Ooredoo နှင့်ပူးပေါင်း၍ Nokia စတင်ဝင်ရောက်လာ

Nokia Solutions and Networks (NSN) သည်ရန်ကုန်မြို့၌ ကိုယ်စားလှယ်ရုံးခွဲ နှစ်ခုကိုဖွင့်လှစ်လိုက်ပြီး ဆက်သွယ်ရေး အော်ပရေတာများ၏ မိုဘိုင်းဖုန်းကွန်ရက် ချဲ့ထွင်ဆောင်ရွက်ခြင်းကို ပူးပေါင်းလုပ်ကိုင် သွားမည်ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် Ooredoo နှင့် ဖင်လန်နိုင်ငံအခြေစိုက် Nokia Solutions and Networks (NSN) တို့သည်ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအတွက် ပူးပေါင်းပြီးဖြစ် သည်ဟုလည်း NSN ကပြောဆိုခဲ့သည်။
Nokia Solutions and Networks (NSN) ၏သတင်းထုတ်ပြန်ချက်အရ Ooredoo သည်မြန်မာနိုင်ငံ၌ 3G ကွန်ရက်ကို အကောင်အထည် ဖော်ဆောင်ရန်နှင့် ရေဒီယိုအခြေခံ အဆောက်အဦးများ တည်ဆောက်ရန် အတွက် ၎င်းတို့နှင့်ပူးပေါင်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
Nokai အနေဖြင့် ယခုကဲ့သို့သော ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံပေါင်း ၁၂၀ ခန့်၌ ဝင်ရောက် လုပ်ကိုင်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌ ၎င်းတို့လာရောက် လုပ်ကိုင်ခြင်းဖြင့် ဒေသတွင်း အလုပ် အကိုင် တိုးတက်လာမည်ဟု ဆိုသည်။ Nokia တံဆိပ်သည် ပြည်တွင်းဟန်းဆက် အရောင်းဈေးကွက်၌ တစ်ချိန်ကအောင်မြင်မှု ရရှိခဲ့သောအမည်ဖြစ်သည်။
Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၆)
- (အရှေ့သို့) မြန်မာနိုင်ငံ၌ Data Center နှစ်ခု တည်ဆောက်သွားမည်ဟု Telenor ပြောဆို ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ ပူဒီနာ စားသင့်တဲ့အချက် ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့
- (အနောကျသို့) မြန်မာနိုင်ငံကားဈေးကွက်အတွင်း အဝယ်လိုက်ဆုံး ကားငါးမျိုး ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ ပူဒီနာ စားသင့်တဲ့အချက် ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့