ပြဿနာလား အကူအညီလား အင်န်ဂျီအို


တစ်လကျပ်သိန်း ၈၀၀ ကျော်ဖြင့် ငှားရမ်းထားသည့် ရန်ကုန်မြို့ရှိ ယူနီဆက်ဖ်ရုံးနေရာ

ယခုတစ်လောဖတ်ရသည့် သတင်းများထဲတွင် နိုင်ငံတကာအဖွဲ့ အစည်းတစ်ခုဖြစ်သော UNICEF က ရန်ကုန်မြို့၌ ယခင်ဗိုလ်ချုပ် ဟောင်းတစ်ဦးပိုင်ဆိုင်သော အဆောက်အအုံကို တစ်လဒေါ် လာ ၈၇,၀၀၀ ဖြင့် မတန်တဆပေး ၍ ငှားရမ်းအသုံးပြုနေရသည်ဆို သည့် အကြောင်း ပါဝင်လာသည်။ ယင်းသတင်းအရ နိုင်ငံ တကာ အလှူငွေများမှာလိုရာပန်းတိုင်သို့ ရောက်ရှိမှုနည်းပါးပြီး စရိတ်စက အဖြစ် လူတစ်ဦးတစ်ယောက်၊ အထူးသဖြင့် ယခင်စစ်ဗိုလ်ချုပ် တစ်ဦး အိတ်ကပ်ထဲသို့ရောက် သွားသဖြင့် လူအများမကျေမနပ် ဖြစ်ကြ သည်။ ဆင်းရဲချို့တဲ့သော နိုင်ငံတွင် အိမ်ငှားခက ကြွယ်ဝ ချမ်းသာသောနိုင်ငံများထက် ပိုများ နေသည့် အဖြစ်ကလည်း ပုံမှန် တော့မဟုတ်ပေ။ အပြောင်းအလဲ စပ်ကူးမပ်ကူးကြားကာလတစ်ခု တွင် ခေတ်ပျက် သူဌေးဖြစ်လာသူ များရှိနေခြင်းဖြစ်သည်။ ခေတ် ပျက်တွင် ချွတ်ခြုံကျသွားသူများ ကတော့ ပို၍ပင်များနိုင် သည်။

မြန်မာနိုင်ငံသို့ သွား ရောက် ကူညီလိုသည့် နိုင်ငံတကာအဖွဲ့အစည်းများက မိမိတို့နိုင်ငံသားများ၏ အခွန် ဘဏ္ဍာများထဲမှ သုံးစွဲရသဖြင့် တာဝန်ခံမှုရှိရပြီး သုံးစွဲ သည့်ငွေစာရင်းကို ဖုံးကွယ်ထား ၍မရပါ။ မတန်တဆ အိမ်ငှားခထဲ ပါသွားခြင်းက အခွန်ထမ်းနိုင်ငံ တကာ ပြည်သူများအတွက် အတော်ပင် စိတ်အနှောင့် အယှက် ဖြစ်စေသည်။ NGO များ၏ လုပ်ငန်းအဆင့်ဆင့် ကုန်ကျစရိတ်များပြားခြင်းက ပြဿနာ တစ်ခု ဖြစ်သော် လည်း ရှောင်လွှဲ၍မရနိုင် ဟု NGO အဖွဲ့များက တုံ့ပြန်ကြသည်။

ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်း ကိုးခုတွင် နေထိုင်နေရသည့် မြန်မာနိုင်ငံသားဒုက္ခသည်များ အား ထောက်ပံ့ ရာတွင်လည်း ယင်းအဖြစ်များကို တွေ့ရသည်။ ဒုက္ခသည်များအတွက် မြေကို ကုလသမဂ္ဂက ထိုင်းအစိုးရ ထံမှ ဈေးကြီးပေးငှားရမ်းရပြီး ဒုက္ခ သည်များအတွက် ဆန်၊ မီးသွေးကအစ ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံမှ ဝယ်ယူရသည့် ကုန်ကျစရိတ်က အတော်များသည်။ ၂၀၀၉ခုနှစ်တွင် ကရင်လက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ပွဲများအ ကြား သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံနယ်စပ်တွင် ခေတ္တခိုလှုံခဲ့ရသည့် မိဘမဲ့ဒုက္ခသည် ကလေး ၅၀ ကျော်ကို ကယ်ဆယ်ထားရန် တောတွင်းမြေကွက်တစ်ခုကို အနောက်နိုင်ငံအင်န်ဂျီအိုအဖွဲ့ တစ်ခုက တစ်လဒေါ်လာ ၂,၅၀၀ ဖြင့် ထိုင်းနိုင်ငံမှ ငှားရမ်းခဲ့ရဖူး သည်။

မတန်တဆဈေးဖြစ်မှန်းသိ သော်လည်း ရွေးစရာလမ်းမရှိသူ များအတွက် ရွေးစရာဈေးလည်း မရှိခဲ့ပါ။

NGO ဟု အတိုကောက်ခေါ် ဝေါ်သုံးစွဲသည့် Non-govern-mental Organization ဆိုသည် မှာ မည်သို့သောအဖွဲ့ဖြစ်ပါ သနည်း။ မူရင်းအခေါ်အဝေါ်တွင် ဖော်ပြထားသလိုပင် အစိုးရ မဟုတ်သည့် အဖွဲ့ဖြစ်ပါသည်။ တချို့က ပရဟိတအဖွဲ့ဟုလည်း ပြန်ဆိုကြသည်။ သို့သော် NGO တိုင်းက ပရဟိတတော့ မဟုတ် ပါ။ ၎င်းတို့ကို မည်သည့်နေရာမှ ထောက်ပံ့ထားသည်ဆိုသည်က အရေးကြီးပါသည်။ အစိုးရနှင့် စီးပွားရေးလုပ်ငန်းကြီးများကို အယုံအကြည်နည်းပါးလာချိန် တွင် NGO အဖွဲ့များ မွေးဖွားလာ ခြင်းဖြစ်သည်။ သို့တည်းမဟုတ် အစိုးရက ဥပဒေများ၊ စည်းမျဉ်း များ၊ နိုင်ငံရေးကန့်သတ်ချက်များ ကြောင့် လုပ်ကိုင်၍မ ရသော လုပ် ငန်းများတွင် ထိရောက်စွာလုပ် ကိုင်နိုင်ရန်အတွက်ဖြစ်သည်။ NGO ကို ပုဂ္ဂလိကအလှူငွေများ၊ အဖွဲ့အစည်းများမှ အလှူငွေများ၊ အစိုးရထံမှ ထောက်ပံ့ကြေးများ စသဖြင့် ငွေကြေးအရင်းအမြစ် များစွာ မှ ငွေဖြင့်လည်ပတ်သည်။ ယင်း NGO အသီးသီး၏ ရပ်တည် ချက်၊ ဆုံးဖြတ်ချက်များအပေါ် တွင်လည်း အဆိုပါငွေကြေး အရင်းအမြစ်များ၏ ဩဇာလွှမ်း မိုးမှုများရှိနေသည်။ ထို့ကြောင့် အချို့ NGO များက အစိုးရ ထံမှထောက်ပံ့ကြေးကို လက်မခံကြ ပေ။

မြန်မာနိုင်ငံမှ ပြန်လာသော နိုင်ငံတကာ NGO ဝန်ထမ်းတစ်ဦးက မြန်မာလူထုသည် NGO ကို မနှစ်မြို့ကြ ဟု ထင်ကြောင်း ပြောဆိုသည်။ ရခိုင်ပြည်နယ် တွင် NGO ရုံးခန်းအချို့ ဖျက်ဆီးခံရပြီးနောက် များမကြာ မီပြန်လာသူက ပြောဆိုခဲ့ခြင်းဖြစ် သည်။ ရခိုင်ပြည်နယ်ပြဿနာ တစ်ခုကြောင့်သာမဟုတ်ဘဲ အထွေထွေ အားဖြင့် NGO အပေါ် အယုံအကြည်နည်းသည်ဟု သူက ယူ ဆသည်။ သို့သော် ယင်းအမြင်သည် သူ၏အတွေ့အကြုံမှ ရလာသောသူတစ်ဦးတည်း၏ အမြင်သာဖြစ်သည်ဟုလည်း ဆို သည်။

လွတ်လပ်စွာလည်ပတ်လှုပ် ရှားခွင့်မရှိသည့် အနေအထားက အဓိကဖြစ်သည်ဟု အင်န်ဂျီအို အဖွဲ့ဝင် တစ်ဦးက ထောက်ပြသည်။

