Apple စမတ်နာရီအကြောင်း သင်သိထားသင့်သမျှ (၂)
Apple စမတ်နာရီ အကြောင်း သိထားသင့်သမျှ ဒုတိယ ပိုင်းမှာတော့ ဈေးနှုန်းနဲ့အတူ နာရီရဲ့ လုပ်ဆောင်ချက် အချို့ကို ဖော်ပြပေးထားပါတယ်။ အမေရိကမှာတော့ Apple watch တွေကို တခြားနိုင်ငံတွေထက် ပိုပြီးစောစော ဝယ်ယူ ရနိုင် မယ်လို့ မျှော်လင့်ရပါတယ်။
၆။ တန်ဖိုးအနည်းဆုံး Apple စမတ်နာရီရဲ့ တန်ဖိုး ဟာ အမေရိကန်ဒေါ်လာ ၃၄၉ ကစတင်မှာ ဖြစ်ပါ တယ်။ မော်ဒယ်တစ်မျိုးခြင်းစီရဲ့ ဈေးနှုန်းကတော့ မိတ်ဆက်ပွဲမှာပဲ သိနိုင်မှာ ဖြစ်ပါတယ်။ Apple watch တွေ အားလုံးဟာ တန်ဖိုးနည်း ဈေးနှုန်းနဲ့ ထွက်လာဖို့ မလွယ်ပါဘူး။
၇။ Apple စမတ်နာရီ မော်ဒယ်အားလုံးကို အရောင်နှစ်မျိုးနဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ရိုးရိုး Apple watch အတွက် ပုံမန်သံမဏိရောင်နဲ့ အနက်ရောင်သံမဏိ ဆိုပြီး အရောင် နှစ်မျိုးထွက်လာမှာပါ။ Sport type အတွက်တော့ ငွေရောင်နဲ့ မီးခိုးရောင် ထွက်လာမှာဖြစ်ပါတယ်။ Ediotion အမျိုးအစားကတော့ ၁၈ ကာရက်ရွှေပါဝင်တဲ့ ရွှေဝါရောင် နဲ့ ရွှေနီရောင်ဆိုပြီး နှစ်မျိုး ထုတ်လုပ်မှာ ဖြစ်ပါတယ်။
၉။ ကျန်းမာရေးအတွက်လည်း ဒီစမတ်နာရီကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာခြင်းနဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ထားနိုင်မှာ ဖြစ်ပါတယ်။ iPhone မှာပါဝင်တဲ့ ခြေလှမ်း လှမ်းတာကို ရေတွက်ပေးတဲ့ စနစ်လည်း ဒီနာရီမှာ ပါလာမှာ ဖြစ်ပါတယ်။ GPS တော့ ပါမှာ မဟုတ်ပါဘူး။ ဒါကတော့ စိတ်ပျက်စရာ ဖြစ်ပါတယ်။
၁၀။ တခြား Apple စမတ်နာရီပိုင်ရှင်နဲ့အတူ နှလုံးခုန်နှုန်း စတဲ့ ကျန်းမာရေး အချက်အလက်တွေ ကို ဝေမျှ နိုင်မှာ ဖြစ်ပါတယ်။
ဒီအချက်တွေကတော့ Apple watch ကိုတရားဝင်မိတ်မဆက် ခင်သိထားသမျှ အချက်အလက်တွေ ဖြစ်ပါ တယ်။ မသိသေးတာတွေလည်း အများကြီး ရှိနေပါတယ်။ ရောင်းချမယ့် ရက်အတိအကျကို မသိရသေးပါ ဘူး။ အရေးကြီးတဲ့ အပိုင်းဖြစ်တဲ့ နာရီမှာပါတဲ့ ဘက်ထရီက အချိန်ဘယ်လောက် သုံးနိုင်မယ် ဆိုတာလည်း မသိရသေးပါဘူး။
http://www.planet.com.mm
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) Facebook မွ Game Request မ်ားကို Block နည်း ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ ပူဒီနာ စားသင့်တဲ့အချက် ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေး
- (အနောကျသို့) မကြာခင်ရောင်းချတော့မည့် Apple စမတ်နာရီအကြောင်း သိသင့်သမျှ (၁) ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ ပူဒီနာ စားသင့်တဲ့အချက် ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေး