iOS ကြောင့် Facebook ကြော်ငြာအမြတ်ငွေ ပိုမိုရရှိဟုဆို

photo: google

အတွဲ (၁၄)၊ အမှတ် (၄၁)Fri, 10/25/2013 - 12:06

ဈေးကွက်သုတေသနအဖွဲ့ Nanigans ၏ကြော်ငြာ platform အချက်အလက်သစ်အရ iPhone ပေါ်တွင် မိုဘိုင်းကြော်ငြာပြုလုပ်သည့် Facebook ကြော်ငြာရှင်များ၏ အမြတ်ငွေသည် Android ကြော်ငြာများထက် ၁၇၉၀ ရာခိုင်နှုန်းနီးပါး ပိုမိုကြောင်းသိရသည်။

အဆိုပါ လေ့လာတွေ့ရှိချက်ကို Facebook ပေါ်ရှိကြော်ငြာ ၂၀၀ ဘီလီယံကျော်ကို ခြေရာခံကာပြုလုပ်ခဲ့ခြင်းဖြစ်ပြီး iPhone သုံးစွဲ သူသည် Android သုံးစွဲသူများ မိုဘိုင်းကြော်ငြာကို ပိုမိုအသုံးပြုကြကြောင်း၊ ၂၀၁၃ ခုနှစ်၊ ပထမသုံးလပတ်တွင် iOS ပေါ်မှ click တစ် ချက်ပြုလုပ်သည့် အမြတ်ငွေသည် Android ထက်ပျှမ်းမျှ 6.1 ရာခိုင်နှုန်းမြင့်မားကြောင်း၊ iOS ပေါ်တွင်ရင်းနှီးမြှုပ်နှံမှု ပြန်လည်ပြုလုပ်ခြင်းသည် Android ထက်ပျှမ်းမျှ ၁၇.၉ ရာခိုင်နှုန်းမြင့်မားကြောင်း Nanigans မှဖော်ပြခဲ့သည်။

ထို့အပြင် လက်လီရောင်းချသူများ၏ ကြော်ငြာကဏ္ဍတွင် ပြန်လည်ရင်းနှီးမြှုပ်နှံမှု ပမာဏသည် iOS ပေါ်တွင်ကြော်ငြာသုံးစွဲမှု၏ 162 ရာခိုင်နှုန်းရှိပြီး Android ပေါ်တွင် ကြော်ငြာသုံးစွဲမှု အောက် ၁၀ ရာခိုင်နှုန်းလျော့နည်းကြောင်း သိရသည်။

Facebook သည် ယခုနှစ်တွင် Android ထုတ်ကုန်များအတွက် Facebook Home ကိုဖြန့်ချိပေးခဲ့ပြီး အခြားသော platform များ တွင် Chat Heads features များကို ထည့်သွင်းပေးခဲ့သော်လည်း iOS ၏မိုဘိုင်းကြော်ငြာ အမြတ်ငွေက Android ထက်သာလွန်နေခြင်းမှာ စိတ်ဝင်စားဖွယ်ကောင်းကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

-နောင်နောင်
Ref: MacRumors
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...