‘‘အာဏာပိုင်တွေနဲ့မပေါင်း ဘဲ လုပ်ခွင့်မရဘူး။ ဒီတော့ အာဏာပိုင်တွေ လုပ်ချင်တာကိုလည်း လုပ်ပေးရ တယ်။ ဒီအထဲက တာ ဝန်ပေးထားတဲ့သူ တစ်ယောက် ယောက်က လာဘ်စားရင် အင်န် ဂျီအိုတစ်ခုလုံးလို့ အထင်ခံရတာ ပါပဲ’’

စပ်ကူးမပ်ကူးကာလပွဲလန့် တုန်းဖျာခင်းလိုသူများကြောင့် လည်း ဖြစ်နိုင်ပါသည်။ နိုင်ငံ တကာ NGO များတွင် နေရာရသူ ဒေသခံများထဲမှ မိမိတို့၏ မိသား စုအသိုင်းအဝိုင်းကိုသာနေရာပေး တတ်သည့် အလေ့အထများက လည်း အဆိုပါ NGO စနစ်အပေါ် ယုံကြည်မှုလျော့ပါးစေခြင်း အကြောင်းတစ်ခု ပါဝင်သည်။

‘‘ဘာမှလည်းမတတ်ဘူး ဗျ။ ခန့်ထားတာက သူ့မိန်းမရယ်၊ ခယ်မရယ်။ နောက်တစ်ယောက် ကလည်း တူ။ နောက်တစ်ယောက် ကလည်း ညီကိုခန့်တယ်။ ပြီး တော့အထဲမှာ အချင်းချင်းစောင် နေကြရော။ အလုပ်ကမဖြစ်တော့ ဘူး။ ငါက ဘယ်သူရဲ့ညီဆိုတာနဲ့ ပြီးနေတော့ ဘာစည်းကမ်းမှမရှိ တော့ဘူး။ ရသမျှရတုန်းယူမယ် ဆိုတာမျိုးနဲ့ ဖြစ်ချင်တိုင်းဖြစ်နေ တော့တာပဲ။ ကျန်တဲ့လူတွေ လည်း စိတ်ပျက်တော့ ကြာကြာ မခံဘူး’’ဟု ပြည်ပ NGO တစ်ခု၏ ရန်ကုန်ရုံးခွဲ၌ လုပ်ကိုင်ခဲ့ဖူးသူက ပြောပြသည်။

NGO အဓိက နှစ်မျိုးရှိရာ တွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် အရင်း အမြစ်ဖွံ့ဖြိုးမှုလုပ်ဆောင်သည့် NGO နှင့် လူ့အဖွဲ့အစည်းနှင့် လူ့ အခွင့်အရေးမြှင့်တင်ရေးလုပ် ဆောင်သည့် NGO ဟု အကြမ်း ဖျင်းအားဖြင့် ဆိုနိုင်သည်။

နိုင်ငံတကာ ဖွံ့ဖြိုးမှုအကူ အညီများကို ပြန်လည်စိစစ်ခြင်း မရှိဘဲ ပေးအပ်ခဲ့သည့်အတွက် အဆုံးအရှုံး များဖြစ်ခဲ့သည့် စီမံ ချက်များရှိခဲ့သည်။ ရှမ်းပြည်နယ် တောင်ပိုင်းမှ ကုန်းတွင်းပိုင်းကန် တစ်ခုဖြစ်သည့် အင်းလေးကန် ကယ်တင်ရေးလှုပ်ရှားနေသော ဒေသခံအင်န်ဂျီအိုအဖွဲ့တစ်ဖွဲ့က ယခုအခါ အင်းထဲနေ သူများကို အခြေပြုလှုပ်ရှားရန် ကြိုးပမ်းနေ သည်။

‘‘ယူအင်န်က လာကူနေတာ ဘယ်လောက်ကြာသွားပြီလဲ။ နှစ် တွေ မနည်းဘူး။ ငွေတွေသောက် သောက် လဲပေးတယ်။ ဘာမှဖြစ် မလာဘူး။ ဘာတစ်ခုမှ တိုးတက် မလာဘူး။ ငွေယူပြီး နားမလည်ဘဲ ကန်ကိုလျှောက်တူးတော့ ရေ လမ်းကြောင်းတွေပြောင်းပြီး နုန်း တွေပိုတင်လာတယ်။ ကန်က ပိုကော လာတယ်’’ဟု အင်းလေးကန် ကယ်ဆယ်ရေးဒေသခံလှုပ် ရှားမှုတွင် ပါဝင်ဆောင်ရွက်နေသူ ဦးစံအောင် က ပြောပြသည်။ ကန် အကြောင်းကျွမ်းကျင်သူ ဒေသခံ များ အင်းကို အမှီပြုနေထိုင်သူ များနှင့် ဆောင်ရွက်ခြင်းက ရေရှည် တည်တံ့သည့် နည်းလမ်းဖြစ် မည်ဟု သူက အကြံပြုသည်။

