစ္စည်း (antibody)နဲ့သံ လိုက်မှုန် လေးတွေကို ဦးစွာ ကပ်မံ လိုက်ပါတယ်။ ခြောက်နာရီခန့် အကြာ မှာတော့ ဒီသံလိုက်မှုန် တွေကို သံလိုက် စက်ကွင်းနဲ့ ဆွဲယူ စုစည်း လိုက်ပြီး ဦးနှောက် ထဲကနေ အပ်နဲ့ စုပ်ထုတ်ယူ လိုက်တာပါ။ အံ့ဩလောက် စရာက ဒီလုပ်ငန်းစဉ် တောက်လျှောက် ကြွက်ဦးနှောက်ကို ထိ ခိုက်မှု မဖြစ်စေ တဲ့အပြင် ရလာတဲ့ ပင်မဆဲလ် တွေကလည်း တစ်သျှူး မွေးတဲ့ခွက် ထဲမှာ ပွားများနိုင် ကြတာကိုပါ တွေ့ရှိခဲ့ ကြပါတယ်။ ဒီနည်း ပညာကို လူမှာ အသုံးပြု နိုင်ဖို့က ပိုပြီး ခက်ခဲ ရှုပ်ထွေး လိမ့်မယ် ဆိုတာ ပြောနေဖို့ လိုမယ် မထင်ပါဘူး။ လူ့ဦးနှောက် ထဲမှာ အာရုံကြော ပင် မဆဲလ် အရေအတွက်က ကြွက်လောက် မရှိတဲ့ အပြင် ရှိတဲ့ဆဲလ် တွေကလည်း သိပ်မဟန် ကြပါဘူး။ ဒီတော့ လူ့ဦးနှောက်ရဲ့ အပြင်ဘက် မှာ ပွားဖို့ခက် လှပါတယ်။ ဒါပေမယ့် ကြွက်တွေမှာ ဦးဆုံး စမ်းသပ်ခဲ့တဲ့ နည်းပညာကို သုံးပြီး လူ့ဦးနှောက် နှစ်ခုကို ချိတ်ဆက်၊ အခြားလူ တစ်ဦး ရဲ့ စိတ်ကို ထိန်းချုပ် နိုင်အောင် လုပ်နိုင်မှတော့ မဖြစ်နိုင်ဘူး ဆိုတာ ပြောဖို့ ခက်ပါတယ်။


Images from gizmodo.in. Source: gizmodo.com

Author Tornado
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...