Dodo Extinction Date Revised


Dodo ငှက်တွေ ဘယ်အချိန် လောက်မှာ မျိုးတုန်းသွား ခဲ့သလဲ ဆိုတာ ငြင်းခုန် နေဆဲ ဖြစ်ပေမယ့် လူတွေရဲ့ တရားလွန် အမဲလိုက် ခြင်းကြောင့် ကောင်ရေ နည်းပါးပြီး ပျောက်ကွယ် သွားခဲ့တယ် ဆိုတာ ငြင်းမရတဲ့ အချက်ပါ။ 

ကမ္ဘာပေါ်က တိရစ္ဆာန် မျိုးစိတ် အချို့ဟာ တဖြည်းဖြည်း နည်းပါးပြီး ကွယ်ပျောက် လာပါတယ်။ ဒိုင်နိုဆော တွေလို ရာသီဥတုဘေး၊ သဘာဝ ဘေးတွေ ကြောင့်လည်း ကွယ်ပျောက် နိုင်ပေမယ့် များသောအားဖြင့် မျိုးစိတ် တွေကတော့ လူတွေကြောင့် ကွယ်ပျောက် ကြရတာ များပါ တယ်။ အခုအခါ မှာတော့ အဲဒီမျိုးစိတ် တွေထဲက လူတွေ စည်းမဲ့ကမ်းမဲ့ အမဲလိုက် မှုကြောင့် ပျောက်ကွယ် ခဲ့ရတဲ့ Dodo လို့အမည်တွင်တဲ့ ငှက်မျိုးနွယ် တစ်ခု အကြောင်း ဆွေးနွေး ပါရစေ။



လေ့လာ စမ်းစစ်မှု တွေအရ ဆိုရရင် Dodo ငှက်တွေဟာ အမြင့်အားဖြင့် ၃ပေ ၃လက်မ ဒါမှမဟုတ် ၁မီတာ နီးပါး ရှိပါတယ်။ အလေးချိန် ၁၀ ကီလိုဂရမ် ကနေ ၁၈ကီလိုဂရမ် အထိ အလေးချိန် ရှိပြီး စားတဲ့အစာ ကတော့ သစ်သီးနဲ့ သစ်စေ့တွေ စားပါတယ်။ အမွှေးထူပြီး မာကြောတဲ့ အရေခွံ ရှိပါတယ်။ ငှက်ဆိုပေမယ့် ငှက်ကုလားအုတ် လိုပဲ ပျံလို့ မရပါဘူး။ Dodo ငှက်တွေရဲ့ စံပျော်ရာ နေရာ ကတော့ အာဖရိက အရှေ့ပိုင်း ကမ်းခြေ ဘက်က Mauritius ဆိုတဲ့ ကျွန်းမှာပါ။ အခုထိ တရားဝင် အသိအမှတ် ပြုထားချက်အရ Dodo ငှက်တွေဟာ ၁၆၆၂ လောက်မှာ Mauritius ကျွန်းကနေ အပြီးအပိုင် ပျောက်ကွယ် သွားကြတယ်လို့ ဆိုပါ တယ်။ ဒါပေမယ့် ၁၇ရာစုတုန်းက ဗြိတိသျှ သင်္ဘောသား Benjamin Harry ရဲ့ချန်ခဲ့တဲ့ မှတ်တမ်းများ အရ ၁၆၈၁မှာသူ Mauritius ကျွန်းရောက် ခဲ့စဉ်က Dodo ငှက်တွေကို သတ်ဖြတ် စားသောက် နေကြတုန်းလို့ ဆိုပါတယ်။ Harry ရဲ့မှတ်တမ်းများ နည်းတူ ၁၆၈၈က အမဲလိုက် သီးသန့် စာစောင် တစ်ခု မှာလည်း Dodo ငှက်တွေကို ဖမ်းဆီး စားသောက် နေဆဲလို့ ရေးထား ပါတယ်။ ဒါပေမယ့် တချို့ကတော့ Dodo ဆိုတဲ့ အမည်ဟာ တခြားကျွန်း မှာရှိတဲ့ ငှက်မျိုးစိတ် တစ်ခုရဲ့ အမည်နဲ့ တူနေ တယ်လို့ ငြင်းကြ ပါသေးတယ်။ Dodo ငှက်တွေ အကြောင်း အသေးစိတ် လေ့လာခဲ့တဲ့ သိပ္ပံပညာရှင် Julian Hume ကတော့ Dodo ငှက်တွေ ဟာ ၁၆၉၀ လောက်မှာ မျိုးတုံး ပျောက်ကွယ်တယ် ဆိုတာကမှ အမှန်တရားလို့ ဆိုပါတယ်။



တွေ့ရှိချက်တွေ၊ ငြင်းချက် တွေကို ပြန်လည် သုံးသပ် ကြည့်ရင် Dodo ငှက်တွေဟာ ၁၆၆၀ ကနေ ၁၆၉၀ အထိ အတွင်းမှာ မျိုးတုန်းပျောက် ကွယ် သွားတယ် ဆိုရင်တော့ အားလုံးနဲ့ မျှတတဲ့ အဖြေ ဖြစ်မှာပါ။ Dodo ငှက်တွေ ပျောက်ကွယ် သွားတာ ဘယ်လောက်ပဲ ကြာပါစေ၊ ပျောက် ကွယ် သွားရတဲ့ အကြောင်းအရင်း ကတော့ လူတွေ တရားလွန် အမဲလိုက် မှုကြောင့် ဆိုတာ ငြင်းလို့ မရတဲ့ အချက်ပါ။ Dodo ငှက်တွေ ပျောက် ကွယ် သွားတဲ့ အကြောင်းရင်းကို စာနာသိ နားလည်ပြီး အခုထိ ကျန်ရှိနေတဲ့ အခြားသော တိရိစ္ဆာန် မျိုးစိတ် တွေအပေါ် တရားလွန် အမဲ လိုက်ခြင်းကို သတိ တရားနဲ့ ဆင်ခြင် နိုင်ပါစေလို့ ဆုတောင်းရင်း အဆုံးသတ် လိုက်ရပါတယ် ခင်ဗျာ။



Images from fc06.deviantart, sierracollege, boingboing.ne. Source: livescience.com
Author Paing Hmu Ko
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...