နိုင်ငံတကာ NGO အဖွဲ့မှ ကျွမ်းကျင်သူများအတွက် ယခု မေလအတွင်း ရန်ကုန်မြို့တွင် တိုက်ခန်းငှားခ တစ်လဒေါ်လာ ၄,၀၀၀ ရှိသည်ဟု ဆိုသည်။ ယင်း မှာ ပြီးခဲ့သည့်ခြောက်လ အတွင်း နှစ်ဆတက် သွားခြင်းဖြစ်သည်။ စီမံခန့်ခွဲမှုစရိတ်များအပါအဝင် နိုင်ငံတကာကျွမ်းကျင်သူများ အတွက် လစာ၊ အိမ်ငှားခ၊ ရုံးခန်း ခ၊ ကားငှားခ၊ နိုင်ငံတကာ NGO ဝန်ထမ်းများ ပုံမှန်တိုင်ပတ်စရိတ် (ဗီဇာအတွက် ပြည်ပထွက်ပြီး ပြန် ဝင်ရသည့်စရိတ်)တို့တွင် အသုံးပြုရန်လျာထားသော အလှူ ငွေ၏ အစိတ်အပိုင်းများစွာ ပါသွားခဲ့သည်။

သို့သော် ပြည်တွင်းက သင် ယူခွင့်၊ လေ့လာဆည်းပူးခွင့်မရခဲ့ သည့် ပညာများ၊ အတွေ့အကြုံ များကို စနစ်တကျဆည်းပူးခွင့်ရ သည်က အမြတ်ဟုပင် ဆိုရပေ ဦးမည်။ ပညာငတ်ခဲ့သော၊ အတွေ့ အကြုံငတ် ခဲ့ကြသောမြန်မာတို့ အတွက် နည်းအမျိုးမျိုးဖြင့်ရောက် လာသော နည်းပညာအကူအညီ များကို ရရာနည်း များဖြင့် ရယူနေ ကြရသည်။

နိုင်ငံတကာ NGO ဆိုသည် မှာ လာဘ်ပေးလာဘ်ယူမှုများနှင့် ပြည့်နှက်နေသည်ဟု သတ်မှတ် တံဆိပ် ကပ်၍မရသလို NGO ကို ပုံအော ယုံကြည်အားကိုးနေ၍ လည်းမရပါ။ ၂၀၁၃ ခုနှစ်အတွက် အအောင်မြင် ဆုံး NGO ၁၀၀ စာရင်းကို The Global Journal က ဖော်ပြထားရာတွင် ၎င်းတို့၏ လူထုလူနေမှုဘဝများကို လွှမ်းမိုး ပြောင်းလဲစေနိုင်မှုအပေါ် အကဲ ဖြတ်ထားသည်။ ၎င်းတို့အနက် သုံးပုံတစ်ပုံမှာ အမေရိကန်နိုင်ငံ တွင် အခြေစိုက်သည့် NGO များ ဖြစ်ပြီး နောက်သုံးပုံတစ်ပုံမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဒေသခံများ က ကိုယ်တိုင်တည်ထောင်ထား သည့် NGO များဖြစ်သည်။ ယင်း တို့အနက် အိန္ဒိယ၊ ဘရာဇီးနှင့် ကင်ညာနိုင်ငံဒေသခံ NGO တို့က ဦးဆောင်နေသည်။ ငွေကြေးများ စွာရင်းနှီးလှူဒါန်းကြသည့် အနောက်နိုင်ငံများထဲတွင် ဗြိတိန် နှင့် ဆွစ်ဇာလန်တို့ကသာ အဆိုပါ ၁၀၀ စာရင်းတွင် ရှေ့ကပြေးနေ ပြီး အလားတူငွေလုံးငွေရင်းပေး လှူကြသည့် ပြင်သစ်၊ ဂျာမနီတို့ ကမူ စာရင်းဝင်ရုံသာ ပါဝင်နေ သည် ကို တွေ့ရသည်။ ဆိုလို သည်က ငွေရင်းများစွာ လှူဒါန်း တိုင်းလည်း အကျိုးမဖြစ်ထွန်းပေ။

