လမစေ့မီမွေးသောကလေးများတွင် သကြားဓာတ်ဂျယ်(Dextrose gel)က ဦးနှောက်ပျက်စီးမှုအား ကာကွယ်ပေးနိုင်
Health Updates Journal No. 87
လေ့လာမှုအသစ်တစ်ခုအရ လမစေ့မီ မွေးသောကလေးများတွင် ဦးနှောက်ပျက်ခြင်းအား ကာကွယ်ရန် နည်းလမ်းတစ်ခုမှာ dextrose gel (သကြားဓာတ်တစ်မျိုး)အား အသုံး ပြုခြင်းဖြစ်ကြောင်း သိရသည်။ လမစေ့ဘဲ မွေးသောကလေးများတွင် သွေးတွင်းသကြားဓာတ် လျော့နည်း ခြင်းမှာ အန္တရာယ်ရှိသောပြဿနာတစ်ခုဖြစ်ပြီး ယင်းကဲ့သို့သကြားဓာတ်နည်းခြင်းက ဦးနှောက်ကို ပြဿနာပေးနိုင်ပေသည်။ ယင်းကဲ့သို့သော အခြေအနေမျိုးတွင် dextrose gel အား ကလေး၏ ပါးစောင်အတွင်းသို့ ဖြည်းညှင်းစွာ ထည့်ပြီး ပွတ်ပေးခြင်းက သွေးတွင်းသကြားဓာတ်ကို လျင်မြန်စွာမြင့်တက်စေသော နည်းလမ်းတစ်ခုဖြစ်ကြောင်း တွေ့ခဲ့ရသည်။ ယခုလေ့လာမှုအား နယူးဇီလန်ရှိ့ University of Auckland မှ လေ့လာခဲ့ခြင်းဖြစ်သည်။ ရလဒ်များအရ ယင်းကဲ့သို့ Dextrose ဖြင့် စတင်ကုသမှု ခံယူထားသောကလေးများတွင် အခြားသောလိုအပ်သည့် ကုထုံးများဖြင့် ကုသရာ၌လည်း အောင်မြင်မှု နှုန်း (၂)ဆခန့်ပိုများစေသည်ဟု လေ့လာသူအဖွဲ့ခေါင်းဆောင်ပါမောက္ခ ဂျိမ်း ဟာဒင်က နာမည်ကျော်ကျန်းမာရေးဂျာနယ် Lancet တွင် ထည့်သွင်း ပြောကြားခဲ့သည်။ ထပ်မံ၍ ဆရာဝန်များနှင့် သားဖွားဆရာမများကိုလည်း ကလေးမွေးဖွားရာတွင် dextrose gel အား လုပ်ရိုးလုပ်စဉ် နည်းတစ်ခု အဖြစ် ထည့်သွင်းကုသပြီး ဆေးရုံတိုင်း၌ အလွယ်တကူရရှိနိုင်ရန် ထားသင့်ကြောင်း အကြံပြုခဲ့သည်။
အ၀င်း
ref: Netdoctor.co.uk
- (အရှေ့သို့) မြင်းကိုက်လို့ပြတ်သွားတဲ့လက်ညိုးကို့ US မှ ဒေါက်တာက ပြန်လည် ဖွံ့ဖြိုးစေခဲ့ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းVery little makes it more valuable... ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ခရီးသွားစဉ် ခြေထောက်ရောင်ရမ်းခြင်းနှင့်ကျန်းမာရေး Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းVery little makes it more valuable... ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'