၂ နှစ်အတွင်း မိုဘိုင်းလ်ဖုန်းနဲ့ ကင်ဆာရှိမရှိစမ်းသပ်နိုင်မည်

ကင်ဆာရှိမရှိ မိုဘိုင်းဖုန်းနဲ့တင် စမ်းသပ်ဖို့ ၂နှစ်လောက်ပဲ စောင့်ရတော့မယ်လို့ ဗြိတိန် ကုမ္ပဏီတစ်ခုက သိပ္ပံပညာရှင်များက ပြောကြားခဲ့ပါတယ်။
Owlstone ကုမ္ပဏီက သိပ္ပံပညာရှင်များဟာ လူတစ်ယောက်ရဲ့ အသက်ရှုထုတ်လိုက်တဲ့လေကနေ ကင်ဆာရောဂါကို ခွဲခြားပေးနိုင်မဲ့ပစ္စည်း‘disease breathalyser’ ကိုတီထွင်နိုင်ခဲ့ပြီး ဖုန်းမှာတပ်ဆင် အသုံးပြုနိုင်မဲ့ ကိရိယာငယ်အဖြစ်ပြုလုပ်ဖို့ ဆက်လက်ကြိုးစားနေတယ်လို့ ဆိုပါတယ်။
“လက်ကိုင်ပစ္စည်း သက်သက်ပြုလုပ်ဖို့ ဒါမှမဟုတ် ဖုန်းနဲ့တွဲလို့ရမယ့် ပစ္စည်းတစ်ခုပြုလုပ်ဖို့က နှစ်နှစ်လောက်တော့ အနည်းဆုံးရှိမယ်။ ပြဿနာက ရင်းနှီးမြှပ်နှံမှုပါ” လို့ Owlstone ကိုပူးတွဲတည်ထောင်သူ Billy Boyle က ပြောကြားခဲ့ပါတယ်။
ဒီနည်းပညာရဲ့ အဓိကသော့ချက်က လက်သည်းခွံအရွယ်အစား လောက်ရှိတဲ့ မိုက်ခရိုချပ်စ်ပြား တစ်ခု ဖြစ်ပြီး ဘယ်လိုဓာတုပစ္စည်းမျိုးမဆို အနံ့ခံနိုင်အောင် ပရိုဂရမ်ထည့်ထားတယ် လို့ဆိုပါတယ်။
လွန်ခဲ့တဲ့နှစ်များအတွင်း ဒီချပ်စ်ပြားထည့်သွင်းထားတဲ့ Owlstoneကုမ္ပဏီရဲ့ ‘Lonestar’ ကိရိယာဟာ ရောဂါ အတွက် အမျိုးမျိုးစမ်းသပ်ခဲ့ပြီး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က တည်ထောင်ခဲ့တဲ့ Owlstone ကုမ္ပဏီဟာ စတည်ထောင်စဉ်မှာ ရေနံကုမ္ပဏီတွေအတွက် ရေနံညစ်ညမ်းမှုကို ရှာဖွေဖို့နဲ့ အကြမ်းဖက် တိုက်ဖျက်ရေး အေဂျင်စီတွေ ဗုံးရှာရာမှာ ကူညီဖို့တည်ထောင်ခဲ့တာဖြစ်ပါတယ်။
တည်ထောင်ပြီး ၁၈ လ အကြာမှာ Billy Boyle ရဲ့ရည်းစားဖြစ်သူ အူမကြီးကင်ဆာဖြစ်ပွားရာ ကနေ ဆေးပညာနယ်ပယ်ကို ရောက်ရှိလာတာဖြစ်ပါတယ်။ Owlstone ကုမ္ပဏီဟာ သူတို့ရဲ့နည်းပညာကို စမ်းသပ်ဖို့ NHS ရန်ပုံငွေဆုကိုလည်း ရရှိထားပါတယ်။
Credit: ဖိုးသူတော်
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
- (အရှေ့သို့) DSLR Metering အကြောင်း သိကောင်းဘွယ်ရာ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဆေးစွမ်းထက်သော ခရေပင် ဆီးချိုရောဂါအတွက် ခရေရွက်Virginity (1) အပျို တကယ်စစ်ပါတယ် (၁) (+၁၈)Eaindra Kyaw Zin
- (အနောကျသို့) အအေးမိခြင်းကို အလွယ်တကူပျောက်စေမည့် သဘာဝကုထုံးများ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဆေးစွမ်းထက်သော ခရေပင် ဆီးချိုရောဂါအတွက် ခရေရွက်Virginity (1) အပျို တကယ်စစ်ပါတယ် (၁) (+၁၈)Eaindra Kyaw Zin