သို့ရာတွင် အစိုးရနှင့် ပုဂ္ဂလိ ကလုပ်ငန်းနှစ်ရပ်အကြားလွတ် နေသည့် ကွက်လပ်ကိုဖြည့်ပေး ရန်အတွက် NGO လုပ်ငန်းများ မရှိမဖြစ် လိုအပ်နေဦးမည်ဟု လူမှုရေးလေ့လာသူများက ဆို သည်။

စီးပွားရေးလုပ်ငန်းများ၏ လူမှုရေးတာဝန်မှာ အကျိုးအမြတ် တိုးမြှင့်ရရှိရေးဖြစ်သည်ဟု စီးပွား ရေးပညာရှင် မီလ်တန်ဖရီးဒ်မန်း က ပြတ်ပြတ်သားသားပင် ဆို သည်။ ထို့ကြောင့်ပင် ငွေအကျိုး အမြတ်မရှိသည့် ဝန်ဆောင်မှုများ ကို စီးပွားရေးလုပ်ငန်းများက မပေးကြပါ။ နိုင်ငံရေးပိုင်းတွင် လည်း ပြန်လည်ရွေးကောက် ခံနိုင် ရန်အတွက် ရေတိုအကျိုးသက် ရောက်မှုကို ပိုစိတ်ဝင်စားကြ သည့် နိုင်ငံရေးသမားက ရေရှည် လူမှုရေးပန်းတိုင်နှင့် သဟဇာတ ဖြစ်အောင် အစီအမံများချမှတ် ခြင်းနည်းပါးကြသည်။ ထို့အ တွက်ပင် ကိုယ်ထူကိုယ်ထ NGO များ မွေးဖွားလာကြသည်ဟုဆို သည်။

၁၉၇၀ ပြည့်နှစ်များတွင် Nike အမှတ်တံဆိပ် အားကစား ပစ္စည်းများထုတ်လုပ်သည့် ကုမ္ပဏီက ဘော လုံးနှင့် ဖိနပ်များကို တောင်ကိုရီးယားနှင့် တိုင်ပေတို့ တွင်ထုတ်လုပ်ခဲ့သည်။ သို့သော် လုပ်အားခဈေးနှုန်းများ တက်လာ သောအခါ နေရာပြောင်းတော့ သည်။ အထူးသဖြင့် အလုပ် သမားအဖွဲ့အစည်းများအားနည်း သည့် အလုပ်သမားသမဂ္ဂဖွဲ့စည်း ခွင့်ပိတ်ပင်ထားသည့် အင်ဒိုနီး ရှားနှင့် ဗီယက်နမ်နိုင်ငံများသို့ ပြောင်းရွှေ့ သွားခဲ့သည်။ များ မကြာမီ ယင်းစက်ရုံများတွင် ကလေးလုပ်သားများ အသုံးပြု ခြင်းကို မှတ်တမ်းများ တွင် တွေ့ လာရသည်။ Nike ကဥပဒေများ ကို ချိုးဖောက်ခြင်းမဟုတ်ဘဲ ယင်းနိုင်ငံများတွင်ရှိသည့် တည် ဆဲဥပဒေများအတိုင်း ဆောင် ရွက်ခြင်းဖြစ်သည်။ နိုင်ငံတကာ အလုပ်သမားအစည်းအရုံးက လည်း အကြံပြုနိုင်ရုံသာရှိပြီး နိုင်ငံ၏အချုပ်အခြာအာဏာကို ကျော်လွန်ဆောင်ရွက်၍မရဖြစ် လာသည်။ ယင်းနိုင်ငံအစိုးရများ ကလည်း စီးပွားရေးကို ဦးစားပေး ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန် အလုပ်သမား အခွင့်အရေးများကို ဖိနှိပ်ထား သည်။

ယင်းသို့သော အစိုးရနှင့် နိုင်ငံတကာက ကိုင်တွယ်ဆောင် ရွက်ခြင်းမရှိသည့် အနေအထား မျိုးတွင် NGO များက နေရာဝင် ယူလာရသည်။ ဗီယက်နမ်အလုပ် သမားစောင့်ကြည့်ရေးအဖွဲ့ကဲ့သို့ သော NGO က နိုင်ငံတကာလှုပ် ရှားမှုကင်မ်ပိန်းများပြုလုပ်ပြီး လူ အများသိလာအောင် ဆောင်ရွက် လာသည်။ အစိုးရ ဥပဒေကို ပြောင်းလဲအောင်လုပ်၍မရသော နေရာတွင် Nike ၏ ကုန်ပစ္စည်း များကို အလုပ်သမားအခွင့် အရေး ချိုးဖောက်မှုကြောင့် ဝယ်ယူအား ပေးခြင်းမပြုရန် ပညာပေးခြင်း များ နိုင်ငံတကာတွင် ဖြစ်ပေါ် လာသည်။ ယင်းလုပ်ရပ်တို့မှ တစ်ဆင့် ကုမ္ပဏီကြီးများ၏ အလုပ်သမားအခွင့်အရေးဆိုင်ရာ ဆောင်ရွက် ချက်များ အမူအကျင့် များကို ထိန်းကျောင်းတည့်မတ် လာနိုင်သည့် ဥပမာတစ်ခုဖြစ် သည်။

အစဉ်အလာအရ ရှိခဲ့သည့် မဏ္ဍိုင်လေးခုတွင် ယခုအခါ NGO ကို ထည့်သွင်းပြီး ပဉ္စမ မဏ္ဍိုင်အဖြစ် သတ်မှတ်လာကြ သည်။ နည်းပညာတိုးတက်လာမှု နှင့်အတူ NGO တို့ထဲတွင် ပွင့် လင်းမြင်သာမှု ပိုများလာနေသည် က ကောင်းသောလက္ခဏာတစ် ရပ်ဖြစ်သည်။ ရေတိုတွင် ပေါ်ပင် လိုအပ်ချက်အခြေ အနေကို အမှီ ပြုလှုပ်ရှားကြသည့် NGO များ ဆက်လက်ရှင်သန်နေဦးမည်ဖြစ် သော်လည်း အလှူရှင်ငွေများ ကို ဖောဖောသီသီသုံးပြီး နာမည် ကောင်းယူရုံမျှ လုပ်ဆောင်နေ သည့် အဖွဲ့အစည်းများ ရေရှည် မခံနိုင်တော့ဟု NGO ကို လေ့လာ သူများက ဆိုသည်။ ၎င်းတို့၏ လုပ်ရပ်များအပေါ် တိုင်းတာ သည့် နည်းလမ်းများက ပို၍ ကောင်းမွန်လာသည်။ လူကြား ကောင်းအောင် ရေးထားသည့် အစီရင်ခံစာများထက် စီမံချက် လုပ်ငန်းများ၏ ထိရောက်မှုပေါ် တွင်သာ မူတည်ပြီး ထောက်ပံ့ ငွေများရလာမည်ဖြစ်သည်။ ထို့ကြောင့် ထိရောက်မှုမရှိသော NGO အများအပြား ပျောက်ကွယ် သွားပေမည်။

မြန်မာနိုင်ငံတွင် လက်ရှိ နိုင်ငံတကာ NGO များအပြင် ပြည်တွင်း NGO များစွာပေါ် လာသည်။ လူထုအရေး ကို ဆောင်ရွက်ပေးနိုင်သည့် ကိုယ်ထူ ကိုယ်ထ NGO များကလည်း တစ်နိုင်တစ်ပိုင်ဝင်ထမ်းနေကြ သည်။ လူမှုရေးလုပ်ငန်းများတွင် အပြိုင်အဆိုင်ဝင်ရောက်လုပ်ကိုင် နေကြသည်။ နိုင်ငံတကာမှ အထောက်အပံ့များ ရရှိရေး အတွက်လည်း အပြိုင်အဆိုင်ဖြစ် နေသည်ဟု ဆိုသည်။

မည်သို့ပင်ဖြစ်စေ ကုန်ကျ စရိတ်များသော နိုင်ငံတကာ NGO နှင့် ကိုယ်ထူကိုယ်ထပြည် တွင်း NGO တို့က ရေရှည်တွင် လူထုလှုပ်ရှားမှုများ၊ နိုင်ငံ့အရေး လူမှုအရေးအရာတို့တွင် လူထု ပါဝင်လှုပ်ရှား လာရေးတို့အတွက် တွန်းအားပေးနေသည့် အင်အားများပင်ဖြစ်သည်။ အသီးအပွင့်ကို ရုတ်တရက် မမြင်ရသော်လည်း ပဉ္စမမဏ္ဍိုင်အဖြစ် အမြစ်တွယ် နိုင်ရန် အရေးကြီးသည်ဟုပင် ယူဆမိပါသည်။

7Day Daily
No.391 Tuesday, May 27, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...